Tuesday 9 September 2008

လှည်းတန်း တွင်ကားတစ်စီးပေါက်ကွဲ




















၉၊၉၊၂၀၀၈
ရန်ကုန်
ယနေ့ နေ့လည်၁၁နာရီခွဲခန့်ကရန်ကုန်မြို့ လှည်းတန်းလမ်းဆုံအနီးတွင်၄၅ ယာဉ်လိုင်းဘတ်စ်ကား
တစ်စီး စီအန်ဂျီတိုင်ကီပေါက် ပြီးလူနှစ်ယောက် သေဆုံး၊ခရီးသည်အများအပြားဒဏ်ရာရရှိသွား
ကြောင်းသတင်းရရှိပါတယ်။ဘတ်စ်ကားမှာCNGဓါတ်ငွေ့ ဖြင့် ပြေးဆွဲနေသဖြင့် ဓါတ်ငွေ့  အိုးပေါက်ကွဲခြင်းကြောင့် အပြစ်မဲ့စပါယ်ယာတစ်ဦး နဲ့ခရီးသည်တစ်ဦး သေဆုံးသွားခဲ့ ပြီး ခရီးသွားလုပ်သားပြည်သူများ ဒဏ်ရာ ပြင်းထန်စွာ ရသွားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ လမ်းပမ်းဆက်သွယ်ရေး စနစ်ခေတ်နောက်ကျ မှုကြောင့် ပြည်သူလူထုကြီး ဟာ နေ့စဉ်နဲ့အမျှ
ခရီးသည်တင်ကား စီးနေရတာဟာ နအဖ တင်ဆောင်ထားတဲ့  ဗုံးတွေ တပ်ထားတဲ့ ကားတွေပေါ်က
တန်ဆာခံတွေဖြစ်နေကြရပါတယ်။

အဲသလို သည်ယူပို့ ဆောင်ရေး ခေတ်နောက်ကျ ပြီး လူတွေ ထူပြော ကျပ်တင်းနေအောင် စီးကြရတဲ့အတွက်
တခုခုဖြစ်ပြီဆိုလျှင် အစုလိုက်အပြုံလိုက် ဒဏ်ရာ ရ သေဆုံးနိုင်ပါတယ်။

တကယ်တော့ နအဖ ကိုယ်တိုင် ဟာ ပြည်သူလူထု ဘ၀လုံခြုံရေး ၊ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေး အခြေခိုင်ရေး ဆိုတာ ကိုလျစ်လျှူရှုတဲ့အပြင် စနစ် မကျ စံချိန်မမှီတဲ့ နည်းပညာတွေနဲ့ တပ်ဆင်ထားတဲ့
quality control ဆင်းရဲတဲ့ လောင်စာ စနစ်တွေနဲ့ လုပ်သားပြည်သူလူထုကြီးအသက်ကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်နေတာအတွက် ဒီပေါက်ကွဲမှု ဟာ သက်သေပြလိုက်သလိုပါပဲ။

မိမိတို့ တိုင်းပြည်ရဲ့ ချွတ်ချွံကျတဲ့ ကုန်းလမ်းပို့ ဆောင်ရေးစနစ်ကြောင့် ဗုံးအလုံးပေါင်းမြောက်များစွာကို နအဖ စစ်အာဏာရှင်ဟာ တမင် သက်သက် တာဝန်မဲ့ ထောင် ထား ပြီး အပြစ်မဲ့ပြည်သူတွေ ကိုလျစ်လျူရှုကာ ဘယ်သူ သေသေ ငတေမာပြီးရော လုပ် နေသည့်ကိစ္စများသည် တိုင်းရင်းသားပြည်သူ တရပ်လုံးအတွက် ထိခိုက်နစ်နာရတဲ့ကိစ္စဖြစ်ပါတယ်။

http://myanmardating.ning.com/photo မှ ဓါတ်ပုံရရှိပါသည်။






No comments :