Thursday 11 September 2008

၁၅ ရက်ကြာ တိတ်ဆိတ် နေသော၊ ဒေါ်စု အစာငတ်ခံ-မခံ ကိစ္စ ကို အင်ဂရစ် ဘန်တန်ကုဒ် က ကမ္ဘာကို သတိပေးလိုက်ခြင်း။



စက်တင်ဘာ (၉) ရက် ဗုဒ္ဓဟူးနေ့က..ကုလသမဂ္ဂ မှာ ပြုလုပ်တဲ့ ` အကြမ်းဖက်မူ ၏ သားကောင်များ´ စာတမ်းဖတ်ပွဲ မှာ ၊လတ်တလော ကိုလံဘီယာ ပျေက်ကျားများ လက်မှ ပြန်လည် လွတ်မြောက်လာ သော ကိုလံဘီယန် အမတ်လောင်း မစ္စ အင်ဂရစ် ဘန်တန်ကုဒ် က၊ အတွင်းရေးမှူး ဘန်ကီမွန်း ၏ ဘေး မှာ ကပ်လျက် ကပင် ၊ မြန်မာပြည်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို၊ လုပ်ဆောင်ရမည် ဟု ၊ ရဲရဲတင်းတင်း တိတိကျကျ ပြောဆိုသွား ခဲ့ ပြီ။
ဒါပေမဲ့၊ မစ္စတာ ဘန်ကီမွန်း ကတော့၊ သူမ နဘေး မှာ၊ မထုံတက်တေး အမူအရာ နှင့် ရှိ နေခဲ့ သည်။
လွန်ခဲ့တဲ့ ၁၅ ရက် က မစ္စတာ ဂမ်ဘာရီ သွားရောက်တွေ့ဆုံ ဖို့ ကြိုးစား ခဲ့တဲ့ ကိစ္စ မအောင်မြင်ခဲ့ခြင်း အပေါ် မစ္စတာ ဘန်ကီမွန်း နှင့် တကွ၊ ပြောရေးဆိုခွင့် ရှိသူများ အားလုံး မှ၊ မှတ်ချက် ပေးရန် နှုတ် ဆိတ် နေခဲ့ ကြ ပေ သည်။ အခု တော့ ဘန်ကီမွန်း ကိုယ်တိုင် ဖိတ်ခေါ် လိုက်သော ပွဲ၏ ပင်တိုင်ရှင် ကိုယ်တိုင်က ဒီကိစ္စ ကို ပြောချ လိုက် ပေပြီ။ ဒါ ဆိုရင်- ဘန် အနေ နဲ့၊ ဘယ်လို ကိုင်တွယ် ဆောင်ရွက် တော့ မည် နည်း။
စက်တင်ဘာ (၈) ရက်နေ့က၊ ဘန် ၏ ပြောရေးဆိုခွင့် ရှိသူ မစ်စ်မွန်တက်စ် အား၊ တိုင်းရင်သား လူမျိုးစု ပါတီ ၁၂ ခု ပေါင်းစည်း ထားသော ပြည်ထောင်စု အမျိုးသား ညီညွတ်ရေး အဖွဲ့( UNA) မှ၊ ပေးပို့သော စာမျက် နှာ ၁၂ မျက်နှာပါ၊ ကုလသမဂ္ဂ ၏ မြန်မာပြည် အပေါ် ဆောင်ရွက် ချက် များ မလျော်ညီ ကြောင်း စာ အား လက်ခံ ရ ရှိပါရဲ့ လား ဟု မေးမြန်း ခဲ့သည်။

မစ်စ် မွန်တက်စ် မှ၊ ထိုစာ အား သိရှိကြောင်း ပြောဆို ခဲ့ပြီး၊ မစ္စတာ ဂမ်ဘာရီ အား လုံခြုံရေးကောင်စီ တွင် ထိုကိစ္စအား လာရောက် ပြောကြားရန်၊ စီစဉ်လျက် ရှိ ပြီး၊ သူကပဲ၊ အဲဒီအခါ မှာ၊ အတိအကျ ဖြေဆို နိုင် ပါ လိမ့်မယ် ဟု ဝေ့လည် ကြောင်ပတ် ပြောကြား သွား ခဲ့သည်။

ဂမ်ဘာရီ ရဲ့ နောက်ကျ နေသော ရှင်းလင်းပွဲ အား၊ ကြိုဆိုပါ သော် လည်း၊ ယခု မစ္စ အင်ဂရစ် ခေါ်လိုက် သော၊ အစိုးရ များ ကိုယ်တိုင် ၏ အကြမ်းဖက်မှု အား တိုက်ပွဲခေါ်သံ သည် ကား၊ ဘန်ကီမွန်း ထံ တိုက် ရိုက်
တည့် တည့်..ဘေးချင်းကပ် ပြောလိုက် ခြင်း ဖြစ်ပေသည်။

ဘန်ကီမွန်း ဘယ်လို တုံ့ပြန် မည် နည်း။

မစ္စအင်ဂရစ် အနေဖြင့်၊ သူမ ကိုယ်တိုင် အကျဉ်း စံ ဘ၀ ဖြင့် ၆ နှစ်ကျော် နေထိုင် ဖြတ်သန်း ခဲ့ ရ တဲ့၊ ခံစားချက် အစစ်အမှန် များ ကို ၊ ကိုယ်စား ပြု ၍၊ တိကျ ပြတ်သားစွာ ကမ္ဘာကို ချပြ လိုက် ပေပြီ။ ` ကျမ တို့ တကယ်သာ အလုပ်လုပ် ခဲ့ရင်၊ သူမ (ဒေါ်အောင်ဆန်းစုကြည်) ဟာ၊ ဒီနေရာမှာ ဆက်ကို အချုပ်ကျ နေမှာ မဟုတ်ပါဘူး၊ ကျမ တို့ တကယ် လုပ်ဖို့ လိုနေပါပြီ´
ဘယ်လောက် တောင် မှန်ကန်သော၊ ဝေ့၀ိုက် ခြင်း ကင်းသော၊ တိကျ ပြတ်သားသော၊ စကား များ ပါ လည်း။ ခံစားချက် မစစ်သော၊ ကိုယ်ချင်းစာ စိတ် ဟန်ပြသာ ရှိသော၊ ယောက်ျား ရင့်မာကြီးများ ကတော့၊ အစည်းအဝေး ခန်းမ ထဲမှာ၊ မတုန်မလှုပ်၊ ဘာတွေများ တွေး နေကြ ပါ မည် နည်း။

ကုလသမဂ္ဂ သည်၊ မြန်မာ ပြည် အတွက် တော့၊ ကျဆုံးခဲ့ရ ပြီလား။ ဒါမှမဟုတ်၊ ဒီလိုပဲ ဟန်ပြ၊ ခရီးစရိတ်ထုတ်၊ အချိန်ကုန်၊ နံမယ်ပျက် ၊ အသုံးမ၀င်သူများ တယောက်ပြီး တယောက် လွှတ်ကာ၊ နေဦး မည်လား။

နအဖ ဗိုလ်ချုပ်ကြီး များ ၏ ဓါတ်ငွေ့ကြွယ်ဝ မူများ မှ၊ ဈေးကြီးပေး ငှားရမ်း ထားသော၊ ကုလသမဂ္ဂ လော်ဘီ အဖွဲ့အစည်းများ မှ တဆင့်၊ ရာဇာလီ၊ ဂမ်ဘာရီ တို့ကဲ့သို့၊ အသုံးမတည့် ဒီမိုကရေစီ မဟုတ်သော နိုင်ငံများ မှ၊ မလိုင်ခြစ် စေလွှတ်ရောက်ရှိ နေသော ကုလကိုယ်စားလှယ် အတုအယောင် ၊ နောက်ထပ် တယောက် ရွေးချယ် ခန့်ထား ဦးမည်လား။
အဆုံးမတော့၊ ကုလသမဂ္ဂ ကို အားကိုးလို့ မရ ကြောင်း၊ အားလုံးသိရှိ နေပြီးသော် လည်း၊ မိမိ တို့ တတ်နိုင် သမျှ၊ ယခု မစ္စ အင်ဂရစ် ကဲ့သို့ပင်၊ အသံမြှင့် ပြောဆို နေကြ ရ ဦး မည်ပင်။ ဗမာပြည် ဒီမိုကရေစီ ရေး အတွက်၊ အဓိက လက်နက် မဟုတ် သော် လည်း၊ ပေါ်လစီ သီချင်း တပုဒ် ထက် မက တော့၊ ရှိနေရ ပေ ဦးမည် မဟုတ်ပါလား။

ကိုးကား-http://www.innercitypress.com/un1assk090908.html




No comments :