Thursday 25 September 2008

ရုတ်ရုတ်သဲသဲ ဖြစ်ခါနီးလာတဲ့  ရန်ကုန်

ရန်ကုန်
စက်တင်ဘာ -၂၆

ရဲချုပ်ခင်ရီကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဖိအားပေးနေတယ်။ဒီချုပ်ကထုတ်လိုက်တဲ့

ကြေညာချက်ကိုပြန်ရုတ်သိမ်းခိုင်းနေတယ်

ကြေညာချက်မှာပြည်သူလွတ်တော်ခေါ်ပေးဖို့နဲ့ -အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့

ပေးဖို့ တောင်းဆိုထားတာတွေကို လက်မခံဘူး။ ပြန်ရုတ်သိမ်းပေးရမယ်လို့ ဖိအားပေးနေတယ်

လို့ သိရတယ်။ပြည်တွင်းထဲမှာလည်း လူတွေက ရုတ်ရုတ်ဖြစ်နေတယ်လို့ သိရတယ်။ မနေ့ က ဆိုရင် တာမွေအိုးစုဖက်မှာ ရဲတွေက ကြံဖွတ်တွေကိုအပြည့် တင်ပြီး လှည့် နေတယ်လို့ သိရတယ်။ လူတွေကတခုခုဖြစ်တော့မယ်လို့ ယူဆနေကြပါတယ်။ ဒီတခါယူဆကြသူတွေထဲမှာ စစ်တပ်အရာရှိအသိုင်းဝိုင်းတွေက ပါပါဝင်နေတာတော့ထူးခြားနေပါတယ်။ စစ်တပ်ထဲက အမုန်းဆုံးဖြစ်နေတဲ့သူကတော့ ကျော်ဆန်းလို့ သိရတယ်။ မောင်ဦးကိုယ်တိုင်ကျော်ဆန်းကို

ကြည့် မရဘူးလို့ သိရပါတယ်။



Summary

Rest of your post

No comments :