Thursday 9 October 2008

ကျနော်မြင်တယ်။ ကျနော်ပြောတယ်၊


ကျနော်တို့  ဘလောက်ကိုအားပေးနေတဲ့ ညီအကိုမောင်နှမတွေ တပ်မတော်သားတွေအတွက် "ကျနော်မြင်တယ်။ ကျနော်ပြောတယ် အစီအစဉ်ကို" ကျနော်ပုံမှန်ရေးပေးပါတယ်။ ဒီလိုရေးဖို့ ဆုံးဖြတ်တာကတော့ ဒီနေ့ ကမ္ဘာကြီးက အပြောင်းအလဲတွေ မြန်မြန်ဆန်ဆန်နဲ့ ပြောင်းလဲနေသလောက် ကျနော်တို့ ဗမာပြည်ရဲ့ ဖြစ်စဉ်ကတော့အလွန်နှေးကွေးလှပါတယ်။ ဆောင်းပါးရှည်တွေရေးဖို့ အချက်အလက်စုဆောင်း - Outline ဆွဲနေတုံးမှာပဲ အခြေအနေသစ်တခုမွေးဖွားလာပါတယ်။ ဒီတော့ရေးလက်စတန်းလန်း နဲ့ မပြီးတဲ့ဆောင်းပါးတွေ များလာတယ်။ ပြောခြင်တာတွေလည်းလွတ်ကုန်ပါတယ်။ ဒါကြောင့် ကျနော်မြင်တွေ့ ခဲ့သမျတွေကို ကျနော်ပြောမဲ့အစီအစဉ်ကို တင်ဆက်ပေးပါမယ်။

ပထမဆုံးပြောခြင်တာကတော့ အမေရိကန်မှာ ၁၉၃၀ ခုနစ် ကမ္ဘာစီးပွားရေးပျက်ကပ်ကြီးအပြီးမှာ ၂၀၀၈ ခုနစ်
စီးပွားရေး အကြပ်ဆိုက်မှု က အဆိုးဆုံးအခြေအနေကိုဆိုက်ရောက်လာတော့မှာဖြစ်ပါတယ်။
ကျနော်တို့  We fight We Win အဖွဲ့ ဝင်တဦး ဖြစ်တဲ့ ကိုမြတ်စိုးက ဆောင်းပါးတွေရေးပြီး
စာဖတ်သူတွေကို အသိပေးတင်ပြခဲ့ပါတယ်။ ပြင်ဆင်စရာတွေရှိရင်ပြင်ဆင်နိင်အောင်လို့ ပါ။ ကိုဘိုဘိုကျော်ငြိမ်းကလည်း မဇ္ဈိမမှာ ဆောင်းပါးတပုဒ်ရေးခဲ့တာကိုဖတ်လိုက်ရပါတယ်။ ကြောက်စရာကောင်းတဲ့ ဘဏ္ဍာရေးအကြပ်ဆိုက်မှုကြီးကို မြန်မာမီဒီယာတွေမှာ အလေးအနက်မဖေါ်ပြကြသေးပါဘူး။


ဒီနေ့စီအန်အန်မှာပါလာတဲ့သတင်းအတိုလေးကတော့အနုပညာရှင်တဦးဖြစ်တဲ့ကအမေရိကန်စီးပွားရေးအကြပ်ဆိုက်မှုကိုပြောင်လှောင်သရောတဲ့အနေနဲ့  သုညငွေစက္ကူ တသောင်းကို ကော်ပီကူးပြီး နယူးယောက်မြို့  စတော့ အိပ်ချိန်းမှာ ရှေ့ မှာ ဖြန့် ဝေခဲ့ခြင်းဖြစ်ပါတယ်။





မြန်မာပြည်အတွက် သတင်းဆိုးနဲ့ သတင်းကောင်း နစ်ခုဖြစ်လာပါတယ်။ သတင်းဆိုးကတော့ အမေရိကန်ငွေကြေးအကြပ်ဆိုက်မှုကြီးနေ တကမ္ဘာလုံးကိုပျံနှံနိင်ပြီး မြန်မာ့ပြည်ကိုပါ ရိုက်ခတ်လာနိင်ပါတယ်။ သတင်းကောင်းကတော့ ကျနော်တို့ မြန်မာလူထုလက်ထဲမှာ အစုရှယ်ရာတွေမရှိတာပဲ။ ဒီတော့လည်းခတ်အေးအေးပဲပေါ့။ဘာပူစရာရှိလဲ။ ဒါပေမဲ့ ကျနော်တို့ မြန်မာတွေက ငွေရှိရင်ဘဏ်တွေမှာ အပ်နှံလေ့မရှိပါဘူး။
ကျနော် ဖွားအေကြီးဆိုရင်သူပိုက်ဆံကို မွေ့ ရာအောက်မှာပဲသိမ်းလေ့ရှိတယ်။

နောက်တခုက နိင်ငံတကာမှာရောက်နေတဲ့  ကျနော်တို့ မြန်မာအတော်များများက အလုပ်တွေကုန်းရုမ်းလုပ်ကြ။ ရတဲ့ငွေကို ကျစ်ကျစ်ပါအောင်စုပြီး မြန်မာပြည်က မိသားစုတွေကိုထောက်ပံ့ကြတယ်။ တချို့ ငွေပိုငွေလျံရှိတဲ့သူတွေက မြန်မာပြည်ကိုလှမ်းပို့ ပြီး အိမ်တွေခြံတွေဝယ်ကြခြင်းပဲဖြစ်တယ်။ ဒါကြောင့်တိုင်းပြည်က စီးပွားပျက်နေတဲ့ကြားထဲက အိမ်ဈေးတွေဟာ အစမတန်တက်လာတာကိုတွေ့ ရပါတယ်။ ကျနော်မိတ်ဆွေတဦးကလည်းသူမြန်မာပြည်မှာ အိမ်တွေလှမ်းဝယ်နေတာကိုကျနော်ကိုလာပြောတဲ့အခါမှာ စိတ်မသက်မသာဖြစ်ရပါတယ်။ သူကို ဘာဖြစ်လို့ မြန်မာပြည်မှာ အိမ်တွေဝယ်နေရာတာလည်း ဒါဟာ အလွန်အန္တရယ်များတယ်လို့ ကျနော်သတိပေးဘူးတယ်။ ဘာဖြစ်လို့ လည်းဆိုတော့
အရောင်းအ၀ယ်ကဒီလောက်မကောင်းဘူး။ မြန်မာပြည်မှာ က ဘာမှမသေခြာဘူး။ စစ်အစိုးရက အိမ်တွေကိုဖျက်တာ သိမ်းတာတွေကိုလုပ်လေ့ရှိတယ်။ ဒါကြောင့် မြန်မာပြည်မှာ အိမ်တွေကိုဝယ်တာဟာ အလွန်အန္တရယ်များတယ်လို့ ကျနော်သတိပေးရခြင်းဖြစ်ပါတယ်။ နောက်တခုက အိမ်ဈေးဈေးကွက်ကို ဖျက်သလိုဖြစ်နေတယ်။ အရင်းနှီးကိုလည်းသေသွားစေပါတယ်။ အိမ်က ရောင်းမထွက်ရင် ကိုယ်အရင်း အလကားနေရင်သေသလိုဖြစ်သွားနိင်လို့ ပါ။
ဒီတော့ မြန်မာပြည်မှာ အိမ်တွေကိုလှမ်းဝယ်နေကြရင် အိမ်းဈေးကွက်ပျက်ပြီး ငွေအရင်းသေသွားတဲ့အတွက် တခြားရင်းနှီးမြုပ်နှံမှုတွေကိုလုပ်ကြစေခြင်ပါတယ်။

မိုးသီး-






Summary

Rest of your post

No comments :