Wednesday, 29 October 2008

ရန်ကုန်မြို့ တော်ဝန် ဦးအောင်သိန်းလင်း စီကရက်နဲ့ အရက်ကြေညာများကို တားမြစ်


မြို့ တော်ဝန် ဗိုလ်ချုပ်အောင်သိန်းလင်းဟာ နအဖ ဗိုလ်ချုပ်တွေထဲမှာ ချီးကျူးစရာကောင်းတဲ့ဗိုလ်ချုပ်တယောက်ဖြစ်ပါတယ်။
သူအကြောင်းကိုကျနော်တို့ ဘလောက်မှာယခင်ကလည်း
ဖေါ်ပြခဲ့ဘူးတယ်။ ဗိုလ်ချုပ်သန်းရွေ တို့ မောင်အေး တို့ နဲ့ ကွာခြားမှုကတော့ တိုင်းကျိုးပြည်ကျိုးပြုစိတ်သူမှာရှိတယ်။ အခုသူက စီးကရက်တွေ၊အရက်ကြေညာတွေကို ရန်ကုန်မြို့ နဲ့ အခြားမြို့ ကြီးတွေမှာ ကြေညာခွင့်မပြုတော့ဘူးလို့  အမိန့် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
ဒီအမိန့် အရ အားကစားပွဲတွေ၊ ပြည်သူလူထုအများစုဝေးတဲ့နေရာတွေမှာလည်း စီးကရက်နဲ့ အရက်ကြေညာမှုတွေမလုပ်ရဘူးလို့ ဆိုတယ်။ တက္ကသိုလ်နဲ့ ကျောင်းတွေမှာ ဆေးလိပ်မသောက်ရတဲ့အမိန့် ကိုလည်းသူက ၂၀၀၆ ခုနစ်ကတည်းထုတ်ပြန်ခဲ့ပါသေးတယ်။ ဘယ်လောက်သက်ရောက်မှုရှိနေသလဲဆိုတာ
ကိုတော့ မသိရပါဘူး။ ဆေးလိပ်နဲ့ အရက်ကြေညာတွေကို လူမြင်ကွင်းကနေ ဖျောက်ဖြစ်လိုက်တာတော့ ဒါဟာအလွန်ကောင်းတဲ့ ဆုံးဖြတ်ချက်တခုဖြစ်တယ်။ နအဖစစ်အစိုးရတက်လာကတည်း စီးကရက်နဲ့ အရက် ကြေညာတွေဟာမြင်လို့ မကောင်းအောင်နေရာအနှံဖြစ်နေတယ်။ ပြည်သူလူထုကျမ္မာရေးကို ဆိုးဆိုးဝါးထိခိုက်စေခဲ့ပါတယ်။ ကျေးလက်ဒေသမှာအထူးသဖြင့်အမျိုးသမီးများသောက်သုံးမှုအလွန်များနေပါတယ်။ ဗိုလ်ချုပ်အောင်သိန်းလင်းဟာ သူမြို့ တော်ဝန်ရာထူးကိုလက်ခံလာခြင်းမှာပဲ ဂျိုးဖြူပိုက်လုံးကိုသန့် ရှင်းရေးလုပ်ပြီး ရေဖြန့် ဖြူးမှုကိုပိုမိုတိုးတက်အောင်ဆောင်ရွက်ခဲ့ဘူးပါတယ်။
( ဓါတ်ပုံ- မြို့ တော်ဝန် ဗိုလ်ချုပ်အောင်သိန်းလင်း ရန်ကုန် မြို့ မြူနီစပယ် ကိစ္စများကိုကိုယ်တိုင်
်ကွင်းဆင်းဆောင်ရွက်နေစဉ် )


No comments :