Tuesday 2 September 2008

၈၈ ခေါင်းဆောင်များကိုဒီနေ့ ရုံးထုတ်

ရန်ကုန်
စက်တင်ဘာ ၂ ရက်

ဒီနေ မနက် ၈၈ ကျောင်းသားခေါင်းဆောင်တွေကို အင်စိန်အထူးတရားရုံး မှ ရုံးထုတ်လာပြီဖြစ်ပါတယ်။ ရုံးထုတ်လာတဲ့ကျောင်းသားခေါင်းဆောင်များမှာ မင်းကိုနိင်၊ ကိုဂျင်မီ ၊ကိုကိုကြီး ၊ကိုမင်းဇေယျ ၊ကိုလှမျိုးနောင်
ကို ဌေးကြွယ် ၊ကိုပန်တိတ်ထွန်း၊ ကိုမြအေး နဲ့ မမီးမီး တို့ အပါအ၀င် ကျောင်းသားပေါင်း ၃၀ ခန့် ရှိတယ်။အားလုံးကိုလက်ထိပ်ခတ်ထားတယ်။ သူတို့ က လက်ထိပ်ခတ်ရင် မထွက်ဘူးလို့  အခြေအတင်ဖြစ်ရတယ်။ နောက်ပိုင်းမှာ သူတို့ တောင်းဆိုချက်ကို ထောင်အာဏာပိုင်တွေကလိုက်လျောတယ်။ သူတို့ ကို တီ ၂၀၀၀ ကားနဲ့ နစ်ယောက်တတွဲ၊ သုံးယောက်တတွဲထပ်ထုတ်တယ်။ အင်စိန်ထောင်ထဲမှာပဲရှိတဲ့အထူးခုံရုံး ကိုထုတ်လာကြတယ်။ သူတို့ ကိုပုံမှန်ရုံးထုတ်ချိတ်မဟုတ် ပဲ ညနေဖက်ကျမှ ရုံးထုတ်လာတာဟာ ထူးခြားနေပါတယ်။ ရှေ့ နေနဲ့ တွေ့ ခွင့်မရဘူး။ ရမန်ယူတာပဲဖြစ်တယ်။ သူတို့ ကို စက်တင်ဘာလ ၄ ရက်နဲ့  ၆ ရက်မှာ ထပ်မံ ရုံးထုတ်ဦးမှာဖြစ်တယ်။
သူတို့ မိသားစုတွေက တနေ့ လုံးလာစောင့်နေကြသော်လည်း အာဏာပိုင်များကတွေ့ ခွင့်မပေးဘူး ။ ကိုမြအေးက - ငါတို့ မှာ အမျိုးတွေနဲ့ ဒီအချိန်ပဲ တွေ့ နိင်ခွင့်ရတာ မင်းတို့ မတရားမလုပ်နဲ့ 
လို့ ပြင်းပြင်းထန်ထန်ကန့် ကွက်မှ နောက်ဆုံး ထောင်အာဏာပိုင်တွေက တွေ့ ခွင့်ပေးလိုက်တယ်။ ခဏ ပဲဖြစ်ပါတယ်။

Rest of your post

No comments :