Tuesday 16 September 2008

ပူးပေါင်းဆောင်ရွက် ပါဝင်ကြ

အင်းစိန် ထောင်မှာ ကိုအောင်ဇော်ဦး အစာငတ်ခံဆန္ဒပြ နေပါတယ် ။
သူက အချက်သုံးချက်ကိုတောင်းဆိုပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်အကြွင်းမဲ့လွတ်မြောက်ရေး
၂။တွေ့ဆုံဆွေးနွေးရေး
၃။ အမျိုးသားပြန်လည်သင့်မြတ်ရေး

ဆိုတဲ့အချက်သုံးချက်ဖြစ်ပါတယ်။

အဲဒီအချက်သုံးချက်နဲ့ အစာငတ်ခံဆန္ဒပြ တောင်းဆိုတဲ့ ကိုအောင် ဇော်ဦး ကို နအဖ စစ်အာဏာရှင်က
စစ်ခွေးတိုက်လို့ခေါ်တဲ့ တိုက်ထဲမှာ တိုက်ပိတ်လိုက်ပြီဖြစ်ပါတယ်။

ယခုလို မိမိကိုယ်တိုင်ထောင်ထဲကိုရောက်နေသော်လည်း အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တောင်းဆို တိုက်ပွဲဝင်တဲ့ ကိုအောင်ဇော်ဦးကို
ကိုမိုးသီး အနေနဲ့ အပြည့်အ၀ ထောက်ခံ ဂုဏ်ယူ အလေးပြုပါတယ်။


No comments :