Thursday, 30 October 2008

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြန်မာပြည်မှာ သေဆုံးသွားပြီ


ကမ္ဘာ စီးပွားရေး ကျ ၊ မြန်မာ့စီးပွားရေးပျက် တဲ့အတွက် နိင်ငံခြားခရီးသွားများ မြန်မာပြည်ကို မလာသလောက် ဖြစ်နေပါတယ်။ မြန်မာပြည်ကို လာအလည်ဆုံးက ပြင်သစ်တွေ၊ ပြင်သစ်တွေလည်း မလာသလောက် ဖြစ်နေတယ် လို့ ဆိုတယ်။ စကားပြန်တွေအတော်များများ အလုပ်လက်မဲ့ ဖြစ်နေပါတယ်။ ဒီလို ဖြစ်ရတာကတော့ ကမ္ဘာစီးပွားရေးဆင်းတာရယ်စစ်အစိုးရရဲ့ ကန့်သတ်ပိတ်ပင်မှုများကြောင့်ဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းမှာ စကားပြန်တဦးဖြစ်ခဲ့တဲ့ ကိုအောင်ပန်က ပြောပါတယ်။ နိင်ငံခြားခရီးသွားအတော်များများက မြန်မာပြည် တောတောင်ဒေသတွေကိုသွားချင်တယ်။ တိုင်းရင်းသားဒေသတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို အဓိက သွားချင်ကြတာလို့ သူကပြောပါတယ်။ ဒါပေမဲ့ စစ်အစိုးရက လုံခြုံရေးကိုအကြောင်းပြပြီး ခရီးသည်တွေကို သွားခွင့်မပြုတာ ခရီးသွားနေရင်း ရန်ကုန်ကို ပြန်လှည့်ခဲ့ရတာတွေကြောင့် ခရီးသွားလုပ်ငန်းတခုလုံး ရပ်ဆိုင်းရတော့မယ့် အခြေအနေကို ဆိုက်ရောက်လာပြီဖြစ်ပါတယ်။ မကြာသေးခင်ကလည်း နိင်ငံခြားသူ တဦးက ပခုက္ကူက ဘုန်းတော်ကြီးကျောင်းတခုကို သွားတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဘုန်းကြီးတွေနဲ့ တွေ့ဆုံပေးတဲ့ ပြစ်မှုနဲ့ အဆိုပါ Tourist Guide ရဲ့လိုင်စင်တနှစ်ပိတ်ပင်လိုက်ကြောင်းနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ပြောဆိုလုပ်ဆောင်ခဲ့လျှင် နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ အရေးယူ မည်ဟု ခရီးသွားဧည့်လမ်းညွှန်များနှင့် ခရီးသွားအေဂျင်စီများကို ဟိုတယ်နဲ့ခရီးမှ ၂၇.၁၀.၂၀၀၈ နေ့စွဲနဲ့ ခြိမ်းခြောက်စာ ထုတ်ပြန်ခဲ့ပါတယ်။ အလားတူစာမျိုးကိုလည်း စက်တင်ဘာတော်လှန်ရေးအပြီး အောက်တိုဘာလ အတွင်းတုန်းကလည်း စက်တင်ဘာ တော်လှန်ရေးအတွင်းသေဆုံးမှုကို အစိုးရသတင်းစာက ကြေညာတဲ့အတိုင်း ဧည့်သည်များကို ပြောကြရန်၊ တိုင်းပြည်ငြိမ်းချမ်းကြောင်းပြောကြရန်၊ ဟိုတယ်နဲ့ခရီး ညွှန်ကြားရေးမှုး ဦးခင်မောင်လတ် လက်မှတ်ရေးထိုးထားတဲ့ ခြိမ်းခြောက်စာကို ခရီးသွားဧည့် လမ်းညွှန်များထံ ဖြန့်ဝေခဲ့ဖူးပါသေးတယ်။


No comments :