Tuesday 16 September 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ထုတ်ပြန်ကြေညာချက်အပေါ် ကိုမိုးသီးရဲ့ အမြင်


(စက်တင်ဘာ - ၁၆ ရက်၊ ၂၀၀၈)

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စီအီးစီက စက်တင်ဘာ ၁၆ ရက်စွဲနဲ့ ကြေညာချက် တစောင်ထုတ်ပြန်ထားပါတယ်။ သူတို့ ကြေညာချက်မှာဒေါ်စုက အစာငတ်ခံဆန္ဒပြတာမဟုတ်ဘူး။ ခေါ်ခင်ဝင်းနေမကောင်းလို့  အစာကိုချွေတာစားသောက်တာလို့ ဆိုတာဟာ နိင်ငံခြားသားတယောက်ယောက် ကို သွားပြောရင် စီအီးစီကို " အရူးတွေ" လို့ ပြောမှာဖြစ်ပါတယ်။

ဒီကြေညာချက်က ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်လောက်အထင်သေးသွားစေနိင်သလဲ ။
ကိုယ်နဲ့အတူနေနေတဲ့ရဲဘော်တယောက်နေမကောင်းနေရင်သူကလိုအပ်တဲ့အစားသောက်တောင်ပိုတောင်းပေးဦးမှာပေါ့။ စီအီးစီ ကြေညာချက်မှာ ဒေါ်စုက ပို့ နေတဲ့ အစာကိုမပို့ နဲ့ တော့ ငါဒို့ ကိုမတရားဖမ်းထားတယ်။
ငါဒို့ မှာလွတ်လပ်မှုမရှိဘူး ( ဒေါ်ခင်ဝင်းနှင့်သူ့ သမီး ကို အပြင်မထွက်ရတာ၊ စာအုပ်စာတန်းဖတ်ခွင့်မရှိတာတွေကြောင့် )အစာသောက်တွေကိုလက်မခံတာ ထင်ရှားနေပါတယ်။ နိင်ငံတကာသတင်းအေဂျင်စီတွေကလည်း ဒီအချက်ကိုလက်ခံထားတယ်။

နောက်တချက်က ဒေါ်စုဟာ အားနည်းနေပါတယ်လို့ ကြေညာလိုက်ပါတယ်လို့ ဆိုတယ်။
ဒီအချက်က လုံးဝလက်မခံနိင်ပါဘူး။ စီအီးစီက ဆရာဝန်တွေမဟုတ်ပါဘူး။
ဒေါက်တာတင်မျိုးဝင်းက ဒေါ်စုကျန်းမာရေးအခြေအနေအလွန်ဆိုးနေပါတယ်လို့ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာသိ၊ ကမ္ဘာသိခေါင်းဆောင်ကြီးတဦးပါ။ သူရဲ့ ကျန်းမာရေး နဲ့ နေ့စဉ် အခြေအနေတွေကို တကမ္ဘာလုံးက သိခြင်တယ်။ စိုးရိမ်ပူပန်နေကြတယ်။
စီအီစီရဲ့ ကြေညာချက်ဟာ အမှန်တရားကို ဖုံး ကွယ်ထားတာ ထင်ရှားနေတယ်။ စီအီးစီ ဟာ
ခေါင်းဆောင်မှု အရည်အသွေး( Leadership Ability ) ကင်းမဲ့နေတာကိုလည်းပြသနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး အခြေအနေကိုတတ်သိနားလည်တဲ့သမားတော်တဦးရဲ့ တရားဝင် ကြေညာချက်ထုတ်ပြန်ပေးဖို့  ကျနော်တို့ တောင်းဆိုပါတယ်။

မိုးသီးဇွန်
ph;၃၄၇-၄၇၅-၂၅၄၂

2 comments :

Anonymous said...

ရူးနေလာ..NLD ခေါင်းဆောင်တွေ....

Yinaye said...

Pls check the date of the statement. The date was last year 2007 September. This letter may be fake. Be careful about counter attack. You have been ripped off rumors, and false information many time.