
သံလိုက်အိမ်မြှောင် တွေ ကိုယ်စီနဲ့ကောင်တွေပဲ
လမ်းမှားနေကြတာ။
အဲဒီကောင်တွေ ပွေလီကောက်ကွေ့ပုံများ
စစ်သုံးမြေပုံပေါ်က ကွန်တိုတွေတောင်မမှီ။
ထစ်ကနဲဆို ပစ်ရဲယုံနဲ့
ယောက်ျားသတ္တိလို့အယူလွဲကြတာ
ကြောက်တတ်တာကတော့ နိုဘယ်ဆု ဆယ်ခါပေးမလောက်အောင်
မွေးစကလေး အူဝဲအော်ရင်တောင်မှ ကျီးလန့်စာစား။
အေးလေ...
လူထဲမှာ မနေရဲ မတော်မှတော့
မင်းတို့နေတဲ့နေရာ နေပြည်တော်ခေါ်ခေါ်
ဘာခေါ်ခေါ်
တော်ရာမှာ နေရတယ်ဆိုတဲ့စကား
ခပ်ကြွားကြွားအူပြရင်း
မနက်မလင်းခင် လူယောင်ဆောင်ကြဦးပေါ့ ...........။
မဟာအလက်ဇန္ဒြား ချက်ကြီး
No comments :
Post a Comment