ပြည်တွင်း အခြေအနေတွေက နောက်ဆုံးတိုက်ပွဲကြီးကိုဦးတည်နေပြီ
လီနင်ပြောသလိုပဲ အုပ်ချုပ်သူကလည်း ဒီအတိုင်းဆက်နေလို့ မရတော့ ဘူးလို့ သိတဲ့အခါ
အဖိနိပ်ခံတွေကလည်း ဒီစနစ်အောက်မှာ ဒီအတိုင်းဆက်နေလို့ မဖြစ်နိင်တော့ဘူးလို့ သိတဲ့အခါ မှာ တော်လှန်ရေးဆိုတာဖြစ်တာပဲတဲ့။ အခုမြန်မာပြည်မှာ နအဖ ကိုယ်တိုင်က
အပြောင်းအလဲလုပ်မှရတော့မယ်ဆိုတာတော့သိနေပြီ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲ နဲ့ 
ထွက်ပေါက်ရအောင်လုပ်လာတာပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလည်း
တွေ့ ဆုံဆွေးနွေးပွဲ ဆိုတာ မဖြစ်နိင်တော့ဘူးဆိုတာသိလာနေပြီ။
ပြည်သူလူထုမှာ ဘာစီးပွားရေမှမရှိတော့ဘူး။ အပြောင်းအလဲတခုခုတော့လို လာနေကြပြီ။
ဒီအခြေအနေတွေက လူထုအုံကြွမှုကိုဦးတည်နေပြီ။ ဒီအခြေအနေမှာ ငါဒို့ အနေနဲ့ 
သေနင်္ဂဗျူဟာ တရပ်အောက်မှာ ညီညီညာညာအလုပ်လုပ်ဖို့ လိုနေပြီ။
ငါဒို့ ဘာတွေလုပ်သင့်သလဲ
- လူထုအုံကြွမှုကိုဖေါ်ထုတ်ရမယ်။
- ပြည်တွင်းမှာ ကြားဖြတ်အစိုးရတရပ်ကိုဖွဲ့ စည်းနိင်အောင်ကြိုးပန်းရမယ်။
Wednesday, 27 August 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment