Monday, 4 August 2008

၈ ရက်၊ ၈ လ၊ ၈၈ အထိမ်းအမှတ် အနီရောင်လှုပ်ရှားမှု စပြီ






၈ ရက်၊ ၈ လ၊ ၈၈ အထိမ်းအမှတ် အနီရောင်လှုပ်ရှားမှု

သြဂုတ်လ၊ ၂ ရက်၊ ၂၀၀၈ခုနှစ်

တိုင်းရင်းသားမိဘပြည်သူများနှင့်မျိုးဆက်သစ်ကျောင်းသားလူငယ်များခင်ဗျား

ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ရက်နေ့တွင် ပေါ်ပေါက်ခဲ့ ရသော ၈လေးလုံး လူထုအရေးတော်ပုံကြီးအား အာဏာရှင်အစိုးရမှ ရက်ရက်စက်စက် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းကို အထူးဝမ်းနည်းကြေကွဲစွာ အောက်မေ့သတိရခြင်းထိမ်းအမှတ်နှင့် တချိန်ကသွေးချောင်းစီးခဲ့ရသော ပုံရိပ်များကို ယနေ့ခေတ် မျိုးဆက်သစ်လူငယ်များခံစားသိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့ သြဂုတ်လ ၂ရက် ၂၀၀၈ မှစပြီး ရန်ကုန်မြို့နှင့်နိုင်ငံတ၀န်းလုံးရှိ ဒေသများတွင် အနီရောင်ဆေးများပက်ဖြန်းမှုကိုလှုပ်ရှားလုပ်ဆောင်နေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ယခုကဲ့သို့လုပ်ဆောင်လှုပ်ရှားမှုသည်အာဏာရှင်အဆက်ဆက်မှမည်သို့ပင်ဖိနှိပ်ချေမှုန်းသော်လည်းကျွန်ုပ်တို့ မျိုးဆက်သစ်လူငယ်များမှ
ခေါင်းငုံ့ခံနေမည်မဟုတ်ပဲကျွန်ုပ်တို့ပြည်သူများအားလုံးအတွက် တရားမျှတ၊လွတ်လပ်၍ ပျော်ရွှင်သာယာဖွယ်ဘ၀များရရှိခံစားနိုင်မည့်
ဒီမိုကရေစီနိုင်ငံသစ်ကြီးပေါ်ပေါက်ရေးအတွက် အသက်သွေးချွေးစတေးပေးဆပ်၍ ဆက်လက်တော်လှန်တိုက်ပွဲဝင်နေကြောင်း
သက်သေပြခြင်းလည်းဖြစ်ပါသည်။အာဏာရှင်အုပ်ချုပ်သူများအနေဖြင့် မတရားဖမ်းဆီးမှုများ အမြဲမပြတ်လုပ်ဆောင်နေသော်လည်း
ကျွန်ုပ်တို့လူငယ်များ၏ တော်လှန်ရေးစိတ်ဓါတ်ကိုချိုးနှိမ်နိုင်မည်မဟုတ်ကြောင်းသိစေအပ်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံတ၀န်းလုံးရှိ အခြားသော တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများ၊ မျိုးဆက်သစ်ကျောင်းသားလူငယ်များ
ကိုလည်း ကျွန်ုပ်တို့နှင့်အတူလက်တွဲ၍ မိမိတို့တတ်နိုင်သမျှ ပူးပေါင်းပါဝင် ကူညီလှုပ်ရှားပေးကြပါရန်လည်း အထူးလေးစားစွာဖြင့်
တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။




Rest of your post

No comments :