Tuesday 7 October 2008

မောင်အေး ဘင်္ဂလားဒေ့ရှ် ကို ဘာသွားရှုပ်သလဲ

-မိုးသီး -

မောင်အေး ဘင်္ဂလားဒေ့ရှ်နိင်ငံကိုသွားတယ်။ သူနဲ့ အတူ လူ၅၅ ယောက်ပါသွားတယ်။
- အာရှအဝေးပြေးကားလမ်းဖေါက်ဖို့ 
- မြန်မာလယ်ယာတွေ ဘင်္ဂလားဒေါရှ့် ကိုငှားရမ်းဖို့ ကိစ္စတွေပါဝင်တယ်။
- ရေကြောင်းပိုင်နက် သတ်မှတ်ဖို့ ကိစ္စ
- ကုန်သွယ်ရေး၊ယဉ်ကျေးမှု ဖလှယ်ရေးနဲ့  ရိုဟင်ဂျာ ကိစ္စတွေပါဝင်တယ်။ဒီထဲမှာ အာရှအဝေးပြေးလမ်းဖေါက်တဲ့ ကိစ္စနဲ့  မြန်မာလယ်ယာတွေကို ဘင်္ဂလားဒေါရှ့် ကိုငှားရမ်းဖို့ ကိစ္စတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အာရှ ဟိုက်ဝေးကတော့ ရွေပြည်တော်မျှော်တိုင်းဝေး၊ ဘယ်တော့မှမပြီးနိင်တဲ့ ပရောဂျက် တခုဖြစ်နေပါတယ်။ ကုလသမဂ ဖွင့်ဖြိုးရေး အစီအစဉ်တခုဖြစ်တဲ့ - United Nations Economic and Social Commission for Asia and the Pacific (ESCAP -က ၁၉၅၉ ခုနစ်မှစတင်ပြီး အာရှနဲ့ ဥရောပ ကို ဆက်သွယ်ရေး ဖေါက်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ စတင်လာခဲ့တာပါ။ အာရှတလွား ၃၃နိင်ငံအတွင်းကိုဖြတ်သန်းပြီး ဥရောပအထိ ဆက်သွယ်ဖို့ ရည်မှန်းခဲ့တယ်။





ဥရောပ နိင်ငံတွေလို ကားလမ်းမီးရထားလမ်း တွေကွန်ယက်သဖွယ် ဖေါက်လုပ်ကြပြီး နိင်ငံကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ကို အစွမ်းကုန်မြင့်တင်နိင်ဖို့ ဖြစ်တယ်။ ဒီပရေဂျက်ဟာ ဥရောပမှာ အကြိုးအမြတ်တွေကို အမြောက်အများခံစားနေရပါတယ်။
အာရှမှာတော့ ရည်မှန်းချက်ကတော့ကောင်းပါတယ်။ ဒီလမ်းတွေဖေါက်ဖို့ အတွက် အာရှနိင်ငံတွေရင်ဆိုင်နေရတဲ့ ရောမစိန်ခေါ်မှုကတော့ နိင်ငံရေးမတည်ငြိမ်မှုတွေနဲ့  ငွေကြေးအခက်ခဲဖြစ်တယ်။ ပရောဂျက်ကနှောင့်နှေးနေဆဲဖြစ်ပါတယ်။ ၁၉၇၅ ခုနစ်မှာ ငွေကြေးမလုံလောက်မှုကြောင့် စီမံဂျက်ရပ်ဆိုင်းသလောက်ဖြစ်ခဲ့တယ် ၊ ၂၀၀၃ ခုနစ် ဘန်ကောက်မှာပြန်လည်ဆွေးနွေးပြီး၂၀၀၄ ခုနစ်မှာ ရှန်ဟိုင်းမှာ သဘောတူလက်မှတ်ရေးထိုးကြပြန်တယ်။


ပရောဂျက်မှာဖေါ်ပြထားတဲ့ ဖေါက်လုပ်မဲ့လမ်းတွေက AH1, AH2 , AH3
စသဖြင့် AH 87 အထိရှိပါတယ်။ ဒီပရောဂျက်မြေပုံအရ မြန်မာပြည်ကိုဖြတ်သွားမဲ့  အာရှကားလမ်းမကတော့ AH1 , AH2 တွေဖြစ်ပါတယ်။ AH-1 က မိုင်ပေါင်း ၁၂၈၄၈ မိုင်၊ AH-2 က ၈၃၂၆ မိုင်လို့  ဖေါ်ပြထားတယ်။ ထိုင်းမှာတော
အရှအဝေးပြေးလမ်းမကြီးဟာဖေါက်လုပ်ပြီးစီလို့  မြန်မာနိင်ငံမဲဆောက်မြို့ အထိအဆုံးသတ်ပေးထားပါပြီ။ မြန်မာဖက်ကတော့ ဆက်လက်မဖေါက် နိင်သေးပဲ ကယ်သူဝေးဖြစ်နေပါတယ်။ မဲဆောက်ကနေ မြ၀တီကမ်းလမ်းမဟာ သေခါနီးလူမမာလို ဖုတ်လိုက်ဖုတ်လိုက်နဲ့  ၀င်သက်ထွက်သက်ကိုမနည်းရူနေရပါတယ်။ (စုတ်ပြတ်နေတဲ့ကားလမ်းဟာ တလမ်းသာဖြစ်ပြီး ကားတွေက အသွားတရက်အပြန်တရက်နဲ့  မိုင် ၅၀ လောက်ခရီးကို အသက်ကိုဖက်နဲ့ ထုတ်ပြီးသွားနေရတယ်လို့သိရပါတယ်။)


ဒီအခြေအနေမှာ မောင်အေး ဘင်္ဂလားဒေါ့ရှ်ကိုကားလမ်းဖေါက်ဖို့ သွားတယ်ဆိုတာ အတော့ကိုရီစရာကောင်းတဲ့ခရီးစဉ်ပါ။ ဒီလမ်းကြီး မြန်မာ ပြည်က ဖေါက်လုပ်ပြီးစီးသွားရင်ကောင်းပါတယ်။ မကောင်းတာကတော့ နိင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးအရအကြပ်ဆိုက်နေတဲ့ မြန်မာနိင်ငံမှာ ဘယ်တော့ဒီလမ်းကြီးပြီးမလဲ ဆိုတာပါပဲ။ မောင်အေးဟာ ဘင်္ဂလားဒေါရှ် ကို သွားတဲ့ခရီးစဉ်မှာ အရှအဝေးပြေးလမ်းဖေါက်ဖို့ ကိစ္စဟာ စိတ်ကူးယဉ်သက်သက်ဖြစ်မနေဘူးလား။



နောက်ဆွေးနွေးမဲ့အာဂျင်တာတခုကတော့ မြန်မာ့လယ်တွေကိုဘင်္ဂလားဒေ့ရှ် အစိုးရကိုငှားရမ်းမဲ့ကိစ္စဖြစ်ပါတယ်။ဒီကိစ္စကတော့ သမိုင်းတပတ်ပြန်လည်တဲ့ကိစ္စဖြစ်နေပါတယ်။ ဘာသမိုင်းလဲ။ ၁၉၃၀ ဆရာစံဦးဆောင်ခဲ့တဲ့ လယ်သမားသူပုန်ထမှုကြီးဖြစ်ပါတယ်။ ၁၈၈၅ ခုနစ်မှာအင်္ဂလိပ်က အရေးအချင်းညံဖြင်းပြီး သန်းရွေလို သောက်သုံးမကျလှတဲ့ သီပေါမင်းကို ဖြုတ်ချပြစ်ပြီး
တပြည်လုံးကို သိမ်းပိုက်လိုက်တယ်။ အင်္ဂလိပ်က ကုန်းဘောင်မင်းဆက်ကို မြန်မာ့သမိုင်းမှာ တခါတည်းမြေမြုပ်သဂြိလ်ပေးလိုက်တယ်။ ပြီးတော့ အင်္ဂလိပ်က ချစ်တီးတွေကိုခေါ်လာတယ်။
ချစ်တီးတွေဆိုတာ အိန္ဒယတောင်ပိုင်း ( ယခုဘင်္ဂလားဒေါရှ် နယ်က) အိန္ဒယနွယ်ဘွားတွေဖြစ်ပါတယ်။

မြေလွတ်မြေရိုင်းတွေကို စိုက်ပျိုးခွင့်ငှားရမ်းပေးလိုက်တယ်။ ဒီမှာတင်မြန်မလယ်သမားတွေမြေတွေဆုံးရှုံးတယ်။ ၁၉၃၀ မှာ ကမ္ဘာစီးပွားရေးပျက်ကပ်ဆိုက်လာတယ်။ လယ်သမားတွေမခံနိင်တော့ဘူး။ ငတ်လာပြီ။ ဒီတော့လယ်သမားအုံကြွမှုကြီးဖြစ်လာတော့တာပဲ။ ဒီလယ်သမားအုံကြွမှုကြီးက ပဲ မြန်မာ့ လွတ်လပ်ရေးအတွက် လူထုကို မျက်စိဖွင့်ပေးခဲ့တယ်။ခုလည်း အမေရိကန်က စတင်လိုက်တဲ့ငွေကြေး အကြပ်ဆိုက်မှုကြီးက တကမ္ဘာလုံးစီးပွားရေးကို ခြိမ်းခြောက်နေတယ်။ အမေရိကန် ဘာလုပ်လုပ် အဆိုးမြင်နဲ့ တလျောက်လုံးဝါဒဖြန့် လာတဲ့တရုပ်အစိုးရက အခုခါမှာ အမေရိကန်စီးပွားပျက်မှာကိုစိုးရိမ်နေရတယ်။ အမေရိကန်စီးပွားရေးအပျက်မခံနိင်ဘူးလို့ ဆိုနေတယ်။ တရုပ်က ကုန်သွယ်ရေးမှာ ပိုငွေ ( Surplus ) ဖြစ်နေတယ်။ အမေရိကန်က အာမခံ စာချုပ် ( Bond) တွေကိုအများဆုံးပိုင်တာ တရုပ်ဖြစ်နေတယ်။
( ဒီအကြောင်းကို " နင့် ကိုငါမုန်းလို့ မရသေးဘူး'' ဆိုတဲ့ ဆောင်းပါးတစောင်ကိုမဇိမမှာ မနစ်ကရေးထားခဲ့တယ်။ www.dfb8888.org ) မှာဖတ်လို့ ရတယ်။ ) တရုပ်သမတ ဟူကျင်းတောင်က တတ်နိင်ရင် ဥရောပနဲ့  တရုပ်အနေနဲ့ ဝိုင်းကူပေးသင့်တယ်လို့ ကမ်းလှမ်းခဲ့တယ်။ ရှင်းရှင်းပြောရရင်ကမ္ဘာစီးပွားရေးက မျက်ခုံးခပ်လှုပ်လှုပ်ဖြစ်နေတယ်။ဒီအချိန်မှာ မောင်အေးက ဘင်္ဂလားဒေါရှ်ကိုသွားပြီး မြန်မာ့လယ်တွေကိုငှားရမ်းဖိုစာချုပ်သွားချုပ်နေတယ်။ချစ်တီးတွေကိုတဖန်ပြန်လည်အသက်သွင်းပေးလိုက်သလိုဖြစ်လာနိင်ပါတယ်။
ရှင်းရှင်းပြောရရင် ကိုယ်စားရမဲ့  ထမင်း၊ ကိုယ်လူထုကိုကြွေးရမဲ့ထမင်း ကို သူများကိုကြွေးလိုက်လို့ ဖြစ်ပါတယ်။ နအဖက ချစ်တီးလက်သစ်တွေကိုလုပ်ပိုင်ခွင့်တွေအပြည့် အ၀ပေးရမှာပါ။ ဒါတွေက ပြေးကြည့်စရာမလိုဘူး။ မောင်အေး သဘောတူရမဲ့ဟာတွေက ချစ်တီးတွေကို လွတ်လပ်စွာစိုက်ပျိုးခွင့်၊ ကြိတ်ခွဲခွင့်၊ သယ်ဆောင်ခွင့် တွေ့ ပေးရမှာ မြေကြီးလက်ခတ်မလွဲပါဘူး။ ဒီပရောဂျက် အောင်မြင်ရင် ဘယ်သူတွေအကျိုးရှိမလဲ
ချစ်တီးလက်သစ်တွေနဲ့ နအဖ စစ်ခေါင်းဆောင်တွေပဲအကျိုးခံစားရမှာဖြစ်ပါတယ်။
ရောမ လယ်သမားအများစု ကြီးကတော့ ဆင်းရဲတွင်းကရုမ်းမထွက်နိင်ပဲ အတောမသတ်နိင်တဲ့ လူမှုဒုက္ခတွေကိုဆက်လက်ခံစားရမယ်။ အခုကို အလုပ်သမား ၄သန်းကျော်ဟာ ထိုင်းနိင်ငံထဲကိုတရားမ၀င်ဝင်ရောက်လုပ်ကိုင်နေကြရတယ်။ ကျနော်မဲဆောက်ကိုရောက်တော့ ဒီအလုပ်သမားတွေနဲ့ စကားပြောခဲ့ရတယ်။ အများစုက လယ်သမားတွေ၊ ကိုယ်လယ်တွေကို စွန့် ပြစ်ပြီး ထိုင်းလယ်ပိုင်ရှင်တွေဆီမှာ စရင်းငှားလာလုပ်နေရတဲ့ဘ၀ဟာ အလွန်ရင်နာစရာကောင်းလှတယ်။
မောင်အေးက ချစ်တီးလက်သစ်တွေကိုပေးမဲ့ အခွင့်အရေးတွေ လွတ်လပ်စွာ စိုက်ပျိုး၊ကြိတ်ခွဲ
ရောင်းချခွင့်တွေ ကိုပဲ မြန်မာလယ်သမားတွေကိုပေးလိုက်မယ်ဆိုရင်

၁- လယ်ယာမြေဟာ တဟုန်တိုး ဖွင့်ဖြိုးတိုးတက်လာမယ်။
၂- လယ်သမားတွေရဲ့ လူနေမှုအဆင့်တန်းမြင့်လာမယ်။
၃- တိုင်းပြည် ဘဏာငွေတိုးပွားလာမယ်။

ဒီထက်ကိုလေးလေးနက်နက်ပြောရရင် လယ်ယာမြေဖွင့်ဖြိုးတိုးတက်ဖို့  တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ဖို့  ဒီမိုကရေစီရှင်သန်သွားဖို့  ပညာရေးနဲ့ လူမှုရေးတွေတိုးတက်ဖို တခုတည်းသော အဖြေမှန် ( Silver Bullet Solution)့ အားလုံးအားလုံး ၉၆ ပါးဝေဒနာတွေပျောက်ကင်းဖို့  အဟောသိကံ တခုတည်းသော ဆေးကြီးကတော့ လယ်မြေ၊ အိမ်မြေတွေကို ပုဂလိက ပိုင်ဆိုင်မှုပေးဖို့ ပါပဲ။ ချစ်တီးတွေကိုမြေငှားဖို့ မလုပ်နဲ့ 
ကုမဏီတွေကို မြေငှားပြီး မစိုက်ခိုင်းနဲ့  ။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က လယ်မြေတွေကို လယ်သမားတွေကို မပေးပဲ ကုမဏီင်္တွေကို ပေးပြီး ရေနက်ကွင်းစပါးစိုက်ပျိုးရေးစီမံချက်လုပ်ခဲ့ပြီးလို့ ခွက်ခွက်လှန် ရှုံးခဲ့ပြီးပြီ။
ခုတခါ သမိုင်းမှာအင်္ဂလိပ်မှားခဲ့ဘူးတဲ့အမှားကိုပဲ ထပ်မံ လုပ်နေပါတယ်။ ခါးထောက်ကျိုက်ဖင်လွဲ လုပ်၊ ကိုယ်လူုထုစားရမဲ့ ထမင်းလုပ်ကို ချစ်တီးကို ကြွေးဖို့ လုပ်နေပါတယ်။ မောင်အေး အရှုပ်တွေထပ်မလုပ်နဲ့ လို့ မှာပါရစေ။

No comments :