Thursday, 28 August 2008

ထိုင်းနိင်ငံလူထုလှုပ်ရှားမှု သင်္ခန်းစာများ



ဘန်ကောက်သြဂုတ်-၂၉
ထိုင်းနိင်ငံမှာ လူထုလှုပ်ရှားမှုကြီးပြန်ဖြစ်နေတယ်။သန်းနဲ့ ချီတဲ့လူတွေဟာအစိုးရအဆောက်အဦးကိုသိမ်းပိုက်လိုက်ကြတယ်။ ထိုင်းဝန်ကြီးချုပ်ဆမတ်ကိုနှုတ်ထွက်ပေးဖို့ တောင်းဆိုနေတယ်။ ဆန္ဒပြသမားတွေက မြန်မာ တွေလို မဟုတ်ဘူး လက်နက်တချို့ ကို သူတို့ ကိုသူတို့ ခုခံဖို့ ကိုင်ဆောင်ထားတယ်။ဥပမာ တုတ်တွေ၊ ဂေါက်ရိုက်တန်တွေကိုသုံးကြတယ်။ ဆန္ဒပြပွဲကိုနိမ်နင်းဖို့ လာတဲ့ရဲတွေကိုခုခံလိုက်တယ်။ ရဲတွေပြန်ဆုတ်သွားရတယ်။ ဆန္ဒပြပွဲကိုဦးဆောင်တဲ့ ပီဒီအေ အဖွဲ့ က အောင်ပွဲခံအခန်းအနားကိုကျင်းပကြတယ်။ ရော့ခ်ဂီတတွေကို သီဆိုတီးခတ်ကြတယ်။ အစိုးရအဖွဲ့ က နှိမ်နင်းကောင်းနှိမ်နင်းလာနိင်သေးတယ်။သတိထားကြလို့ ဆန္ဒပြပွဲကိုဦးဆောင်တဲ့ခေါင်းဆောင်တွေက လူထုကို အသိပေးထားတယ်။
ထိုင်းနိင်ငံဆန္ဒပြပွဲကိုကြည့် ရင်
၁- ဦးဆောင်မှု-
ဆန္ဒပြပွဲကိုဦးဆောင်တဲ့ခေါင်းဆောင်ရှိတယ်။ ခေါင်းဆောင်က ချန်မလောင်း၊ လူလေးစားရိုသေတဲ့ခေါင်းဆောင်တဦးဖြစ်တယ်။ သူက ဗိုလ်မှုးချုပ်ဟောင်းတဦးဖြစ်ပြီးနိုင်ငံရေးသမားတယောက်လည်းဖြစ်တယ်။ သူအဖွဲ့ က ပီဒီအေဖြစ်တယ်။ ကျနော်တို့ မှာ အန်အဲလ်ဒီ စီအီးစီရှိတယ်။ဒါပေမဲ့ ဦးမဆောင်ဘူး။ ဦးဆောင်အဖွဲအစည်းတရပ်ကိုလျို့လ်ဝှက် တည်ဆောက်ဖို့ လိုနေတယ်။
၂- မဟာဗျူဟာ အချက်အခြာနေရာ
ဆန္ဒပြပွဲတခုမှာ လူထုတွေစုရုံးနိင်တဲ့နေရာတခုရှိဖို့ လိုတယ်။ ၈၈ က မြို့ တော်ခန်းမကိုသုံးတယ်။ ထိုင်းတွေက အစိုးရအဆောက်အဦးကိုသိမ်းပိုက်နိင်တယ်။ ဆူဟာတိုကိုဖြုတ်ချတဲ့လူထုလှုပ်ရှားမှုတုံးကလည်းအင်ဒိုနီးရှားပါလီမာန်ကိုလူထုကသိမ်းထားလိုက်တယ်
ရွေဝါရောင်လှုပ်ရှားမှုတုံးကသံဃာတွေကလူထုကို စုစည်းထားနိင်တဲ့နေရာကို မတည်ဆောက်နိင်ခဲ့ကြဘူး။

၃- အကြမ်းဖက်မှု -
လိုအပ်တဲ့အခါမှာဆန္ဒပြပွဲအတွင်းအကြမ်းဖက်ဆန္ဒပြမှုဟာမလွဲမသွေလိုအပ်တယ်။ မြန်မာတွေက ဒီလိုအကြမ်းဖက်ရင် နအဖ က အပြစ်ပြောတာကို သိပ်ထည့် တွက်လွန်းတယ်။ ဒါမှားတယ်။ ထိုင်းနိင်ငံဆန္ဒပြပွဲမှာလူထုက အစိုးရအဆောက်ဦးကိုသိမ်းတဲ့နေရာမှာ တုတ်တွေ ၊ ဂေါက်ရိုက်တန် တွေ ဘော့စ်ဘောရိုက်တန်တွေကိုသုံးခဲ့ကြတယ်။ ဒါမှန်တယ်။
၎- အစိုးရ ဆက်သွယ်ရေးကို ဖြတ်တောက် ခြင်း
ဆန္ဒပြပွဲဖြစ်လာတာနဲ့  အစိုးရယန္တရားတွေရပ်တန့် သွားအောင်လုပ်ဖို့ သိပ်ကိုအရေးကြီးတယ်။ အစိုးရယန္တရားတွေကို ဖြတ်တောက်ြ ပစ်ဖို့ လိုတယ်။ ထိုင်းတွေက အဝေးပြေးကားလမ်းကိုပိတ်ဆို့လိုက်တယ်။ အစိုးရရုံးတ၀ိုက်လမ်းတွေကို သိမ်းပိုက်ထားတယ်။ ပိတ်ဆို့ထားလိုက်တယ်။ အလုပ်သမားတွေ၊ ၀န်ထမ်းတွေကို ဆန္ဒပြပွဲပါအောင်စည်းရုံးရတာခက်တယ်။ ဒီတော့ အလုပ်မသားတွေဝန်ထမ်းတွေအလုပ်မဆင်းနိုင်အောင် လမ်းတွေကို ဖြတ်တောက်တဲ့နည်းဟာအလွန်ကိုလိုအပ်တယ်။ ၈၈လှုပ်ရှားမှုကြီးအစပိုင်းတုံးက အလုပ်မဆင်းကြပါနဲ့ လို့ လှုံ့ဆော်တာမရဘူး။ ဒီတော့ ကျနော်တို့ က ရန်ကုန်မြို့ ပတ်ရထားလမ်းက မီးရထားသံလမ်းတွေကို မူလီတွေဆွဲဖြုတ်ပြီး ရထားလမ်းကိုဖြတ်တောက်လိုက်တော့ရထားရပ်သွားတယ်။ အလုပ်သမားတွေအလုပ်မဆင်းနိင်တော့ဘူးဖြစ်သွားတယ်။ ဒီတော့ဆန္ဒပြပွဲထဲကိုသူတို့ ပါဝင်လာကြတယ်။
၅ - ဆက်သွယ်ရေးစနစ်တည်ဆောက်ခြင်း
ဆန္ဒပြပွဲဖြစ်လာရင် ဦးဆောင်သူတွေကြားမှာ ဆက်သွယ်ရေးစနစ် ကိုအဆက်မပြတ်တည်ဆောက်နေဖို့ လိုတယ်။ဆဲလ်ဖုံးတွေမရှိဘူး။ ဒီတော့ မက်စင်ဂျာတွေသုံးခဲ့တယ်။ သူတို့ က စက်ဘီး၊ကား၊ ဆိုင်ကယ်တွေကိုသုံးပြီး ရန်သူလှုပ်ရှားမှုကို အဆက်မပြတ် ကျနော်တို့ ကို သတင်းပို့ ပေးနေတယ်။ ထိုင်းနိင်ငံမှာတော့ ဆက်သွယ်ရေစနစ်က ကောင်းတယ်။ ဆဲလ်ဖုန်းအင်တာနက်တွေကိုသုံးပြီးဆန္ဒပြသမားတွေက လှုပ်ရှားမှုဖြစ်ပေါ်တိုးတက်မှုကို ကြီးကြပ်ပေးနေနိင်တယ်။ ထိုင်းနိင်ငံလူထုလှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့် ပြီး ကျနော်တို့ ပြည်တွင်းမှာလဲ လူထုလှုပ်ရှားမှုကိုထပ်မံဖေါ်ထုတ်ရမယ်။




No comments :