Tuesday 16 September 2008

NLD လူကြီးမင်းများ

ဒေါ်အောင်ဆန်းစုကြည်အစာငတ်ခံနေခြင်းမဟုတ်ပါ..နေထိုင်မကောင်းဖြစ်နေသော၊ ၄င်းအားစောင့်ရှောက်နေသည့်ဒေါ်ခင်ခင်ဝင်းအားပိုမိုစားစေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှချွေတာစားသုံးနေခဲ့သဖြင့်အားနည်းနေသည်ဟုကြေညာချက်ထုတ်ပြန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိ လူကြီးမင်းများခင်ဗျား…. ဒေါ်အောင်ဆန်းစုကြည်အစားများချွေတာစားရလောက်အောင်ဘာအတွက်ကြောင့်
သူမ၏နေအိမ်အတွင်းအစားအစာများနည်းပါးနေသည်ကို
ထပ်မံ၍ဥာဏ်ပညာကြီးမားလှစွာသောလူကြီးမင်းများ၏
ထုတ်ပြန်ချက်တခုအားထပ်မံထုတ်ပြန်ပေးပါရန်လေးစားစွာနိုးဆော်လိုက်ရပါသည်ခင်ဗျား…
သို့မဟုတ်ပါကလူကြီးမင်းများအနေဖြင့်အလိုက်တသိနှင့်အမျိုးသားရေးဦးဝင်းနိုင်အားအတုယူကာ
တရားဘာဝနာများပွားများအားထုတ်သင့်ပြီဟုသဘောပေါက်ကြစေလိုပါကြောင်း။

No comments :