Read this document on Scribd: letter 1
မြန်မာနိုင်ငံလုံးဆိုင်ရာဒီမိုကရက်တစ်တပ်ပေါင်းစု All Burma Democratic Alliance ရဟန်းရှင်လူ၊ ကျောင်းသား/သူ ၊တိုင်းရင်သား ပြည်သူ အပေါင်းတို့ ခင်ဗျာ လွန်ခဲ့သော နှစ်၂၀ က (၈.၈.၈၈)ရက် အပါအ၀င် အရေးတော်ပုံရက်များအတွင်း ရဟန်းရှင်လူ၊ ကျောင်းသား၊ ကျောင်းသူ၊ တိုင်ရင်းသားပြည်သူပေါင်း (၃၀၀၀)ကျော်ခန့် ကျဆုံးခဲ့ရပါသည်။ နှစ် ၂၀ ပြည့်နှစ်ပတ်လည် ၂၀၀၈ သြဂုတ် ၈ ရက်နေ့တွင် ထိုကျဆုံးခဲသော အာဇာနည်တို့အားရည်စူး၍ ၀မ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင် သင်္ကေတများဆင်ယင်ခြင်း၊ အနက်ရောင် အင်္ကျီဝတ်ဆင်ခြင်းဖြင့် မိမိတို့၏ ဆန္ဒများကို ထုတ်ဖော်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြပါရန် ပန်ကြားပါသည်။ ကျွန်ုပ်တို့ နှင့် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းဆောင်းရွက်ရန် မြန်မာပြည် အတွင်းရှိ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကှို လေးနက်စွာ တိုက်တွန်းတောင်းဆိုလိုက်ပါသည်။ " သေနတ်သံ တစ်ချက်ဖေါက် ဒို့အရောက်လာမည်၊ တွဲထားလက်တွေ ခိုင်မြဲမည်။" တက္ကသိုလ်ကျောင်းသားသမဂ္ဂ (အောက်ဗမာပြည်) အခြေခံပညာကျောင်းသားသမဂ္ဂ (အောက်ဗမာပြည်)
No comments :
Post a Comment