Sunday 31 August 2008

ဒေါ်စုတိုက်ပွဲသတင်း

ရန်ကုန်
သြဂုတ်- ၃၁

ဒေါ်အောင်ဆန်းစုကြည် အိမ်ကိုနအဖ က မတရားကန့် သတ်ချုပ်ချယ်မှုတွေလုပ်လာပါတယ်။ ဒါကြောင့်ဒေါ်စုက စတင်လှုပ်ရှားလာတဖြစ်ပါတယ်။
ဘာတွေကန့် သတ်လာလဲ
ဒေါ်ခင်ဝင်းကို အပြင်ထွက်ခွင့် ဆွေမျိုးသားခြင်းတွေနဲ့ တွေ့ ဆုံခွင့်ကို နအဖ က ပိတ်ပင်လာတယ်။ ဒေါ်ခင်ဝင်းဆိုတာကတော့ ဒေါ်စုနဲ့ အတူရှိနေတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဒေါ်စုအိမ်မှာဒေါ်စုနဲ့ အတူ အမျိုးသမီးအဖေါ် ၂ ဦး၊ စုစုပေါင်းသုံးဦးဖြစ်ပါတယ်။
သူတို့ သုံယောက်ကို စိတ်ပိုင်းဆိုင်ရာဒုက္ခပေးမှုတွေကိုနအဖက လုပ်နေပါတယ်။ ကိုမြင့်စိုးက သူတို့ သုံးယောက်ကို နေစဉ်ထမင်းစားစရာတွေကို ပို့ ပေးပါတယ်။ ဒေါ်ခင်ဝင်းက ထွက်ယူရသူဖြစ်ပါတယ်။အခုအခါမှာ နအဖ က ဒေါ်ခင်ဝင်းနဲ့ ကိုမြင့်စိုးထံမှ ထမင်းချိုင့်ကိုတိုက်ရိုက်ယူဆောင်ခွင့်မပြုတော့ပဲ ဒေါ်စုအိမ်မှာချထားတဲ့ လုံခြုံရေးအစောင့်တွေကမှတဆင့် ယူဆောင်လာရတဲ့အနေထားဖြစ်လာပါတယ်။ ဒေါ်စုထံမှအမှာစကားများကိုလည်း အစောင့်တွေမှတဆင့် ဖြတ်သန်းရသလိုဖြစ်လာပါတယ်။ ဒေါ်စုထမင်းချို င့်က ဒေါ်ခင်ဝင်းထံကို တိုက်ရိုက်မရောက်တော့တဲ့အတွက် နအဖမှ ဒေါ်စုအသက်ကို လုပ်ကြံနိင်တဲ့အနေထားလဲ

ဖြစ်လာနိင်ပါတယ်။

ဒါကြောင့်ဒေါ်စုက နဖအ ကိုတောင်းဆိုချက်တချို့ ကိုပြုလုပ်လာပါတယ်။

ဒါတွေကတော့

၁- ရှေ့ နေဦးကြည်ဝင်းနှင့် တွေ့ ခွင့်ပြုရန် - သူမကို မတရား ဖမ်းဆီးထားမှုကို တရားဥပဒေနဲ့ မညီတဲ့အတွက် ကန့် ကွက်ဆန္ဒပြလာပါတယ်။

၂- ဒေါ်ခင်ဝင်းကို ဆေးဝါးကုသခွင့် နဲ့ ဆွေမျိုးများနဲ့ တွေ့ ဆုံခွင့်ကိုပေးရန်

၃- အင်တာနက်သုံးစွဲခွင့်ပြုရန် ( ဒေါ်စုမှာလေဒီယိုအဟောင်းလေးတလုံးသာရှိပါတယ်။

သတင်းစာမရ၊ တယ်လီဗေးရှင်းမရှိပါ။ တယ်လီဖုန်းမရှိပါ။ )

( မန်ဒဲလား ရောဘင်ထောင်တွင်ကျနေစဉ်မှာ တယ်လီဖုန်း- Fax စာအုပ်ဖတ်ခွင့်များရနေပါတယ်။ မန်ဒဲလားမွေးနေ့ ပွဲကိုပင် ထောင်နပ်စ်မများက ပြုလုပ်ပေးကြပါတယ်။ )

ဒေါ်အောင်ဆန်းစုကြည်ကသူတောင်းဆိုချက်တွေ ကိုမလိုက်လျောဘူးဆိုရင် ထမင်းပို့ နေတာတွေကို လက်မခံတော့ပဲ စတင်တိုက်ပွဲဝင်လိုက်ခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကျမာရေး၊နောက်ဆုံးဘာဖြစ်နေလဲဆိုတဲ့အခြေအနေတွေကို ကျနော်တို့ ဘာသတင်းမှာ အတိအကျရပဲဖြစ်နေပါတယ်။ သူမ နဲ့  သူမရဲဘော်အမျိုးသမီး ၂ဦးအတွက်ကျနော်တို့ အထူးစိုးရိမ်နေမိပါတယ်။

ညီအကိုမောင်နှမအပေါင်းတို့  ဒီနေ့ အထိ ဒေါ်စု တိုက်ပွဲ ဟာ အာဏာဖီဆန်ရေး အတွက် တပ်လှန့် လိုက်တဲ့ အမြောက်သံဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့  0ne Voice- One Goal – တသံထည်း - ရည်မှန်းချက်တခုတည်း စတင်တိုက်ပွဲဝင်ကြပါစို့ ။

No comments :