Friday 5 September 2008

အမေရိကန် နိုင်ငံ၏ စီးပွားရေးအခြေအနေ နှင့် သိကောင်းစရာ တစေ့တစောင်း













အလုပ်လက်မဲ့အများဆုံးဖြစ်ခဲ့ကြသောအမေရိကန်မော်တော်ကားထုတ်လုပ်သူအလုပ်သမားများ

-မြတ်စိုး-

ဒီနေ့ အမေရိကန် နိုင်ငံ အလုပ်သမားရေးရာဌာန ကနေ နိုင်ငံအတွင်း ကုန်ဈေးနှုံးအခြေအနေ နှင့်အလုပ်သမား ရေးရာဆိုင်ရာအခြေအနေ လစဉ်အသေးစိတ်သုံးသပ်ချက် ကိုထုတ်ပြန် ခဲ့ပါတယ်။ ဒီထုတ်ပြန်ကျေညာချက် ထဲမှာတော့ အမေရိကန်၏ အလုပ်လက်မဲ့ဦးရေဟာ ၅ နှစ်တာ အတွင်း အမြင့်ဆုံးအခြေအနေ ရောက်ရှိခဲ့တာ ကြောင့် အစိုးရိမ်ဆုံး အခြေအနေဖြစ်နေပါတယ်။

အမေရိကန် နိုင်ငံမှာ သြဂုတ်လ တလထဲမှာတင် အလုပ်သမား ၈၄,ဝ၀၀ ခန့် ၀င်ငွေဆုံးရှုံး အလုပ်လက်မဲ့
ဖြစ်ခဲ့ရ တယ်။ ဇူလိုင်မှာ ၆၀,၀၀၀၊ ဇွန်လမှာ ၁၀၀,၀၀၀ ပါထည့်ပေါင်းရင်တော့ ဒီနှစ်ထဲမှာပင် အလုပ် ဆုံးရှုံသူ ဦးရေစုစုပေါင်း ၆၀၅,၀၀၀ ဦးရေရှိခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သြဂုတ်လ အလုပ်အကိုင်ဆုံးရှုံးမှုတွေထဲမှာ မော်တော်ကားထုတ်လုပ်သော ဖို့ဒ်ကုမ္ပဏီ (Ford Motor Co )၊ ၀ါကိုဗီးယားကုမ္ပဏီ (Wachovia Corp )၊တိုင်ဆင်အစားအသောက် ကုမ္ပဏီ( Tyson Foods Inc) ၊ အဲလ်ကိုအာ ကုမ္ပဏီ ( Alcoa Inc) များ၏ အလုပ်အကိုင်လျှော့ချခဲ့မှုတွေကြောင့် ဖြစ်ခဲ့ရတယ်။

ဒီအစီရင်ခံထဲမှာ သြဂုတ်လ၏အလုပ်လက်မဲ့ဦးရေ နှုံးဟာ ၆.၁ ရာခိုင်နှုန်း ရှိတာကြောင့် ဇူလိုင်မှာရှိခဲ့တဲ့ ၅.၇ ရာခိုင်နှုန်းထက်ပိုမိုကျော်လွန်နေတာတွေ့ရပါတယ်။ ၂၀၀၈ ခုနှစ် တနှစ်ထဲမှာ တင် အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေဟာ ၂.၂ သန်းကျော်ရှိနေပြီး အမေရိကန်အလုပ်သမားတွေ အများအပြားအလုပ်အကိုင် ဆုံးရှုံးနေကြတယ်။

အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ အရေအတွက်ရာခိုင်နှုန်း ၆.၁ ရှိတာကြောင့် အမေရိကန်နိုင်ငံ၏ အလုပ်လုပ်သူ စုစုပေါင်း ၁၅၄.၉ သန်း အနက် အလုပ်လက်မဲ့ဦးရေဟာ ယခုအခါ ၉.၉ သန်းကျော် ဖြစ်နေလို့ အမေရိကန်အစိုးရ အနေဖြင့်အမေရိကန်လူမျိုးတွေ အတွက် အဓိကဖြေရှင်းကူညီပေးရမည့် အနေအထားကို ရောက်ရှိနေပါတယ်။ မနှစ်က အလုပ်လက်မဲ့ အရေအတွက်ဟာ ၇.၁ သန်းကျော်သာရှိခဲ့ပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်းဟာ ၂၀၀၇ ခုနှစ်မှာ ၄.၁ ရာခိုင်နှုန်းကနေ ၂၀၀၈ ခုနှစ် မှာ ၆.၂ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ဒီလိုမြင့်တက်ရတာဟာ စွမ်းအင်လောင်စာဆီ နှင့် ဓာတ်ဆီဈေးနှုန်းတွေ
မြင့်တက်ခဲ့ တာကြောင့်ဖြစ်ပါတယ်။ စွမ်းအင်လောင်စာဆီ ဟာ ၂၀၀၇ မှာ ၁၇.၄ ရာခိုင်နှုန်းတက်ပြီးနောက် ၂၀၀၈ မှာ ၃၃.၁ ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပြီး၊ ဓာတ်ဆီဈေးနှုန်းဟာ ၂၀၀၇ ခုနှစ်မှာ ၂၉.၆ ရာခိုင်နှုန်း တက်ပြီးနောက် ၂၀၀၈ မှာ ၃၅.၂ ရာခိုင်နှုန်းထိထပ်မံမြင့်တက်ခဲ့တာတွေ့ရပါတယ်။

ပျှမ်းမျှလစာဟာ တနာရီ ၁၈ ဒေါ်လာ ရှိပြီး၊ ၃.၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုဟာ ၅.၇ ရာခိုင်နှုန်းရှိခဲ့တာကြောင့် သိသိသာသာတိုးတက်မှုမရှိတာ တွေ့ခဲ့ရတယ်။ အမေရိကန် အစိုးရကတော့ အနိမ့်ဆုံးလုပ်ခကို အဆင့် ၃ ဆင့်တားပြီး တိုးမြင့်ပေးခဲ့တယ်။

3 step increase is scheduled as follows:

$5.85 - Summer of 2007
$6.55 - Summer of 2008
$7.25 - Summer of 2009

အိမ်ပိုင်ဆိုင်သူတွေဟာ အလုပ်လက်မဲ့ဖြစ်ခဲ့တာကြောင့် အိမ်လခမပေးနိုင်လို့ အိမ်ပိုင်ဆိုင်မှု ဆုံးရှုံးနေရသလို၊ အိမ်ဈေးနှုန်းဟာ လည်း ကျဆင်းနေပြီး၊ ဒီလိုကျဆင်းမှုကြောင့်
အိမ်ပိုင်ဆိုင်သူတွေဟာ စုစုပေါင်း ၁.၂ ထွီလီယံ နစ်နာဆုံးရှုံးနေကြတယ်။ ကယ်လီဖိုနီးယားပြည်နယ်မှာတော့ အိမ်ဈေးနှုန်းဟာ ပျှမ်းမျှ ၁၆ ရာခိုင် နှုန်းထိတောင်ကျဆင်းသွားခဲ့တယ်။ တချို့ နေရာတွေမှာ ၃၀ ရာခိုင် နှုန်းထိတောင်ကျဆင်းနေတယ်။

အိမ်ပိုင်ဆိုင်သူတွေဟာ ၂၀၀၈ မှာ ၁ သန်းကျော်ပြန်လည်အပ်နှံခဲ့ကြပြီး၊ ရှေ့ နှစ် မှာ ၁.၄ သန်းကျော် ပြန်လည်အပ်နှံဖိုရှိတယ်လို့ အမေရိကန် မြို့နယ်အုပ်ချုပ်ရေးမှူးများ အစည်းအဝေး ထုတ်ပြန်ကျေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီနှစ်မှာ အမေရိကန်သမ္မတ ဂျော့ဘုရှ်က အစိုးရကို အခွန်ဆောင်ထားသူ မည်သူမဆို တဦးလျှင် ဒေါ်လာ (၆၀၀) (သို့) တမိသားစုလျှင် ဒေါ်လာ (၁၂၀၀) ပြည်လည်ပေးခဲ့ပြီး၊ အခုလည်းနောက်ထပ်
ငွေကြေးကူညီ ထောက်ပံ့ ပေးဖို့ ဒီမိုကရက်တစ်နှင့် ရီပါပလက်ကန် ပါတီခေါင်းဆောင် တချို့တွေက တောင်းဆိုနေကြပါတယ်။ အိမ်ဖြူ တော်ရှိ အစိုးရပြောခွင့် ရှိသူ ဒေနာပီရေးနိုးကတော့ ဒုတိယအကြိမ် ငွေကြေးကူညီထောက်ပံ့ပေးမှုကို စဉ်းစားဖို့တော့ မလိုအပ်သေးပါဘူးလို့ သတင်းစာရှင်းလင်းပွဲမှာတော့ပြောဆိုသွားခဲ့တယ်။ အလုပ်လက်မဲ့ ထောက်ပံ့ကြေးကို ၆ လ ကနေ နောက်တပ် ၁၂ ပတ်တိုးမြင့်ပေးခဲ့တယ်။ တကယ်လို့ သာ အစိုးရဆီက နောက်ထပ် ကူညီထောက်ပံ့ပေးမှုတွေရှိခဲ့ရင်တော့ အလုပ်လက်မဲ့ဖြစ်နေသူများ အတွက် ၀မ်းသာဖို့ ကောင်းတဲ့ သတင်းတခုဖြစ်လာပါလိမ့်မယ်။ ။

Rest of your post

No comments :