Sunday, 24 August 2008
အောင်သောင်းက ဘဏ္ဍာရေးလုပ်ငန်းများကို လေးတန်းအောင်ရုံနှင့် လုပ်နိုင် ဆိုဘဲ
NEJ/ ၂၁ သြဂုတ် ၂၀၀၈
ဘဏ္ဍာရေးလုပ်ငန်းဆိုသည်မှာ (၄) တန်းအောင် အရည်အချင်းရှိလျှင်ပင် လုပ်ကိုင်၍ရကြောင်း၊ ရှေးက ဘုရားပုထိုးများ စနစ်တကျ တည်နိုင်ခဲ့သည့် အနော်ရထာဘုရင်သည် မည်သည့် တက္ကသိုလ်မှ တက်ခဲ့သူမဟုတ်ကြောင်း နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း မကြာခင်က ပြောခဲ့သည်။
နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန ဘဏ္ဍာရေးအရာရှိများ တက်ရောက်သည့် နေပြည်တော် သင်တန်းဖွင့်ပွဲတခုတွင် ယခုကဲ့သို့ ၀န်ကြီး ဦးအောင်သောင်းက ပြောခဲ့ခြင်းဖြစ်သည်ဟု အရာရှိ များက ပြောသည်။ ၀န်ကြီးဦးအောင်သောင်းစကားကြောင့် အဆင့်မြင့်ဘဏ္ဍာရေးဆိုင်ရာဘွဲ့များ ရအောင် ကြိုးစားထားသည့် နေပြည်တော်ဘဏ္ဍာရေးအရာရှိများ မကျေမနပ်ဖြစ်နေသည်ဟု သိရသည်။
Rest of your post
at
08:49
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment