Thursday 11 September 2008

အကြမ်းဖက်တိုက်ခိုက်ခံရမှု ၇ နှစ်ပြည့် အောက်မေ့ဘွယ်














အမေရိကန်နိုင်ငံ၌ ၂၀၀၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက် နေ့ တွင် မူဆလင် အစွန်းရောက် အကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြ သော အပြစ်မဲ့ပြည်သူများ၏ မိသားစုများနှင့်အတူထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းပါကြောင်း။ ။

ရွှေဝါရောင်တော်လှန်ရေး - GCR Strategic Team
***********************************************************************************************

စီပွားရေးနယ်ပယ်မှာ လူသိများလာခဲ့တဲ့ အမျိုးသမီး ခေါင်းဆောင် ကောင်း “မယ်လိုဒီဂျုံး

-မြတ်စိုး-

လွန်ခဲ့တဲ့ (ရ) နှစ် က ဒီနေ့လိုအချိန်မှာပါ။ အမေရိကန်နိုင်ငံ နယူယောက်ရှိ ကမ္ဘာ့ ကုန်သွယ်ရေး အဆောက်အအုးံကြီး (၂)ခုကို မူဆလင် အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့မှု့ တွေကြောင့် အဲဒီနေရာမှာဘဲ အပြစ်မဲ့ပြည်သူပေါင်း၂၇၅၁ ဦးသေဆုံးခဲ့ကြရတယ်။ ဒီအကြောင်းတွေကို နိုင်ငံတကာ သတင်းဌာနတွေ၊သတင်းစာတွေ၊ စာစောင်တွေ၊ဂျာနယ်တွေ၊ အင်တာနက်စာမျက်နှာတွေက ဖော်ပြခဲ့တာကြောင့် အားလုံးသိရှိပြီးဖြစ်ကြပါလိမ့်မယ်။

ဒါပေမဲ့ ဒီကြောင်းနှင့်ပက်သက်ပြီး နိုင်ငံတကာနှင့် တချို့ လူတော်တော်များများ မသိခဲ့တာက ၂၀၀၁ ခုနှစ် စက်တင်ဘာအကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း
အခက်အခဲပေါင်းစုံအကြားမှာ ရဲရင့်ပြတ်သားစွာ ဦးဆောင်မှုပေး နိုင်ခဲ့သော အမေရိကန်စီးပွာရေးခေါင်းဆောင်တွေ နှင့် စီပွားရေးနယ်ပယ်မှာ လူသိများလာခဲ့တဲ့ အမျိုးသမီး ခေါင်းဆောင် ကောင်း “မယ်လိုဒီဂျုံး” အကြောင်းပါဘဲ။


Melody Jones-2008

သူမ ဟာ ချော်တယ်၊လှတယ်ဆိုပေမဲ့ သူမ ဦးဆောင်ဖြေရှင်းခဲ့ရတဲ့ လုပ်ငန်းအတွေ့အကြုံ တွေဟာ မကြုံဘူး အောင်ကြမ်းတမ်းဖြတ်သန်းခဲ့ရလို့ ၊ အမေရိကန်စီးပွာရေးခေါင်းဆောင်တွေ နှင့် စီပွားရေးနယ်ပယ်မှာ တမဟုတ်ခြင်း နာမည်ကျော်ကြားလာခဲ့တယ်။

သူမဟာ အဲဒီအချိန်မှာ အာမခံကုမ္ပဏီကြီးတခုဖြစ်တဲ့ အေအွန်လို့ခေါ်တဲ့ အမေရိကန်ရှိ ချီကာကို မြို့ အခြေစိုက်ကုမ္ပဏီရဲ့ အလုပ်သမားရေးရာ အဆင့်မြင့်တာဝန်ထမ်းဆောင် နေတဲ့ အချိန်ဖြစ်တယ်။ သူမဟာ အေအွန်ကုမ္ပဏီရဲ့ အကြီးအကဲတယောက်လည်းဖြစ်တယ်။

မူဆလင် အစွန်းရောက် အကြမ်းဖက်သမားတွေ ယူနိုင်တက်အဲယားလိုင်း ၇၆၇ စီးနင်းပြီး ဝေါ်ထရိတ်စင်တာ
အဆောက်အအုံးကြီးကို အကြမ်းဖက်တိုက် ခိုက်ခဲ့စဉ်မှာ သူမဟာချီကာကိုမြို့ ကုမ္ပဏီရဲ့ ဌာနချုပ်မှာ ကျင်းပမဲ့ အစည်းအဝေးကိုတက်ရောက်ဖို့ သွားနေတုန်းဘဲရှိပါသေးတယ်။

အဲဒီအချိန်မှာ သူမဟာ ဖုန်းထဲဝင်လာတဲ့ သတင်းတွေကိုဖတ်ကြည့်လိုက်စဉ်မှာဘဲ၊ သူမ သိလိုက်ရတာ ကတော့ နယူးယောက်မြို့ ရှိ ဝေါ်ထရိတ်စင်တာ၏ ဒုတိယမြောက်အဆောက်အဦး အဆင့် ၈၄ ထပ်ရှိ သူမ ကုမ္ပဏီရဲ့ ဒုတိယဌာနချုပ် ရုံးခန်းဟာ အကြမ်းဖက် တိုက်ခိုက်ခံလိုက်ရတဲ့ အထဲ ပါသွားပြီ ဆိုတာပါဘဲ။

နယူးယောက်မြို့ ရှိ သူမ ကုမ္ပဏီရဲ့ ဒုတိယဌာနချုပ် မှာ တာဝန်ထမ်းဆောင်နေကြသော အေအွန် အလုပ်သမား
ပေါင်း ၁၁၀၀ ကျော်ရှိသလို၊ကုမ္ပဏီ၏ အရေးကြီးသော သတင်းအချက်အလက်တွေစုဆောင်း သိမ်းဆည်း ထားတဲ့ နေရာလဲဖြစ်တယ်။

ဒါကြောင့်မို့ ကုမ္ပဏီစီးပွားရေးဟာ တကမ္ဘာလုံးနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေလည်း ပျက်ဆီးသွားပြီ ဆိုတာသိလိုက်ရ တယ်။ အဲဒီ ဒုတိယဌာနချုပ်ဟာ ကမ္ဘာမြို့ကြီးများရှိ စီးပွားရေးလုပ်ငန်းတွေနှင့် နေ့စဉ် ဆောင်ရွက်နေတာဖြစ်လို့ တမ္ဘာလုံး နှင့်လုံးဝအဆက်အသွယ်ပြတ်သွားခဲ့သလို၊ အေအွန် အလုပ်သမားပေါင်း ၁၇၅ ယောက်လုံးတနေ့တည်းသေဆုံးသွားတာကြောင့်၊ ကုမ္ပဏီ၏လုပ်ငန်းတွေ ချက်ခြင်း ရပ်တန့် သွားပြီးလို့ဆိုတာသိလိုက်ရတယ်။

သူမ နေရာမှာ ဘာဆက်လုပ်မလည်း၊ ဘာတွေလုပ်ခဲ့တယ် ဆိုတာ စီးပွားရေးနယ်ပယ်မှာ လူတိုင်းသိချင်ခဲ့ကြတယ်။

သူမကတော့ ဒီသိချင်တာတွေကို ရဲရင့်ပြတ်သားစွာ ဦးဆောင်မှုပေးပြီး ဖြေဆို နိုင်ခဲ့တယ်။ သူမဟာ နာရီအနည်းငယ်အတွင်း ကုမ္ပဏီရဲ့ crisis-response Team ကိုချက်ခြင်းဖွဲ့ ခဲ့တယ်။သူမဟာ တခါတရံ (၂၄) ရီလုံးလုံး မအိပ်မနေ ဒီအဖွဲ့ကို ဦးဆောင်ခဲ့တယ်။ သူမဟာ ကုမ္ပဏီရဲ့ ဒုတိယဌာနချုပ် ရှိ ကျန်ရစ်သော အလုပ်သမားတွေကို နေရာပြန်ချပြီး၊
လုပ်ငန်းတွေ (၁) လအ တွင်း တမ္ဘာလုံးနှင့်ဆက်လက်ပြီး ချက်ချင်း ပြန်လည် လည်ပတ်နိုင်အောင်ပြုလုပ်ပေး ခဲ့တယ်။

သူမဟာ သေဆုံးသွားသူတွေရဲ့ မိသားစုတွေရဲ့ ချက်ခြင်းလိုအပ်ချက်တွေ၊ ရည်ရှည် နစ်နာကြေးတွေ၊ သေဆုံးသွားသူတွေရဲ့ ကလေးငယ်တွေ၏ပညာရေး၊ ကလေးငယ်တွေ၏ အနာဂတ်အရေးတွေ၊ မိသားစုဝင်တွေရဲ့ စိတ်ရောဂါခံးစားနေရမှုတွေကို အလျင်မြန်ဆုံးနှင့်အထိရောက်ဆုံး အားပေးကူညီ ထောက်ပံ့ခဲ့တယ်။ သူမရဲ့ ပြတ်သား အနှစ်နှာခံ ဦးဆောင်မှုပေးပြီး ဆောင်ရွက်ချက်တွေကြောင့် ဘီလီယံပေါင်း များစွာစီးပွားရေး လုပ်ကိုင်နေတဲ့၊ သူမရဲ့ အာမခံကုမ္ပဏီကြီးဟာ (၁) လအတွင်း အောင်အောင်မြင်မြင် ပုံမှန်ပြန်လည် လည်ပတ်နိုင်ခဲ့တယ်။

သူမရဲ့ စွမ်းစွမ်းတမန်လုပ်ဆောင်ခဲ့မှုတွေဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာအကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးတဲ့ နောက်ပိုင်း အမေရိကန် စီးပွားရေးနယ်ပယ်မှာ စီးပွားရေးခေါင်းဆောင်းကောင်းတဦးအနေနှင့်ထင်ရှားလာပြီး၊ အတုယူစရာအဖြစ် ကျော်ကြား လာပါတော့တယ်။သူမ လုပ်ဆောင်ချက်တွေ၊ ဦးဆောင်ခဲ့မှုတွေကို ဒီနေ့စာသင်ခန်းတွေမှာ သင်ပေးနေပါပြီ။

အမျိုးသမီးတွေဦးဆောင်မှု အခွင့်အရေး မရရှိသော၊ အမျိုးသမီးတွေဦးဆောင်မှုကို လက်မခံနိုင်သော၊ တန်ဖိုးမထားတက်သော၊ ရန်သူလိုဆက်ဆံနေသော စစ်အာဏာရှင် များအုပ်ချုပ်နေတဲ့ ယနေ့မြန်မာနိုင်ငံမှာ ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်စေဖို့၊ ကျန်းကျန်းမာမာရှိစေဖို့ ဆုတောင်ယင်း “မယ်လိုဒီဂျုံး” လို အမျိုးသမီးခေါင်းဆောင် ကောင်းတွေ နောင်မှာပေါ်ထွက်လာပါစေလို့ ။ ။




Rest of your post

No comments :