Sunday 14 September 2008

ဒေါ်စုကျန်းမာရေးအလွန်ဆိုးဝါးလျက်ရှိ

ဒေါ်စုကျန်းမာရေးအလွန်ဆိုးဝါးလျက်ရှိ

ရန်ကုန်
စက်တင်ဘာ-၁၄
၂၀၀၈၊ စက်တင်ဘာ ၁၃ရက် နေ့  ( တနင်္ဂနွေနေ့ ) က ဒ်ါအောင်ဆန်းစုကြည် ကို သူမရဲ့ ဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းက သွားရောက်ကြည့် ရှု့ ခွင့်ရခဲ့ပါတယ်။ ဒေါက်တာတင်မျိုးဝင်းရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဟာအလွန်အမင်း ဆိုးဝါးသွားပါတယ်လို့ အေအက်ပီ သတင်းမှာဖေါ်ပြထားပါတယ်။
ခုလောလောဆယ်သူဘာမှမပြောနိင်သေးဘူးလို့  ဒေါက်တာတင်မျိုးဝင်းကပြောပါတယ်။ ဒေါ်စုကိုတွေ့ ပြီးအပြန်မှာ သူ့အိမ်မှာစောင့်နေတဲ့ သတင်းထောက်တွေကို သူမကျန်းမာရေးအခြေအနေသိပ်ဆိုးနေတယ်ဆိုတာကလွဲလို့ သူဘာမှမပြောနိင်သေးကြောင်း ဒေါက်တာတင်မျိုးဝင်းကပြောကြားခဲ့တာဖြစ်ပါတယ်။ ဒေါက်တာတင်မျိုးဝင်းက ဒေါ်စုကိုလေးနာရီခွဲကျော်
တွေ့ ဆုံခွင့်ရခဲ့ပါတယ်။ မကြာခင်က ဒေါ်စုကိုတွေ့ ခွင့်ရခဲ့တဲ့ဦးကြည်ဝင်းနဲ့  သတင်းဌာနတွေ ဆက်သွယ်မေးမြန်းခန်းတွေမှာ ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည် ပိန်သွားတာကလွဲလို့ ကျန်းမာရေးကောင်းပါတယ်ဆိုတဲ့စကားဟာ အလွန်ကိုတာဝန်မဲ့တဲ့စကားဖြစ်ပါတယ်။
ဦးကြည်ဝင်းဟာအမှန်အတိုင်းပြောရဲပုံမရဘူး။ ဦးကြည်ဝင်းကို ရှေ့ နေအဖြစ်ဆက်လက်မထားသင့်တော့ပါဘူး။ ဦးကြည်ဝင်းဟာ ဒေါ်စုလွတ်မြောက်ရေးအတွက် အားကိုးရတဲ့ရှေ့ နေတယောက်မဟုတ်ပါဘူး။ သူကိုပြောင်းလဲသင့်ပြီ။ သူစကားတွေမယုံရဘူး။

No comments :