Monday 1 September 2008

ကြောက်လုံး၏ နောက်ဆုံး စကား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နောက်နေကြီး ဦးကြည်ဝင်းသည် နအဖ အစိုးရဖြင့် နားလည်မှု တစုံတရာအတိအကျရရှိပြီး ဒေါ်အောင်ဆန်းစုကြည်အစာငတ်ခံဆန္ဒပြနေသည်မှာ၁၀ရက်ရှိသည်ဆိုသည့်အချက်အား ထိန်ချန်ခဲ့သည်ဟု သိရပါသည်။

ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် မိမိ၏ ပါတီအဖွဲ့အစည်းအတွင်းမှ ခေါင်းဆောင်များဟု ယူဆယုံကြည်ရဖူးသော သူများနှင့် ပါတီ အပေါ်ပိုင်း
တာဝန်ရှိသူများ၏ ဖယ်ခွာ နောက်ဆုတ်ခြင်းအား သိသိသာသာ သိရှိလိုက်နိုင်ပြီဖြစ်သကဲ့သို့ ပြည်သူလူထုနှင့် တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေ ပါတီဝင်ထု သည် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် တိုင်းပြည်၏ အနာဂတ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထက်ပိုင်း ဗျူရိုကရက် စီအီးစီများအား လူ ထုနှင့် အတူရပ်မည်လော ၊ နအဖ အကြိုက် နောက်ထပ် ၂၀၁၀ ရွေးကောက်ပွဲအတွက် ခြေပုန်းခုတ်အမြီးနှန့် မည်လောဟု ပြတ်ပြတ်သားသား မေးခွန်းထုတ်ရန်အချိန်တန်ပြီဖြစ်ပါသည်။

နောက်နေကြီး ဦးကြည်ဝင်းသည် ယခုအခါ နအဖ ၏ ဘောအား ရှားမီးချိုချဉ်အထင်ဖြင့် တမင်တကာ မြိန်ရေရှက်ရည်လျက်ကာ မိမိ၏ ခေါင်းဆောင်ကိုပင် လိမ်ညာ ဖုန်းကွယ်ယုံမက တိုင်းပြည်နှင့်ကမ္ဘာကိုလည်း လိမ်ညာဖုန်းကွယ်သော ဖောက်ပြန်ရေးသမားတစ်ယောက်ဖြစ်သည် ဟု ကျွန်ုပ် မောင်ကြောက်လုံးမှ ဗြောင် ပင် လက်ညှိုးထိုး လိုက်သည်။


ယခုအခါ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ ထိပ်သီး ခေါင်းဆောင်များကိုပင် ယုံကြည်ရမည့် အစုအဖွဲ့ ဖြစ်ပါသလော ဆိုသည့် ကိစ္စရပ်အား ဆာလောင်မွတ်သိပ်သော ဒဏ်ကို ကြိတ်မှိတ်ခံရင်း တွေးနေမည်ဆိုလျှင် အဖြေသည်ကား ကျွန်ုပ် မောင်ကြောက်လုံး ဖြေသကဲ့သို့  ပင်ဖြစ်ပေတော့မည်။

ကျွန်ုပ်တို့  လူမျိုးများသည် စွန့် လွှတ် အနစ်နာခံ စာနာ မေတ္တာထားသော ခေါင်းဆောင် နှင့် တန်ပါသလော... ?
ဆောင့်ကန် ၊ ဖြတ်ရိုက် ၊ ပစ်သတ် ၊ မုဒိန်းကျင့် ၊ ရွာမီးရှို့  ၊ ရှိသမျှ သိမ်း သော တပ်မတော်နှင့်သာ တန်ပါသလော...?

ထိုမေးခွန်းအား ကျွန်ုပ်မောင်ကြောက်လုံး ဖြေဆိုရန်ကြိုးစား နေသည်မှာ နှစ်ပေါင်း နှစ်ဆယ် ရှိခဲ့ပေပြီဖြစ်၏ ။ Do the math..... my fellow citizens.....!
ထိုမေးခွန်း၏ အဖြေအား ကျွန်ုပ် မောင်ကြောက်လုံးမှ ဆက်လက်ဖြေဆိုရန် မလိုတော့ဟု ထင်ပါသဖြင့်
မဖြေတော့ပါ။

နောက်နေကြီး ဦးကြည်ဝင်းကဲ့သို့သော လုပ်သက်ရှိ နာမည်ကြီး လျှာအရိုးမရှိသော ၀တ်လုံကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဆယ်ရက်ကျော် အစာငတ်ခံနေသည့်သတင်းအား ထိမ်ချန်ခဲ့သည်မှာ အလွန်သိသာ ထင်ရှားသည့် သစ္စာမဲ့မှုကြီးတရပ်မဟုတ်ပါသလော

ကျွန်ုပ် မောင်ကြောက်လုံး၏ ဖြုတ်ဦးနှောက်နှင့်စဉ်းစားရမည်ဆိုလျှင် ထိုကဲ့သို့ သော သူများအတွက် ဒေါ်အောင်ဆန်းကြည် အနေဖြင့် ဘာအတွက်ကြောင့်အဆုံးရှုံးခံမည်နည်း။

သား နှစ်ယောက်နှင့် ပြန်လည်ကာ အေးအေးဆေးဆေး နေလိုက်လျှင်ပင် သူမ၏ ဘ၀သည် အေးချမ်း သော ဘ၀လေးအနေဖြင့် နောက်ဆုံး နေ၀င်ချိန်ကို လူသားအခွင့်အရေးအပြည့် ဖြတ်သန်းမသွားသင့်ပါသလော

ကိုယ့်အတွက်ကိုယ်သိ ၊ ကိုယ့်ထိမှ မချိအောင်နာတတ်သော သူများအတွက် ဘာကြောင့် အဆုံးရှုံးခံမည်နည်း
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်များအား ထိုင်းနိုင်ငံ PAD ပါတီမှ နောက်ဆုံး မနေ့ တနေ့ ကမှ ပါတီဝင်ဖြစ်လာသော ပါတီဝင်တယောက်၏ ၀မ်းပျက် ၀မ်းကိုက်ဖြစ်ထားသော ချီးကိုကျွေးသင့်ပါသလော...
မြန်မာနိုင်ငံ၏ မွဲတေစုတ်ပြတ် ဘ၀ပျက်ရသော ပြည်သူလူထု ၏ အတိတ် ၊ ပစ္စုပ္ပာန် ၊အနာဂတ် ကာလသုံးပါးလုံး ၏ ကံဆိုးမိုးမှောင်ဖြစ်ရပ်များ အတွက်တာဝန်ရှိသော အဓိက သမိုင်းတရားခံ နံပါတ်တစ်သည် နအဖ ဖြစ်ပြီး တရားခံ နံပါတ်နှစ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်များ အမတ်မင်းများ နှင့် ဗဟိုအဆင့် တာဝန်ရှိသူများဖြစ်သည် ဟု ကျွန်ုပ်မောင်ကြောက်လုံးမှ အတိအကျ မှတ်တမ်းတင်လိုက်သည်။

2 comments :

Anonymous said...

လုံးဝ လုံးဝထောက်ခံပါ၏ ဒါကိုပြောချင်နေတာ ကြာပီ အယ်နယ်ဒီ ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းပဲ ရှိတာ။ စိတ်ပျက်ပါတယ်...

Saw Naung said...

ကိုကြောက်လုံးရဲ့အမြင်မျိုးကျွန်တော်လည်းခံစားမိပါတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း ရှေ့နေ အနေနဲ့ဝင်ထွက်သာအောင် တရားဝင်မပြောတာရော မဖြစ်နိုင်ဘူးလား။ ကျွန်တော်ကတော့ ဂန်ဘာရီမလာခင် သူတစ်ခေါက်ဝင်ပြီး အဖွားကြီးထွက်မတွေ့တာ။ NLD ကလည်း ချက်ခြင်း မကျေနပ်ကြောင်းပြောတာတွေဟာ အချိန်ကိုက်လုပ်တာလို့မြင်တယ်။ သူကတစ်ဆင့်လည်း ဖြစ်နိုင်ပါတယ်။ အစာငတ်ခံတယ် ကြားတာနဲ့ ကန့်ကွက်စာထုတ်ရမှာ ပုံမှန် CEC ရဲ့အလုပ်ပဲ။ ဒါပေမယ့် မလုပ်ပဲနေတာလည် စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။