Tuesday, 28 October 2008

မြန်မာ့  ပတ္တမြားနဲ့ ကျောက်စိမ်း ကို အမေရိကန် ပိတ်ပြီ။






အမေရိကန်က မြန်မာနိုင်ငံက ကျောက်မြက်ရတနာ
တွေကိုတင်ပို့ နေမှုကို ဥပဒေထုတ်ပြန် ပြီးတားမြစ်
လိုက်ပြီဖြစ်ပါတယ်။ ဒီဥပဒေကို တွန်လန်းတိုစ် -မြန်မာကျောက်စိမ်းဥပဒေ လို့ ခေါ်ပါတယ်။ ဆီနိတ်တာ တွန်လန်းတို့ စ် က ကွန်ကရက်ကိုအဆိုပြု ခဲ့လို့ ပါ။ ဆီးနိတ်က တညီတညာတည်း ထောက်ခံခဲ့ပါတယ်။ ဒီဥပဒေက အရင်က အတည်ပြုပြီးသားရှိသော်လည်း တရားဝင် အကျိုးသက်ရောက်မှုကတော့ ခုမှရှိလာမှာဖြစ်ပါတယ်။ အတည်ပြုပြီးသွားတဲ့အတွက် ကျောက်မြက်ရတာနာ ရောင်းချနေတဲ့  အမေရိကန်ဈေးကွက်က ဥပဒေကို
လိုက်နာလာအောင်ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ ဒီဥပဒေက တနလာင်္နေ့ (အောက်တိုဘာ ၂၈၊၂၀၀၈ ) ကနေစပြီး အသက်ဝင်မယ်။ တတိယနိင်ငံ တခုခုက နေအမေရိကန်ဈေးကွက်ကိုရောက်လာတာတွေကို
ို စတင်စီစဉ်သွားတော့မယ်လို့ ဆိုပါတယ်။ ဒါကို Customs and border Protection – CBP. ကနေ ဆောင်ရွက်သွားမယ်။ ဒီဥပဒေမှာ အားနည်းချက်တွေရှိနေတယ်။ ဒါကတော့ တတိယနိင်ငံတွေ မြန်မာပြည်ထွက် ပတ္တမြားနဲ့ ကျောက်စိမ်းကိုဖြတ်တောက်သွေးယူလာရင် တားဆီးရတာခက်ခဲနေနိင်တယ်လို့ သိရပါတယ်။








ဗိတိသျှ ဘုရင်မကြီး သရဖူပေါ်နဲ့  လည်စွယ်ပေါ်က မြန်မာ့ ပတ္တာမြားကို ထည်ဝါစွာတွေ့ ရစဉ်။

No comments :