Tuesday 7 October 2008

တပ်မတော်အရာရှိတယောက်ရဲ့ ပြန်စာ



မှားနေတာလေးနည်းနည်းဝင်ထောက်ပေးမလို့ သေနတ်က အမ်အေ-၁၃၊ အရာရှိတွေကိုင်ဆောင်ဖို့အတွက် ကာဘိုင်နဲ့အစားထိုးပေးထားတာ အခုတော့ ပြန်သိမ်းလိုက်ပြီ၊ နီးနီးလေးပဲရောက်လို့ထင်ပါ့။ကျုပ်တို့တော့ ကိုင်ဖူးလိုက်ပါသေးတယ်။ အခုတော့ အမ်အေ-၃ ကိုပြောင်းကိုင်ထားခိုင်းတယ်။ ယူနီဖောင်းလည်း အိတ်ရှူးပဲ။ (issue)ကိုပြောတာ။ အရင်တော်လှန်ရေးနေ့စစ်ရေးပြလျောက်ဖူးတဲ့ညီငယ်တယောက်ကန်တော့ထားလို့ အခုထိရှိတုန်း။ ကျုပ်ထင်တတော့ အီကွေးမန့်လည်း အိတ်ရှူးပဲဗျ ဘာလို့ဆိုတော့ fitသိပ်မဖြစ်ဘူး။ အခုနောက်ပိုင်းကပုံစံတော်တော်များများစမ်းထုတ်နေတယ်ေ လ။ ပြီးတော့ လက်မောင်းတံဆိပ်၊ တခါမှမမြင်ဖူးဘူးဗျ။ ကျုပ်အတွေ့အကြုံနဲ့ပြောရင်တော့ နိုင်ငံခြားသင်တန်းသွားတဲ့အရာရှိ၊ စစ်သည်ဖြစ်နိုင်တယ်။

နောင်ကြီးတို့ပြောသလို ဦးသန်းရွှေရဲ့ ကိုယ်ရံတော်တပ်သားပဲထားပါတော့။ အဲစစ်သည်နဲ့ ခြေလျင်စစ်သည်နဲ့ဘာကွာမယ်ထင်လဲ။ နေရာတိုင်းမှာ အကောင်းအဆိုးရှိတယ်နောင်ကြီး။
ကျုပ်လည်းအရာရှိငယ်ဘဝနဲ့တုန်းက လုံခြုံရေးတပ်စုမှူးအရမ်းဖြစ်ချင်တာဗျ။ စတိုင်ကမိုက်တယ်လေ။ ကျုပ်တို့ကဖြစ်မယ့်ဖြစ်တော့ လုံခြုံရေးတပ်ခွဲမှူးဖြစ်တာ။ သေချင်စော်ကိုနံသွားရော။ နေရတာတော့ ဘာဇိမ်ကျသလဲမမေးနဲ့။ ရေမီးအစုံ။ သွားလိုက်ရတာလည်းလွန်ရော။ မိန်းမနဲ့ပြန်အိပ်ဖို့နေနေသာသာ မိန်းမလက်ရာတောင်မစားနိုင်ဘူး။ ခြေလျင်မှာကျတော့ နေရထိုင်ရအတော်ဆင်းရဲတယ်။ ရှေ့တန်းထွက်တဲ့အချိန်ဆို စားစရာမရှိဘူး။ နဂိုထဲက သိပ်မလောက်ချင်တဲ့ရိက္ခာ ဆန့်စားလိုက်တဲ့အခါကျတော့ ဆန်ပြုတ်နဲ့ လက်တကမ်းဟင်းချိုနဲ့ညားရော။ ဒါပေမယ့် နောက်တန်းပြန်ဝင်တဲ့အချိန်၊ အနားပေးတဲ့အချိန်ကတော့ လုံခြုံရေးနဲ့စည်းရုံးရေးကလွဲရင် အေးဆေးပဲ။ နောင်ကြီးပြောသလို ခြေလျင်စစ်သားကိုင်တဲ့သေနတ်က အနုတ်စုတ်ဂုတ်စုတ်တော့ မပြောပါနဲ့။ ဓါတ်ပုံထဲက စစ်သည်ကိုင်ထားတဲ့ သေနတ်နဲ့ ၂ လက် ၁ လက်ယှဉ်ပစ်လို့ရပါတယ်။ တောထဲမှာပြောတာနော်။ လက်နက်တွေအကြောင်းသိချင်ရင်တော့ သက်ဆိုင်တဲ့ ဝက်ဘ်ဆိုက်မှာရှာပြီးလေ့လာကြည့်ပေါ့ဗျာ။ နောင်ကြီးတို့ကလည်း စစ်သားများဝဖီးနေရင် မသထာရေစာတွေစားပြီး ဝဖီးနေတယ်ပြောတယ်။ ပိန်ပြန်တော့ အဟာရမပြည့်တဲ့ ရုပ်တဲ့။ ဘာမှကိုအပြောမလွတ်ဘူး။ ကျုပ်လည်း ဒီမှာအမြဲနီးပါးဝင်ဖတ်ဖြစ်ပါတယ်။ ညီငယ်တယောက်လမ်းညွန်လို့လေ။
တချို့အကြောင်းအရာတွေကျတော့ အမှန်တရားလေးတွေပါ။ ဒါပေမယ့် ဖြစ်သင့်တဲ့အမှန်တရားဆိုတာလည်းရှိသေးတယ်။ နေရာတိုင်းမှာကန့်သတ်ချက်ရှိတယ်။
တချို့သော ရေးသားချက်တွေကျတော့၊ စိတ်မရှိနဲ့ဗျာ။ ရီချင်တယ်။ ကျုပ်အခုပြောသွားတဲ့အထဲမှာ မြန်မာတပ်မတော်အရေးလေ့လာနေတဲ့ ပြောခွင့်ရ ဝါရင့်နိုင်ငံရေးသမားကြီးများ ဖတ်မိရင်လည်း နောင်မြန်မာ့တပ်မတော်အကြောင်း သတင်းရေးတဲ့အခါ ပြင်သင့်တာတွေပြင်ပေါ့ဗျာ။ ဒါမှမဟုတ်ရင်တော့ နောင်ကြီးတို့ရေးတဲ့အကြောင်းအရာတွေဟာ စစ်သည်တွေရင်ထဲဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။

တပ်မတော်အရာရှိတယောက်ရဲ့ ပြန်စာ ကို ပြန်လည်ဆွေးနွေးချက်

စစ်တပ်ထဲမှာ အခွင့်အရေး ခွဲခြားမှူ တွေ ရှိတယ် မရှိဘူးဆိုတာကတော့ ကျွန်တော် တို့ လက်ညိုး
ထိုးပြစရာမလိုပါဘူးဗျာ ခင်ဗျားတို့ ကိုယ်တိုင် အသိဆုံးပါ .. နိုင်ငံတကာမှာရောက်နေတဲ့ ဗမာ
တွေကို စစ်တပ်အကြောင်းနားမလည်တဲ့ မသိတဲ့သူတွေချည်းပဲလို့ မအောက်မေ့လိုက်ပါနဲ့  စစ်တပ်အကြောင်းကို အတွင်းကျကျ သိတဲ့သူတွေ အများကြီးပါ ပါဝန်းကျင်အမျိုးမျိုး အဖုံဖုံကလူ
တွေပေါ့ ..။ ခင်ဗျားအနေနဲ့  ကနည်းပြတစ်ယောက်လဲ ဖြစ်တော့ ကျုပ်တို့ တွေထက် တိုင်းပြည်မှာရှိတဲ့လူတိုင်းထက် တကယ်တာဝန်ကြီးတဲ့လူတွေပါ .. ဘာဖြစ်
လို့ လဲဆိုတော့ အနာဂါတ်တိုင်းပြည်ကို ၉၂.၄ ရာနှုန်းနဲ့ ဦးဆောင်မယ့် တပ်မတော် အတွက် အနာ
ဂါတ်မျိုးဆက်သစ်ခေါင်းဆောင်တွေကိုမွေးထုပ်ပေးနေရတဲ့သူပါ .. ဒီလူတွေရဲ့အတွေးအခေါ်ဟာ
တိုင်းပြည်အတွက် အကောင်းအဆိုး ဆုံးဖြတ်နိုင်စွမ်းရှိတယ် ဆိုတာခင်ဗျားကိုယ်တိုင် သေသေချာ
ချာချင့်ချိန်ပြီး နည်းပေးလမ်းပြလုပ်ရမှာမျိုးပေါ့ဗျာ .. ကျုပ်သူငယ်ချင်း နည်းပြပြုတ်ကြီးကတော့
ပြောဖူးတယ် သူက အပါတ်စဉ် ၄၄၊ ၄၅ တွေကိုပြခဲ့တုန်းက စိတ်ကုန်လွန်းလို့ ပြောဖူးတယ်တဲ့
မင်းတို့  ကောင်တွေ တပ်ရင်းမှူးတွေဖြစ်တဲ့အချိန်တိုင်းပြည်ပျက်မယ်..မင်း တို့ တပ်မမှူးတွေတိုင်း
မှူးတွေ ဖြစ်ရင်တော့ တပ်ပါ ပျက်မယ်လို့ စိတ်ဆိုးဆိုးနဲ့ ပြောဖူးတယ် တဲ့ .. ဘာဖြစ်လို့ လဲဆို
တော့ သာမန် ရဲဘော် သင်တန်းတွေမှာဖြစ်လေ့ ဖြစ်ထရှိတဲ့ ရေး၃ အမှူတွေ အမြဲတမ်းဖြစ်လို့ ဆို
ပဲ .. အဲဒီတော့ အပါတ်စဉ် ၄၄၊၄၅ တွေ တပ်ရင်းမှူးဖြစ်ဖို့ ကနောက်ထပ်သိပ်မှမလိုတော့ပဲ .. ။

စစ်တပ်ထဲမှာ အင်တာနက်သုံးနိုင်တဲ့ အရာရှိနဲ့  .. တောထဲမှာ နေရတဲ့ စစ်ဗိုလ် ..ခံယူချက်ခြင်း
အခွင့်အရေးခြင်းကတော့ ကွာပြီးသားပါ .. ဒါပေမယ့် ဗိုလ်ချုပ်ဖြစ်ဖို့ ဆိုတာကတော့ ဒီခေတ်
မှာ မိုးပေါ်ကအပ်နဲ့ မြေကြီးကအပ် ထိပ်ခြင်းတွေ့ ကြတာမျိုးပါ ..
မတရားသောအမိန့် အာဏာနဲ့ မညီမျှတဲ့အခွင့်အရေးဆိုတာ စစ်တပ်ထဲမှာ အံ့သြစရာကောင်းတဲ့
အရာမဟုတ်ပါဘူး ခင်ဗျားသတိထားမိရင်သတိထားမိပါလိမ့်မယ် ဗမာပြည်မှာ စစ်သားတွေနဲ့ 
ဝန်ထမ်းတွေကို ထောက်ပံ့ကြေး၅ဝဝဝ စပေးတဲ့ သမိုင်းကြောင်းလေးအကြောင်းပါ ..။
အဲဒီအချိန်က ရှမ်းအရှေ့ မှာတာဝန်ကျနေတဲ့ တပ်ရင်းတစ်ရင်းမှာ ရဲဘော်တွေ မိသားစုတွေအတွက်
သက်သာချောင်ချိရေးဆိုပြီး ခင်ဗျားတို့ ဆီကလူကြီးတွေထုံးစံအတိုင်း စာရွက်တွေအပေါ်မှာ ဇယားတွေ စံနစ်တကျဆွဲ လမ်းညွှန်ချက်တွေ ပေးပြီး ဌာနချုပ်တပ်ခွဲမှူးဖြစ်တဲ့ အဲဒီဗိုလ်မှူးကို
လုပ်ခိုင်းပါတယ် .. ဘယ်လိုမှလက်တွေ့ မကျတဲ့ လမ်းညွှန်ချက်တွေ စီမံကိန်းတွေနဲ့ အဲဒီမတရား
တဲ့အမိန့် အာဏာကို အကောင်အထည်ဖေါ်ဖို့ ဘယ်လိုမှမဖြစ်နိုင်တာမို့ နောက်ဆုံး စာရှည်ကြီး
တစောင် ရေးပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားပါတယ် .. အဲဒီအမှူဟာ ခင်ဗျားတို့ စစ်တပ်နဲ့ 
ဝန်ထမ်းတွေ ကို သက်သာချောင်ချိရေး ဆိုပြီး ၅ဝဝဝ ထုပ်ပေးတဲ့ ကိစ္စရဲ့ အကြောင်းတစ်ခုဖြစ်
တယ်ဗျ ..
အခွင့်အရေး တန်းတူရတယ်မရဘူးဆိုတာကတော့ .. ခင်ဗျားတို့ အခြေအနေကို
တကယ်တော့ ကျွန်တော်တို့ သိသင့်သလောက်သိပါတယ် .. ခင်ဗျားတို့ ရင်ထဲမှာ ယောင်္ကျား
ပီ
ပီ အမှန်တရားဖက်ကရပ်တည်တယ် မတည်ဘူးထက် အမှန်ကိုမြင်ပြီး အမှန်ကိုပြောသင့်တဲ့အချိန်
ရောက်နေပါပြီ ..။

Sources:
Myanmar Cupid Community Forums