Tuesday, 23 September 2008

ဦးဝင်းတင်နဲ့ အာအက်ဖ်အေ အင်တာဗျူး

ဦးဝင်းတင်နဲ့ အာအက်ဖ်အေ အင်တာဗျုး ကို အကျဉ်းချုပ်ဖေါ်ပြပေးလိုက်ပါတယ်။
ဦးဝင်းတင်- ဒီနေမနက် ကျနော် ဆီကိုထောင်မှုးကလာတယ်။ ထောင်ကနေလွတ်ပေးမယ် ပစ္စည်းတွေပြင်ပါလို့ လာပြောတယ်။ ကျနော်က ပြောတယ်။ မလုပ်နိင်ဘူး။ ခံဝန် ပုံစံ၊ အိုနာကျိုးကန်း စီမံချက်ပုံစံနဲ့ လွတ်ပေးတာကိုလက်မခံဘူးလို ပြန်ပြောလိုက်တယ်။စာရေးပြီးသားရှိတယ်ယူသွားပါလို့ ပြောလိုက်တယ်
ခင်ဗျား တို့  ဆွဲချွတ်ခြင်ရင်လည်းချွတ်၊ ထောင်အကျီ ကိုလည်းမချွတ်နိင်တော့ဘူး။
( နအဖ က သူတို့ ကို ပုဒ်မ ၄၀၁ ( ခ) ကိုလက်ခံကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ၄၀၁ (ခ) ဆိုတာက အပြစ်ရှိပါသေးတယ်။ ထပ်ဖမ်းရင်လည်း အဖမ်းခံပါမယ်ဆိုတဲ့ ဥပဒေ။ တနည်းအားဖြင့်ထောင်ကြွေး ရှိသေးတယ်ဆိုတာသိပါတယ်ဆိုတဲ့သဘောပါ။ Credit ရှိတယ်ပေါ့ ။

အာအာက်ဖ်အေက ပြေခြင်တာပြောပါ။ ဆရာ ခုပဲလွတ်တယ်။ ဆရာရင်ထဲမှာပြောချင်တာပြောပါလို့ မေးတဲ့အခါမှာတော့ သူကရံသုံးရံ မူကိုရှင်းပြပါတယ်။ ဒါတွေကတော့

၁- အန်အဲလ်ဒီ ကိုဝန်းရံကြ
၂- လွတ်တော်ကိုဝန်းရံကြ
၃- ဒေါ်စုကိုဝန်းရံကြ

ဒေါ်စုရပ်တည်ချက်တွေကို ဘယ်လိုမြင်လည်း ဟိုတလောက ဒေါ်စုက ဂန်ဘာရီကိုမတွေ ဘူးလို့ မေးတော့၊သူက ဒေါ်စုက ဂန်ဘာရီကိုမတွေ့ တာ မှန်တယ်လို့ ဆိုတယ်။ ဒေါ်စုအိမ်ရှေ့ မှာ လော်စပီကနဲ့  သန်းရွေ က သူတပည့့်ကို ဂန်ဘာရီကိုထွက်တွေ့ ပါလို့ သွားအော်တဲ့ကိစ္စကို ဆရာကြီးက အတော်ရိုင်းတဲ့ အပြုအမှုလို့ မြင်တယ်။
ဆက်လက်ပြီး ဦးဝင်းတင်က နအဖအခြေခံဥပဒေ ကို လက်မခံဘူး။ ဒီမိုကရေစီရကိုရရမယ်။
ထောင်ထဲမှာ အများကြီးသေသွားတဲ့သူတွေကို ဦးညွတ်ဂုဏ်ပြုတယ်။ လုပ်လက်စတွေကို
ဆက်လုပ်မယ်။ သူကိုလမ်းညွန်းပါ၊ပဲပြင်ပါလို အင်တာဗျူး မှာပြောသွားခဲ့ပါတယ်။
့ လူတွေက သူကိုဆုံးမ ကြပါလို့ မာန်မာန မထားပဲ နှိမ့်ချတဲ့စိတ်ဓါတ်ကတော့ အရင်ကကြားနေရတဲ့  ဦးအောင်ရွေ တို့ ဦးလွင်တို့ အင်တာဗျူးတွေထက်စာရင် အတော်ကို မှတ်သားလောက်တဲ့ အင်တာဗျူး ဖြစ်ပါတယ်။ ဒါပေမဲ့  အာအက်ဖ်အေက ဦးခင်မောင်စိုးမေးခွန်းတွေကတော့ ပညာသားသိပ်မပါဘူး။

ဦးဝင်းတင်ကို ဘယ်လိုနည်းနဲ့ ဒီမိုကရေစီရအောင်လုပ်မှာလဲ အကြမ်းနည်းလား အနုနည်းလား လို့ မေးတာတွေက တော့ အသက် ၈၀ လည်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က လက်နက်တော်လှန်တဲ့နည်းကို
မကျင့်သုံးတဲ့ ပါတီတခုဖြစ်ပါတယ်ဆိုတာ အတိအလင်းကြေညာထားပြီးသားကို မလေ့လာထားသလိုဖြစ်နေတယ်။ ဦးဝင်းတင်ကိုလည်းဖြေရတာ ဘေးကြပ်နံကြပ် အခြေအနေကိုတွန်းပို့ ပေးသလို ဖြစ်စေတယ်။ ဒါမျိုးတွေ ကိုမမေးသင့်ဘူး။




Summary

Rest of your post

No comments :