Tuesday 30 September 2008

ကြပ်ပြေးနေပြည်တော် သတင်း

















သန်းရွေ နေပြည်တော်မှာအရေးပေါ်အစည်းအဝေးခေါ်တယ်။ အစည်းအဝေးမှာ ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ပွဲကြီးတခုအနေနဲ့ ဆင်နွဲဖို့ အမိန့် ပေးတယ်။ အမိန့် ကိုမနာခံတဲ့သူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ဆိုတယ်။ တပ်မတော်အနေနဲ့  အခုလို ကြီးလေးတဲ့နိုင်ငံတာဝန်တွေကိုထမ်းဆောင်နေတယ်ဆိုတာ ဘုရား ကပေးထားတဲ့တာဝန်ဖြစ်တယ်လို့ ဆိုတယ်။ သူက တဆက်တည်းညွန်ကြားတာကတော့
၁၁ လ ပိုင်းမှာ ၀န်ကြီးတွေ ထွက်ရတော့မယ်။ဝန်ကြီးနေရာတွေကနေ ကြံဖွတ်ခေါင်းဆောင်တွေအဖြစ်အသွင်ပြောင်းရမယ် အစိုးရ၀န်ကြီးတွေနေရာကိုလူသစ်တွေနဲ့ အစားထိုးမယ်။ တနည်းအားဖြင့် အရင်ဝန်ကြီးတွေကို နိင်ငံရေးလုပ်ဖို့ ပထုတ်လိုက်တဲ့သဘောပါပဲ ။ ၀န်ကြီးတွေက ရာထူးပြုတ်ရင်လဘ်မစားရတော့မှာကိုအထူးစိုးရိမ်နေကြတယ်လို့ သိရပါတယ်။

သန်းရွေ မိန့် ခွန်းအပြည့် အစုံကို မကြာခင်တင်ပေးပါမယ်။

No comments :