Tuesday 30 September 2008

အမေရိကန်ငွေကြေးဈေးကွက်နှင့်ငွေကြေးစံနစ်၏အခြေအနေဆိုးကြီးအပေါ် အမေရိကန်အစိုးရ၏စီးပွားရေးကယ်တင်မှုဥပဒေမှုကြမ်း
















-မြတ်စိုး-

လက်ရှိ အမေရိကန် စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းရန်နှင့် ငွေချေးနေတဲ့ ဘဏ်အဖွဲ့ အစည်းတွေကို ကျားကန်ထောက်ပံ့ ပေးမည့် သမ္မတ ဂျော့ဘုရှ် အစိုးရ၏ ဒေါ်လာ ဘီလီယံ ၇၀၀ ကယ်တင်မည့် အစီအစဉ်ကို မနေ့က အမေရိကန်အောက်လွှတ်တော်က ပယ်ချလိုက်ပါတယ်။

ဒီ စီးပွားရေးကယ်တင်မှု ဥပဒေကြမ်း အစီအစဉ်ဟာ ငွေရေးကြေးရေး အကျပ်အတည်ရိုက်နေတဲ့ ငွေချေးဌား နေတဲ့ ဘဏ်လုပ်ငန်းတွေကို ကယ်တင်ပေးဖို့၊ ငွေကြေးလုပ်ငန်းဆိုင်ရာတွေမှာ ငွေကြေးပုံမှန်လည်ပတ်နိုင်ရေး၊ အခုတွေ့ကြုံနေရတဲ့ စီးပွားရေးအကျပ်အတည်း ပျံ့နှံ့မသွားရအောင် ကြိုတင်ကာကွယ်နိုင်ရေး၊ တို့ အတွက်ဖြစ်တယ်။ ငွေကြေးပုံမှန်လည်ပတ်နိုင်မှ ယုံကြည်မှု ပိုမိုအားကောင်းလာစေပြီး စီးပွားရေးဟာပုံမှန် ပြန်လည် လည်ပတ်နိုင်ပါလိမ့်မယ်။




ဒီမိုကရက်တစ်ပါတီ နှင့် ရီပါပလက်ကင် ပါတီ ခေါင်းဆောင်များ ရက် သတ္တပတ် တပတ်ကြာ အကြိတ်အနယ် အချေအတင်နှင့် အလျှော့ပေးမှုတွေ၊ ကောင်းမွန်တဲ့အဆိုပြုမှုတွေ၊ ဆွေနွေးအဖြေရှာမှုတွေ ပြုလုပ်ခဲ့တာတောင် ဒီစီးပွားရေးကယ်တင်မှု ဥပဒေကြမ်း ကို အောက်လွှတ်တော်မှာ အတည်မပြုနိုင်ခဲ့လို့ အမေရိကန်ပြည်သူတွေ၊ ငွေချေးဌားနေတဲ့ ဘဏ်လုပ်ငန်းတွေ၊ ငွေကြေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတွေ၊ စီးပွားရေး
လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတွေ အကတော့ တော်တော့်ကို စိတ်ပျက်နေကြပြီ၊ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်။

အထူးသဖြင့် အလုပ်လက်မဲ့ ၉.၉ သန်းကျော်၊ အမေရိကန်ဘဏ်ကြီး (၁၂) ဘဏ် လောက် လအနည်းငယ်အတွင်း ဒေ၀ါလီခံပြီး ပိတ်ပြစ်လိုက်ရတဲ့အချိန်၊ အိမ်ပိုင်ဆိုင်သူတွေဟာ ၂၀၀၈ မှာ ၁ သန်းကျော်ပြန်လည်အပ်နှံ နေကြရတဲ့ အချိန်ဖြစ်တာကြောင့်၊ အမေရိကန်နိုင်ငံစီးပွားရေး အခြေအနေဟာ တနေ့ထက်တနေ့ အမတန်မှဆိုးယွားနေပြီး၊ ၁၉၂၉ ခုနှစ်မှာ ဖြစ်ပွားခဲ့သော စီးပွားရေး ကပ်ဆိုးကြီး ကျရောက်တော့မဲ့ အခြေအနေကိုရောက်ရှိနေပြီးလို့ စီးပွားရေးပညာရှင် တွေက ဟော်ကိန်းထုတ်နေကြပါပြီ။

မနေ့က အမေရိကန် စတော့ခ်ရှယ်ယာဈေးကွက်ဟာ ၇၇၇.၆၈ ပွိုင့် ( 777.68 points) ကို တနေ့တည်းမှာတင် တဟုန်တိုး ထိုးကျ သွားခဲ့ကြောင့် စတော့ခ်ရှယ်ယာဈေးကွက်မှာ တနေ့ထဲမှာတင် ဒေါ်လာ ၁.၂ ထွီလီယံနီးပါး အရှုံး ပြခဲ့သလို၊ ဒီကနေ့တော့ အာရှနဲ့ ဥရောပက အပါအ၀င် အဓိကကျတဲ့ ကမ္ဘာ့ငွေကြေးဈေးကွက်တွေနှင့် စတော့ခ်ရှယ်ယာဈေးနှုံး တွေလည်း တပြိုင်တည်း ထိုးကျသွားခဲ့တယ်။


















ဒါကြောင့်မိုလို့ ဒီမိုကရက်တစ်ပါတီ နှင့် ရီပါပလက်ကင် ပါတီ ခေါင်းဆောင်များ အကြားတဦးနှင့်တဦး အပြစ်တင်မှုတွေ၊ စွပ်စွဲ
ပြောဆိုနေမှုတွေ ပြုလုပ်နေကြသော်လည်း၊အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဟင်နရီပေါ်စင်ကတော့ အမေရိကန်ငွေကြေးစံနစ် မပြိုကွဲအောင် ကိုအတက်နိုင်ဆုံး ကာကွယ်မှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုတယ်။

ဒီစီးပွားရေးကယ်တင်မှု ဥပဒေကြမ်း ကိုဆန့်ကျင်ကန့်ကွက်ရာမှာ ဒီမိုကရက်တစ်ပါတီ နှင့် ရီပါပလက်ကင် ပါတီ ၂ပါတီစလုံးကအမတ်တွေပါဝင်နေတာကြောင့် ဒီဆုံးဖြတ်ချက်ကို ကြာသာပတေးနေ့မှာ ပြန်လည်ထပ်မံ အတည်ပြုနိုင်ရေး အတွက် ပါတီခေါင်းဆောင်များက ဆက်လက် ကြိုးစားနေကြပါတယ်။ ဒီစီးပွားရေးကယ်တင်မှု ဥပဒေကြမ်း ကို အထက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်အတည်ပြုဖို့ရှိပါတယ်။

ဒီလောက်အရေးပေါ်လိုအပ်နေတဲ့ စီးပွားရေးကယ်တင်မှု ဥပဒေကြမ်းကို အတည်မပြုနိုင်ခြင်း အကြောင်းအရင်း ကတော့ ရီပါပလက်ကင် အောက်လွှတ်တော်အမတ်များက အမေရိကန်စီးပွားရေး နှင့် ဘဏ္ဍာရေး လုပ်ငန်း တွေအပေါ် အစိုးရက ချူပ်ကိုင်သွားမှု နှင့်
အစိုးရအာဏာပိုမိုတိုး ချဲ့ သောအသွင်ဖြစ်နေတာကြောင့်လို့ ပြောဆိုပြီး ကန့်ကွက်မှုတွေပြုလုပ်ခဲ့တာပါ။ နောက်ထပ်စီးပွားရေးကယ်တင်မှု ဥပဒေကြမ်း တခုကိုလည်း တင်ပြ ဆွေးနွေးခဲ့ပါသေးတယ်။ တချို့ ဥပဒေပြု အမတ်တွေကလည်း ထပ်ပြီး ဖြည့်စွက်ထားတဲ့ တောင်းဆိုချက်၊ ပြင်ဆင်ချက်တွေကို ညှို နှိုင်းဆွေးနွေး တင်ပြနေကြတယ်။ ဥပဒေပြုအမတ်တွေနေနှင့် အခွန်ပေးတားသော ပြည်သူတွေရဲ့ ငွေကို တိတိကျကျထိထိရောက်ရောက် အာမခံအကာအကွယ်ပေးဖို့ကိုလည်းဆွေးနွေးခဲ့ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အစိုးရ၏ ဒေါ်လာ ဘီလီယံ ၇၀၀ ဟာပြည်သူတွေဆီကရရှိထားတဲ့ အခွန်ငွေတွေပါ။

အဓိကကြောက်ရွံ့နေကြ တာကတော့ အစိုးရက တိုင်းပြည်စီးပွားရေး လုပ်ငန်းတွေ ကို ပိုမိုချုပ်ကိုင်လာမှာကို တချို့ ဥပဒေပြုအမတ်တွေ စိုးရိမ်နေကြလို့ပါဘဲ။ ပါတီခေါင်းဆောင်တွေ ကတော့ ဒီစီးပွားရေးကယ်တင်မှု ဥပဒေကြမ်းဟာ ရည်တိုအတွက်အစိုးရ ၏ လုပ်ပိုင်ခွင့်တွေကို ခွင့်ပြုခြင်းသာဖြစ်တယ်လို့ ထောက်ပြကြတယ်။ ဒီလို
စီးပွားရေးကယ်တင်မှု ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်က ပယ်ချခဲ့မှုအပေါ် ဥရောပ နိုင်ငံခေါင်းဆောင်များက ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတယ်။ ဒီလုပ်ရပ်ဆုံးဖြတ်ချက်ဟာ ကမ္ဘာငွေကြေးစံနစ်နှင့် ကမ္ဘာငွေကြေးဈေးကွက်တွေ ကိုပါထိခိုက်စေခဲ့လို့ပါဘဲ။

ဘယ်လိုဘဲဖြစ်ဖြစ်၊ ဒီစီးပွားရေးကယ်တင်မှု ဥပဒေကြမ်းကိုအတည်မပြုရင်၊ အမေရိကန်ပြည်သူတွေဟာ လောလောဆယ် ဒုက္ခပေါင်းစုံးနှင့် ရင်ဆိုင်ကြရပါလိမ့်မယ်။ အမေရိကန် ငွေကြေးစံနစ်နှင့် ငွေကြေးဈေးကွက်ဟာ မနေ့က ချက်ချင်းဆိုသလိုတိုက်ရိုက်ထိခိုက်ခဲ့ပြီး၊ ကမ္ဘာငွေကြေးစံနစ်နှင့် ကမ္ဘာငွေကြေးဈေးကွက်တွေ ဆုံးရှုံးမှုတွေ အများကြီး ရင်ဆိုင်ရကြပါလိမ့်မယ်။ လတ်တလောရင်ဆိုင် ရမှာတော့........

  • ငွေကြေးဈေးကွက်မှာရှိနေကြတဲ့ ရင်နှီးမြုပ်နှံမှုတွေ ( ဥပမာ---အသက်ကြီးပင်စင် ရင်နှီးမြုပ်နှံမူ 401 k plan, Pension plan, ) နှင့်စတော့ခ်ရှယ်ယာဈေးကွက်မှာ ရင်နှီးမြုပ်နှံမှုပြုလုပ်ထားသူတွေ ဟာ ချက်ချင်းဆိုသလို ငွေးကြေးဆုံးရှုံးမူတွေဖြစ်နေတယ်။
  • ဘဏ်တွေကငွေချေးမှုတွေရပ်ဆိုင်သွားမယ်။ ဘဏ်တွေက အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့ ငွေချေးကြမှာ မဟုတ်တော့ပါဘူး။သူတို့မှာချေးဘို့ငွေမရှိသလို၊ တခြားဘဏ်တွေကလည်း ငွေထုတ်ချေး ကြတော့မှာမဟုတ်ဘူး
  • ဘဏ်လုပ်ငန်းတွေ ဒေ၀ါလီခံရပြီး၊ စီးပွားရေးနှင့် ငွေကြေးစံနစ်ကြီးတခုလုံ နှင့် ငွေကြေးဈေးကွက် တွေ ပြိုလှဲသွားနိုင်တယ်။
  • အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေကို ငွေမချေးနိုင်တာကြောင့် အသေးစားစီးပွားရေး လုပ်ငန်းတွေ ရပ်စဲသွားမည်။
  • အလုပ်လက်မဲ့တွေပိုမိုများပြားလာမယ်။
  • ကျောင်းသူ၊ကျောင်သားတွေ ငွေကြေးထောက်ပံ့မှု မရရှိနိုင်တော့လို့၊ ပညာရေးစံနစ်တခုလုံး ဒုက္ခရောက် နိုင်တယ်။
  • ငွေကြေးဖောင်းပွမှုတွေဖြစ်လာနိုင်တယ်။
  • အိမ်ပိုင်ဆိုင်သူတွေဟာ အလုပ်လက်မဲ့ဖြစ်ခဲ့တာကြောင့် အိမ်လခမပေးနိုင်လို့ အိမ်ပိုင်ဆိုင်မှု ဆုံးရှုံးနေရသလို၊ အိမ်ဈေးနှုန်းဟာ လည်း ကျဆင်းနေပြီး၊ ဒီလိုကျဆင်းမှုကြောင့် အိမ်ပိုင်ဆိုင်သူတွေဟာ ငွေကြေးထွီလီယံ နှင့်ချီပြီး နစ်နာဆုံးရှုံးကြရလိမ့်မယ်။
  • အိမ်တွေပြန်အပ်ကြမှာမို့ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ တွေထပ်မံဆုံးရှုံး ဒေ၀ါလီခံရဖို့ရှိတယ်။
  • မော်တော်ကားလုပ်ငန်းတွေ၊ခရီးသွားလုပ်ငန်း၊အစားအသောက်လုပ်ငန်းစတဲ့ စီးပွားရေလုပ်ငန်းကြီးတွေ ပျက်စီးဆုံးရှုံး ဒေ၀ါလီခံရဖို့ရှိတယ်။
  • နောက်ဆုံးမှာတော့ စီးပွားရေးကပ်ဆိုးကြီးကျရောက်ပါလိမ့်မယ်။



အမေရိကန်သမ္မတ ဂျော့ဘုရှ်က တော့ ကမ္ဘာ့ငွေကြေးဈေးကွက် ပြန်ပြီးခိုင်မာလာဖို့နဲ့ ငွေကြေးစနစ်မှာ ယုံကြည်မှုတွေ ပြန်ရလာအောင်၊ စီးပွားရေးတွေ ပြန်မြင့်တက်လာအောင် ကူညီနိုင်ဖို့ အတွက်၊ ဥပဒေမှုကြမ်းကို ဆန့်ကျင်နေသော အောက်လွှတ်တော် အမတ်တွေကို ပြန်လည်စဉ်းစားဆုံးဖြတ်အဖြေရှာဖို့ ဒီနေ့ ထပ်မံ တိုက်တွန်းတောင်းဆိုယင်း၊ အမေရိကန်ငွေကြေးစံနစ် မပြိုကွဲအောင်ကို အတက်နိုင်ဆုံး ကာကွယ်မှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ အမေရိကန် ပြည်သူတွေကို ဂတိပြုပြောဆို သွားပါတယ်။ ကမ္ဘာတ၀န်း ရင်းနှီးမြှုပ်နှံသူတွေကတော့ အမေရိကန်စီးပွားရေးငွေကြေးစံနစ် နှင့် ဈေးကွက် အခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေရင်း ပြင်ဆင်မှုတွေပြုလုပ်နေကြပါတယ်။



















Rest of your post

No comments :