Tuesday, 5 August 2008

တရုတ်ပြည်အိုလံပစ် ပွဲရဲ့ အားကစား နည်းများ

ရေကူးပြိုင်ပွဲ အတွက် မိုးပျံ ကမ္ဘာ့အဆင့်လွန်ရေကူးကန်
ငါလဲ လှော်ချင်တာလှော် နင်လဲ လှော်ချင်တာလှော် အမျိုးသမီး နှစ်ဦးတန်း လှေပြိုင်ပွဲ
နင် မသေရင် ရွှေ တံဆိပ် အတိအကျပဲ ဆိုတဲ့ မီတာ တစ်ရာ ရေကူးပြိုင်ပွဲ
ပြေးစမ်းလွတ်အောင် ဒူးမချောင်နဲ့ ဆိုတဲ့ မာရသွန် အခင်းအကျင်း
နေရာအခက်အခဲကြောင့် အလွတ်တန်းသေနတ်ပစ်ပြိုင်ပွဲနဲ့ ရေခဲပြင်နှင်းလျှောစီးပွဲ (လွဲအောင်ပစ်တဲ့ကောင် က နောက်ထပ် နှင်းလျှော စီး ပွဲဝင်ရမည်)
ကိုယ်ခံပညာ ရှင်များအတွက် လင်းရောင်ခြည် ကျားစာဖြစ်မလား ဂလက်ဒီရေတာရဲ့ ဓါးစာမိမလား ရင် တသပ်သပ်နဲ့ မျှော်.....
လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ ဒိုင်းနမိုက် မကွဲခင် အရင်ရောက်တဲ့အဖွဲ့  က ရွှေ တံဆိပ်ကျိန်းသေတယ်
ကိုယ့်ကိုယ်ကိုယ် သတ်သေနည်းအသစ်ကိုပါ တပါတည်းတီထွင်လိုက်နိုင်တဲ့ သံလုံးပစ်ပွဲ
ဒါးသိုင်း ပညာတွေက ခေတ်ကုန်ပြီ လွှသိုင်းပညာနဲ့ ခါးလည်က ဖြတ်နိုင်တဲ့ကောင် ကို မော်စီတုံး ပုံလက်ဆောင်ပေးမယ် (အပိုဆု)
ဂျွမ်းဘားမယ်လေးတွေ အတွက် ရတက်မအေးမဖြစ်ပါနဲ့ ပြုတ်ကျလို့မသေနိုင်ပါဘူး ကြိုးပေါ်ရောက်ကတည်းက မာလက ပြီးသားပါ
ဝါးလုံးထောက်ခုန်ပြိုင်ပွဲ အတွက် အထူး ပြန်လည်တည်ဆောက်ထားတဲ့ ယဉ်ကျေးမှုတော်လှန်ရေး အကျဉ်းစခန်း တခု က ၀ါးလုံးထောက်ခုန်လာတဲ့ အားကစားသမား
ခြေချော် ကြိုးလွဲ လို့ ပဲဖြစ်ဖြစ် ပြုတ်ကျလို့ ပဲဖြစ်ဖြစ် ဓါးနဲ့ ထိုးမိခုတ်မိလို့ ပဲဖြစ်ဖြစ် အားကစားသမားအဖြစ်က
တသက်တာ ပင်စင် ပါ ရသွားနိုင်တဲ့ ဓါး သိုင်း တမျိုး

No comments :