Thursday, 9 October 2008

အိုနာကျိုးကန်း နအဖ သံအမတ်များ

ခိုင်လုံသောနေရာမှ လာသောသတင်းအရ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဒေါက်တာအောင်နိုင် သည် ယမန်နေ့  ည က နှလုံးရောဂါ ဖြင့် ရုတ်တရက်ကွယ်လွန်သွားပါသဖြင့်၊ မနက်ဖြန်မနက် ၁ဝ နာရီ ဖနွမ်းပင်မှ လာသော ထိုင်းလေကြောင်းဖြင့် အလောင်းကို ဘန်ကောက်
လေဆိပ်သို့ ဆိုက်ရောက်လာမည်ဖြစ်ပြီး ၊ ရန်ကုန်သို့ ဆက်လက်
ပို့ဆောင် မည်ဖြစ်ကြောင်းသတင်း ရရှိပါသည်။
အဆိုပါသံအမတ်ကြီးသည် ဦးသန်းရွှေ ၏ ဆေးအကြံပေးအဖွဲ့ ဝင်ဒေါက်တာတဦးဖြစ်ခဲ့ပြီး အသက် ၆ဝ ကျော်ပြီဟုသိရပါသည်။

အဆိုပါသံအမတ်ကြီးအရင်လွန်ခဲ့သော လဆန်းပိုင်းက နှလုံး သွေးကြောကျဉ်းရောဂါဖြင့်အသက်ရှုရပ်၊ နှလုံးးသွေးခုန်ခေတ္တ ရပ်ပြီး
ရုတ်တရက်သတိလစ်သွားသဖြင့်လွန်ခဲ့သောလ ထဲက ဆေးရုံတင်ထားရသော
ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးရဲထွန်းက
တော့ဆေးရုံမှ ဆင်းလာပြီးနောက်၊ တာဝန်ဝတ္တရားများကို
အချိန်ပိုင်းပြန်လည်ထမ်းဆောင်နေကြောင်းသိရပါသည်။

No comments :