စစ်အစိုးရ ၏ ကြေးစား ဟက်ကာ များ သည် moetheezun.org ကို hack လုပ် ရုံမက komoethee.blogspot.com ၏ password ကို ပါ reset လုပ် ကြိုး စား နေ ပါသည်။ ထို. အပြင် oaktayaaung@gmail.com နာမည် ဖြင့် fake emails များ လည်း ပို. ကာ အများ ပြည်သူ ထင်ယောင် ထင်မှားဖြစ် စေရန် တိုက်ခိုက် လျှက် ရှိပါသည်
ကျနော်တို့ ဖက်က ပြန်ပြီးတော့ ဒီလို အောက်လမ်းနည်းနဲ့ လုပ်မည်မဟုတ်ပါ။ မနေ့က သူတို့ ဆိုက်ကို ပြန်ဝင်နေချိန်မှာ ပေးဝင်ထားခဲ့ပြီး သူတို့ ဝင်လာတဲ့လမ်းကြောင်းကို ခြေရာဖျောက်ရှင်းလင်းရေးမလုပ်ခင် သူတို့ ၀င်လာသော လမ်းကြောင်းကို ပြန်လည်ခြေရာခံကာ domain ကို အခြား hosting ဖြစ်သော netfirms သို့ ပြောင်းခဲ့ပါသည်။ ပြောင်းပြီး နှစ်နာရီခန့် အကြာတွင် ထို netfirms hosting ကိုလည်း နအဖ ၏ ကြေားစားများဖက်မှ အောင်မြင်စွာ compromised လုပ်နိုင်သည်ကို မိမိတို့ စောင့်ကြည့်ပြီး မှ သူတို့  တင်သွားသော page အား ချက်ချင်းဖြုတ်ကာ domain ကို အခြား နေရာတစ်ခုသို့  pointing လုပ်ခဲ့ပါသည်။
မိမိတို့အနေဖြင့် ထိုကဲ့သို့အောက်တန်းကျသော တိုက်ခိုက် နည်းမျိုးဖြင့်ပြန်လည်တိုက်ခိုက်ရန် အစီအစဉ်မရှိပါ။ အဘယ်ကြောင့်ဆိုသော်
မိမိတို့ဖက်မှ ပြန်လည်တိုက်ခိုက်မှုပြုလုပ်လျှင် ၀န်ထမ်းလူငယ်များအား ဆူပူဆဲဆို ဟိန်းဟောက်အလုပ်ထုတ်ရုံမက ဘ၀ပါပျက်အောင် ရက်စက်ကြမည့် နအဖ စစ်အာဏာရှင်၏ အကျင့်ဆိုးကို ကြိုသိပြီးဖြစ်ပါသည်။
မိမိတို့ကြောင့်မည်သည့် မြန်မာ လူငယ်လေးတစ်ဦးမျှ ဒုက္ခရောက်မခံနိုင်ပါသဖြင့် နအဖ ၏ အောက်တန်းကျမှုအား မည်သို့မျှပြန်လည်တုန့် ပြန်မည်မဟုတ်ပါ။ ပိုမိုလုံခြုံသော hosting service ကိုသော်လည်းကောင်း မိမိတို့ ဟာမိမိတို့ server ထောင်ကာ လုံခြုံရေး အပြည့်ယူနိုင်မှ သာ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပါသည်။
ယခု အခါ မိမိတို့ မှာ shared hosting ကိုသာဈေးပေါပေါဖြင့်သုံးစွဲနေရရာ လုံခြုံရေးနှင့်ပတ်သက်လာလျှင် hosting company မှညံ့လျှင် မိမိတို့ ပါ အလိုအလျှောက်ခံရမည်ဖြစ်ပါသည်။
နအဖ မှ ထိုကဲ့သို့ ကြေးစား hackers များငှားကာ မိမိတို့ ၏ site ပေါ်တွင် မိမိတို့ ခေါင်းဆောင် ကိုမိုးသီးသေပြီဟုတင်လိုက်သည်တွင် ထောင်ပေါင်းသောင်းပေါင်းများစွာသော အီးမေးများ မိမိတို့ ဆီသို့ ရောက်ရှိလာကာ ၀မ်းနည်းကြောင်း ယခုကဲ့သို့ တိုင်းပြည်အတွက် တစိုက်မတ်မတ် ပေးဆပ်လုပ်ကိုင်လာသော ကျောင်းသားတစ်ဦး အားဆုံးရှုံးရသည်မှာ တိုင်းပြည်အတွက်နစ်နာကြောင်း စာနာ ၀မ်းနည်းပြောဆိုလာသည်ကိုတွေ့ ရသည့်အတွက် နအဖ၏ ထိုကဲ့သို့ မဟုတ်မမှန်တင်လိုက်သော သတင်းကိုပင် မိမိတို့က ကျေးဇူးတင်ရတော့မလိုဖြစ်တော့၏။ အဘယ်ကြောင့်ဆိုသော် မိမိတို့ အား ပြည်သူလူထုနှင့် နအဖ အတွင်း မှ အရာရှိအရာခံကြီးများကိုယ်တိုင်ပင် လိုလား မျှော်လင့် စာနာ အားကိုးကြောင်းတွေ့လိုက်ရသဖြင့်ဖြစ်ပါသည်။
အကယ်၍ ထို ဆိုက်တွင်သာ သန်းရွှေ သို့ မဟုတ်ကျော်ဆန်းသေပြီဟု တင်လိုက်လျှင်လည်း ပြည်သူလူထုက မေးမည်ဖြစ်ပါသည်။ အသေစောလှချည်လားဟုလည်း ပြောကြမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အနှီ အယုတ်တမာတို့ ၏ အခွက်အား တံတွေးဖြင့် မသေမချင်း ပက်မသတ်လိုက်ရသောကြောင့် ပင် ဖြစ်ပေတော့၏။
ယခု လည်း မိမိတို့ ဘလော့အား အသည်းအသန် ရရှိရန် နေ့ မအိပ်ညမအိပ် မျောက်မီးခဲကိုင်မိသလို ကြိုးစားနေသည်ကိုလည်း ထပ်မံ၍ မိမိတို့ ၏ ပြည်သူလူထု နှင့် အတူ သေဖော်သေဖက် တိုက်ဖော်တိုက်ဖက် အားလုံးအားလုံးသော ဒီမိုကရေစီ ဖက်တော်သားများအားအသိပေးလိုက်ပါသည်။
Fake email
mindfulness07@gmail.com
Received: by 10.86.90.8 with SMTP id n8cs93220fgb;
Sat, 20 Sep 2008 23:13:20 -0700 (PDT)
Received: by 10.114.170.1 with SMTP id s1mr2638358wae.161.1221977598117;
Sat, 20 Sep 2008 23:13:18 -0700 (PDT)
Return-Path:
Received: from heroicpub.com (adsl-gte-la-216-86-202-205.mminternet.com [216.86.202.205])
by mx.google.com with ESMTP id m27si5940393pof.6.2008.09.20.23.13.14;
Sat, 20 Sep 2008 23:13:18 -0700 (PDT)
Received-SPF: fail (google.com: domain of me@localhost.com does not designate 216.86.202.205 as permitted sender) client-ip=216.86.202.205;
Authentication-Results: mx.google.com; spf=hardfail (google.com: domain of me@localhost.com does not designate 216.86.202.205 as permitted sender) smtp.mail=me@localhost.com
Received: from heroicweb ([127.0.0.1]) by heroicpub.com with Microsoft SMTPSVC(5.0.2195.6713);
Sat, 20 Sep 2008 23:13:51 -0700
Date: Sat, 20 Sep 2008 23:13:51 -0700
Subject: Burmese Freedom Fighter Passed Away
To: mindfulness07@gmail.com
From: Oaktaya Aung
Reply-To: smth@mail.com
MIME-Version: 1.0
Content-Type: text/plain
Content-Transfer-Encoding: 8bit
Return-Path: me@localhost.com
Message-ID:
X-OriginalArrivalTime: 21 Sep 2008 06:13:51.0093 (UTC) FILETIME=[377DEA50:01C91BB1]
Dear All
Our Burmese Freedom Fighter "Moe Thee Zun" has car accident at New York City. www.moetheezun.org
komoethee blog password resetting
Hi there,
This username recovery email was requested by a team member of the blog http://komoethee.blogspot.com/. If you did not request this email, you may ignore it. Each team member will receive notice of their own personal login information.
No comments :
Post a Comment