
ကျနော်တို့ ခေတ်မှာ အကြီးကျယ်ဆုံး ရူပဗေ ဒ ပါမောက္ခ စတင်ဗင် ဟော့ကင်း က နောက်နစ်ပေါင်း ၂၀၀ အထိ လူသားမျိုးနွယ်တွေဟာ စင်္ကြ၀ဌာကြီးမှာ လုံခြုံမှုရှိရှိနေရဦးမယ်လို့ ဆိုပါတယ်။ သူက ALS ဆိုတဲ့ရောဂါကိုခံစားပြီးကထည်းက စကားပြောလို့ လှုပ်ရှားလို့ မရလောက်အောင်ဒုက္ခတိဖြစ်နေသူပါ။ သူက စီအန်အန်သတင်းစာဌန အင်တာဗျူးလုပ်ခဲ့စဉ်မှာပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
အနာဂတ်မှာ လူသားမျိုးနွယ်တွေဟာ အကာသထဲမှာ ရှိလာနိင်တယ်လို့ သူက ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။ သူက နောက်နစ်ပေါင်း ၁၀၀ လောက်အထိ ကမ္ဘာမြေအနေနဲ့ ဒုက္ခ တွေကို ကျော်လွားနိင်ဦးမယ်။ နစ်ပေါင်း တထောင် ဒါမှမဟုတ် သန်းနဲ့ ချီပြီးကြာခြင်ကြမယ်။ လူသားမျိုးနွယ်တွေအနေနဲ့  သူရဲ့ ဥတွေကို ခြင်းတောင်းလေးတခုထည်းမှာ ဒါမှမဟုတ် ဂြိုလ်တခုတည်းပေါ်မှာ မထားသင့်တော့ပါဘူး။ စင်္ကြာဝဌာအနံ ခြေဆန့် ဖို့ လိုနေပါပြီ။ စကြာဝဌာထဲကိုထိုးဖေါက်လေ့လာရေးအစီအစဉ်တွေကို တိုးတက်လုပ်ဆောင်သင့်တယ်။ ကျနော်မှာ စကြာဝဌာစီမံကိန်းနဲ့ ပတ်သက်လို့ အကောင်းမြင်သမားတယောက်ပါ။
တကယ်လို့ ကမ္ဘာေ မြ ပျက်သုဉ်းမဲ့ စိန်ခေါ်မှုတွေကို နောက်နစ်ပေါင်း ၂၀၀ အထိကျနော်တို့ ရှောင်ရှားနိင်မယ်ဆိုရင် လူသားမျိုးနွယ်တွေ ဟာ ဆက်လန်ရှင်သန်နေမယ်။ စကြာဝဌာကြီးကို ထိုးဖေါက်လာနိင်လိမ့်မယ်လို့ ယုံကြည်တယ်။
စကြာဝဌာအကြောင်းကိုလေ့လာဖို့ အတွက် လူသားမှာ တာဝန်မရှိပါဘူး ဒါပေမဲ့  မလေ့လာပဲပြစ်ထားမယ်ဆိုရင်တော့ ရူးတာပဲ အမြင်တိုတာပဲ။ ဘာဖြစ်လို့ လည်းဆိုတော့ အရေးအကြောင်းကြုံလာရင်ကျနော်တို့ လူသားတွေအနေနဲ့  ဆက်လက်ရှင်သန်နိင်ဖို့ အတွက် အဓိကသော့ချက်ဖြစ်နေလို့ ပါပဲ။ လူသားတွေအတွက် ကြီးမားတဲ့ဘေးအန္တရယ်က ဘာလည်းဆိုတာကျနော်စဉ်းစားတယ်။ လူသားမျိုးနွယ်ရှင်သန်ရေးကိုခြိမ်းခြောက်တဲ့ဖြစ်ရပ်တွေ အတိတ်မှာ အကြိမ်ကြိမ် ကြုံခဲ့တယ်။ ၁၉၆၃ ခုနစ်ကဖြစ်ခဲ့တဲ့ ကျူးဘားဒုံးပျုံ အရေးအခင်း - Cuban Missile Crisis - ကတခုအပါအ ဖြစ်ပါတယ်။ ပရောဖက်ဆာစတီဗင်ဟော့ကင်းကို Next Eiestin - လို့ လည်းတင်စားကြပါတယ်။ သူက Blackhole Theory ကိုဖေါ်ထုတ်ရှင်းပေးခဲ့တယ်။ လွန်ခဲ့တဲ့ နစ်ပေါင်း ၂၀ ခန့် က " အချိန်ရဲ့  သမိုင်းအကျဉ်းချုပ်" (A Brief History of Time ) စာအုပ်ကိုရေးသားခဲ့ပါတယ်။ သူက ဂုဏ်ထူးဆောင်ဘွဲ ၁၂ ခုကိုလည်း တကသိုလ်ကြီးတွေကချီးမြင့်တာကိုရရှိထားပါတယ်။
စကားပြောလို့ မရ၊ လမ်းလျောက်လို့ မရ ကုန်ကုန်ပြောရရင်စာတောင်ရေးလို့ မရအောင်ကို ဒုက္ခတိဖြစ်နေသူပါ။ အထူးပြုလုပ်ထားတဲ့ စက်အကူညီနဲ့ ဆက်သွယ်မှုကိုပဲပြုလုပ်နိင်ပါတယ်။ သူက အခုခါမှာ အာကသထဲကို ကိုယ်တိုင်သွားရောက်လေ့လာဖို့ အတွက် နတ်ဆာကနေစီစဉ်ပေးထားပါတယ်။
No comments :
Post a Comment