မှားပြီးရင်းမှားနေတဲ့ သန်းရွေစစ်အစိုးရ
ကော့မှုးမြို့ နယ်က ဘိုးဘွားပိုင်လယ်မြေခြံမြေတွေကိုသိမ်းယူနေပါတယ်။ ဒီသတင်းကို အာအက်ဖ်မှာ အောက်တိုဘာ ၁၁ ရက်နေ့ က ကြေညာသွားပါတယ်။ လယ်တွေကိုသိမ်းတာဟာ အလွန်မှားတဲ့လုပ်ရပ်လို့ ကျနော်ပြောခြင်ပါတယ်။ လယ်တွေကိုသိမ်းခြင်း ပြည်သူပိုင်လုပ်ခြင်းဟာ တိုင်းပြည်စီးပွားရေးကိုတိုက်ရိုက်ထိခိုက်စေပါတယ်။
နောက်တက်လာမဲ့ ဘယ်အစိုးရမဆိုဒီအမှားမျိုးကိုမလုပ်ဖို့ လိုပါတယ်။
လယ်တွေကို ပုဂလိကပိုင်ဆိုင်မှုအသိမှတ်ပြုခြင်းဟာဖြင့် လယ်သမားတွေကို
Incentive မက်လုံး ကို ဖြစ်ပေါ်စေပြီး လယ်ယာမြေအထွက်တိုးစေပါတယ်။ လယ်ယာမြေတွေကိုတန်ဖိုးတက်စေပါတယ်။ တန်ဖိုးတက်လာစေခြင်းအားဖြင့်
အရင်းကိုတိုးပွားလာစေနိင်ပါတယ်။ လယ်မလုပ်ခြင်ရင် လယ်သမားအနေနဲ့  လယ်ကိုရောင်းချ
ရင်ဒါမှာမဟုတ် အပေါင်ခံခြင်းနိင်ခြင်းအားဖြင့် အရင်း- Capatial အဖြစ်ပြောင်းလဲနိင်တယ်။
အရင်းရှိလာတဲ့အခါမှာ တခြားလုပ်ငန်းတခုခု ဥပမာ စက်ရုံအသေးစားတွေတည်ထောင်တာ
တခြားစီးပွားရေးတွေကိုလုပ်ကိုင်လာနိင်ပါတယ်။ ဒါဆိုရင် အလုပ်တွေကို ဖန်တီးနိင်တယ်
အလုပ်သမားအနေနဲ့ လည်း ၀င်ငွေတိုးလာနိင်ပါတယ်။
မြန်မာပြည်မှာ အရင်းဟာ လုံးဝကို ကုန်ခန်းနေပါတယ်။ တခုတည်းသော စီးပွားရေးပြန်လည်ဦးမော့လာဖို့ အတွက် ကတော့ လယ်ယာမြေတွေကို ပိုင်ဆိုင်အသိမှတ်ပြုတာ လယ်တွေကို ဝေခြမ်းပေးတာမျိုးတွေကို အစိုးရတွေအနေနဲ့ လုပ်ရမှာဖြစ်ပါတယ်။ လယ်တွေကိုသိမ်းယူရင်တော့ လယ်ယာမြေပြသာနာကို အကြီးအကျယ်ဖြစ်ပေါ်လာစေနိင်ပါတယ်။ နောက်ဆုံးမှာ တိုင်းပြည်စီးပွားရေးကိုထိခိုက်လာနိင်ပါတော့တယ်။ ဒါကြောင့် မောင်အေးဘာသွားရှုပ်လဲဆိုတဲ့ဆောင်းပါးမှာ လယ်တွေကိုပုဂလိကပိုင်ဆိုင်မှုပြုဖို့ 
ကျနော်ရေးသားခဲ့ပါတယ်။
ဒီလိုမြေတွေကိုသိမ်းတာကို ကျနော်တို့ ဘာလုပ်ရမလဲ။ ဒီလုပ်ရပ်ဟာ မောင်အေးက
ဘင်္ဂလားဒေါရှ်နဲ့  လယ်တွေငှားရမ်းတဲ့သဘောတူညီမှုတွေ လုပ်လာခဲ့ပြီဆိုရင်
တော့ မြန်မာလယ်သမားတွေအတွက်အခြေအနေအတော်ကိုဆိုးဝါးလာနိင်ပါတယ်။
ကျနော်တို့ လုပ်ရမှာကတော့ တနိင်ငံလုံးမှာရှိတဲ့ လယ်သမားတွေကို စတင်စည့်းရုံးရမယ်။
လယ်တွေကို နအဖသိမ်းနေတာကိုကန်ကွက်ရမယ်။ လယ်တွေကိုပုဂလိကပိုင်ဆိုင်မှုအသိမှတ်ပြုဖို့ တိုက်ပွဲဝင်ကြရမယ်။
ကန်ကွက်တိုက်ပွဲဝင်ဖို့ အချိန်ကြ ပြီလို့ တပ်လှန့် လိုက်ရပါတယ်။
Saturday, 11 October 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment