Sunday 5 October 2008

ဘ၀ခြင်းမတူတဲ့ စစ်သားများ

စောစောကကျနော်တို့ ရဲဘော်တဦး တင် ထားတဲ့  သန်းရွှေ ကိုယ်ရံတော်ဆိုတဲ့စစ်သားရဲ့  ဓါတ်ပုံကိုကြည့်လိုက်မိပါတယ်။ တရုပ်လုပ်အူဇီသေနပ် ၊ ဦးထုတ်က ကိုရီးယား စစ်သားတွေဆောင်းတဲ့ တရုပ်လုပ်ဦးထုတ်၊ အကောင်းစားနာရီနဲ့ ၊ လမ်းလျောက်စကားပြောစက်၊ ပစ္စတိုတလက်၊
အီကွစ်မာန့်(equipment)အပြည့်အစုံ၊ လက်ပတ်မှာက
အလံ ( မဆလ ခေတ်က အလံ) နဲ ဟန်ရေးများနေတယ်။
( တခြားစစ်သားတွေမှာ အလံကို လက်မောင်းမှာ ပတ်ထားတာမတွေ့ ဘူး။
ဒါတွေကိုကြည့် ရင် အမေရိကန်ကို ဘာလုပ်လုပ်အကောင်းမထင်တဲ့ သန်းရွေက အမေရိကန်ပုံစံကို မသိမသာအတုခိုးနေတာကိုသတိပြုနိင်ပါတယ်။)

ဒါနဲ့ ဆန့်ကျင်ဖက် သာမန်မြန်မာ့တပ်မတော်ထဲက စစ်သားတွေဟာ ယူနီဖေါင်းအညံ့စား၊ သေနတ်ကလည်း
အနုတ်စုတ်ဂုတ်စုတ်၊ အမျိုးစားညံ့လှတဲ့ အီကွစ်မာန့် (equipment)တွေနဲ့  စားရတော့လည်း ပဲတောင်နပ်မမှန်၊လုပ်လိုက်ရတာကလဲ ခွေးလိုဝက်လို လုပ်ရ၊ နေရစားရတဲ့ဘ၀ က ထမင်းတလုပ်စားရဖို့ 
သန်းရွေခိုင်းသမျှ မြောင်းတူး၊ မြက်ရိတ် လူသတ် ရတဲ့ အလုပ်တွေ စိတ်ရောလူပါ နားချိန်ကိုမရှိဘူး။
လူဘ၀ရဲ့ အရသာဆိုတာ သန်းရွေ စစ်တပ်မှာ လုံးဝမရှိ၊ နားမလည်။

စက်တင်ဘာလှုပ်ရှားမှုတုံးက ဂျပန်သတင်းထောက်ကို ပစ်သတ်သွားတဲ့ စစ်သားဆိုရင် အဟာရမပြည့် တဲ့ရုပ်
ညစ်တီးညစ်ပတ် ကပိုကရို စုတ်စုတ်ပြတ်ပြတ်ရုပ်၊ အဆိုးဆုံးက ခြေထောက်မှာ စစ်ဖိနပ်တောင်မ၀တ်နိင်ရှာဘူး။
ပြီးရော၊ ဘာစစ်သားရုပ်မှကိုမရှိဘူး။ စစ်သားဆိုတဲ့ လေးစားကြည်ညိုစရာ မရှိပဲ ၊ သူခိုးဆိုရင်
သူများဖြစ်နိင်မလားလို့ အထင်ခံရတဲ့ရုပ်မျိုး။ ဒါက တကယ် မြန်မာ့တပ်မတော်ရဲ့ စစ်သားဘ၀အစစ်အမှန်ပါ။

နှိုင်းယှဉ်ကြည့်ပါ ။ စဉ်းစားကြပါ ရဲဘော်တို့ 

မြန်မာ့တပ်မတော် ရဲ့ စစ်သား ချင်း အတူတူတောင်မှ သန်းရွှေ အနား က မှန် ပါဘုရားလုပ်နေတဲ့  စစ်သားနဲ့ 
ခင်ဗျားတို့ စစ်သား ဘ၀ ဘာတွေမတူခြားနားနေသလဲ ။ ဘာတွေဖြစ်နေသလဲ ။ ခင်ဗျားဟာ လူသားစင်စစ်ဖြစ်ရင်တော့ ကင်းစောင့်နေတုံးမှာ တခါလောက်လေးစဉ်းစားလိုက်စမ်းပါ။
အင်မတန်ဆင်းရဲ နုံခြာလှတဲ့ ခင်ဗျား အမေအကြောင်း၊ အဖေအကြောင်း၊ ညီကိုမောင်နှမတွေအကြောင်း။ ရွာထဲမှာ ရပ်ကွက်ထဲမှာ လူရာအသွင်းမခံရတဲ့ ခင်ဗျားတို့ မိဘတွေအကြောင်း၊ ခင်ဗျားစစ်ထဲဝင်လိုက်လို့ 
သူတို့ ဟာ လူရာအသွင်းခံရပါသလား၊ ခင်ဗျားဘ၀ ဟာ ဘာအခွင့်အရေးတွေများပိုရလာတာရှိလဲ။

ဒီလိုဖြစ်နေတာ ခင်ဗျားတယောက်ထဲမဟုတ်ဘူး မြန်မာ့တပ်မတော်တပ်ဗိုလ်တပ်သားတိုင်းဖြစ်နေတာ။
ရှင်းပါတယ် သန်းရွှေဟာ သူ့အနား က ကိုယ်ရံတော်တပ်ကို ပဲ စစ်သားထင်တာ သူ့ တပ်မတော်လို့ သတ်မှတ်တာ ဖြစ်တယ်။ သန်းရွှေနဲ့ သန်းရွှေ ကို နာခံတဲ့  ကောင်တွေ သာ ကောင်းစား အောင်မြင်နေတာဖြစ်တယ်။

ီဒီနေ့ မြန်မာ့ တပ်မတော်မှာ ဘယ်သူတွေချမ်းသာနေလဲ စိတ်ဆိုးလို့ တောင်သေနပ်မဖေါက်ဖူးတဲ ၊့ သန်းရွေ သားမက် လို့ စွပ်စွဲခံခဲ့ရတဲ့  တေဇ၊ ပိုရင်နာဖို့ ကောင်းတာက ဗိုလ်သင်တန်းတောင်မအောင်တဲ့သူက
မြန်မာ့တပ်မတော်က ဗိုလ်တွေ ထက် ပိုလို့အခွင့်ထူးခံခွင့်ရ အဆမတန်ကြွယ်ဝချမ်းသာလာတာ တေဇပဲဖြစ်တယ်။ ခင်ဗျားက သန်းရွေအာဏာတည်မြဲရေးအတွက် မြက်ပေါက်ပေးနေချိန်မှာ သူက သန်းရွေသမီး၊ မော်ဒယ်လ်တွေ၊ ရုပ်ရှင်မင်းသမီးတွေနဲ့  အိပ်နေတယ်။

ခင်ဗျား တို့ သားသမီးတွေကို ကျောင်းကောင်းကောင်းမပို့ နိင်တဲ့အချိန်မှာ ဗိုလ်သင်တန်းတ၀က်တပျက်နဲ့ ထွက်လာတဲ့  တေဇ က သူသားသမီးတွေကို စကာင်္ပူကိုကျောင်းပို့ နေတယ်။

ခင်ဗျား အမေဖို့ ထမိန်တထည်တောင်ဝယ်ပေးဖူးပါသလား၊ တေဇကတော့ မော်ဒယ်လ်လေးတွေကို စကာင်္ပူနဲ့ ဂျပန်ကိုခေါ်သွားပြီး ရှော်ပင်(shopping)ထွက်နေတယ်။

စဉ်းစားရဲဘော်။ စဉ်းစား။

တောသားကြီး

4 comments :

lwlw said...

မှားနေတာလေးနည်းနည်းဝင်ထောက်ပေးမလို့ သေနတ်က အမ်အေ-၁၃၊ အရာရှိတွေကိုင်ဆောင်ဖို့အတွက် ကာဘိုင်နဲ့အစားထိုးပေးထားတာ အခုတော့ ပြန်သိမ်းလိုက်ပြီ၊ နီးနီးလေးပဲရောက်လို့ထင်ပါ့။ကျုပ်တို့တော့ ကိုင်ဖူးလိုက်ပါသေးတယ်။ အခုတော့ အမ်အေ-၃ ကိုပြောင်းကိုင်ထားခိုင်းတယ်။ ယူနီဖောင်းလည်း အိတ်ရှူးပဲ။ (ငျကန)ကိုပြောတာ။ အရင်တော်လှန်ရေးနေ့စစ်ရေးပြလျောက်ဖူးတဲ့ညီငယ်တယောက် ကန်တော့ထာလို့ အခုထိရှိတုန်း။ ကျုပ်ထင်တတော့ အီကွေးမန့်လည်း အိတ်ရှူးပဲဗျ ဘာလို့ဆိုတော့်ငအ သိပ်မဖြစ်ဘူး။ အခုနောက်ပိုင်းကပုံစံတော်တော်များများစမ်းထုတ်နေတယ်ေ လ။ ပြီးတော့ လက်မောင်းတံဆိပ်၊ တခါမှမမြင်ဖူးဘူးဗျ။ ကျုပ်အတွေ့အကြုံနဲ့ပြောရင်တော့ နိုင်ငံခြားသင်တန်းသွားတဲ့အရာရှိ၊ စစ်သည်ဖြစ်နိုင်တယ်။

နောင်ကြီးတို့ပြောသလို ဦးသန်းရွှေရဲ့ ကိုယ်ရံတော်တပ်သားပဲထားပါတော့။ အဲစစ်သည်နဲ့ ခြေလျင်စစ်သည်နဲ့ဘာကွာမယ်ထင်လဲ။ နေရာတိုင်းမှာ အကောင်းအဆိုးရှိတယ်နောင်ကြီး။
ကျုပ်လည်းအရာရှိငယ်ဘဝနဲ့တုန်းက လုံခြုံရေးတပ်စုမှူးအရမ်းဖြစ်ချင်တာဗျ။ စတိုင်ကမိုက်တယ်လေ။ ကျုပ်တို့ကဖြစ်မယ့်ဖြစ်တော့ လုံခြုံရေးတပ်ခွဲမှူးဖြစ်တာ။ သေချင်စော်ကိုနံသွားရော။ နေရတာတော့ ဘာဇိမ်ကျသလဲမမေးနဲ့။ ရေမီးအစုံ။ သွားလိုက်ရတာလည်းလွန်ရော။ မိန်းမနဲ့ပြန်အိပ်ဖို့နေနေသာသာ မိန်းမလက်ရာတောင်မစားနိုင်ဘူး။ ခြေလျင်မှာကျတော့ နေရထိုင်ရအတော်ဆင်းရဲတယ်။ ရှေ့တန်းထွက်တဲ့အချိန်ဆို စားစရာမရှိဘူး။ နဂိုထဲက သိပ်မလောက်ချင်တဲ့ရိက်ခါ ဆန့်စားလိုက်တဲ့အခါကျတော့ ဆန်ပြုတ်နဲ့ လက်တကမ်းဟင်းချိုနဲ့ညားရော။ ဒါပေမယ့် နောက်တန်းပြန်ဝင်တဲ့အချိန်၊ အနားပေးတဲ့အချိန်ကတော့ လုံခြုံရေးနဲ့စည်းရုံးရေးကလွဲရင် အေးဆေးပဲ။ နောင်ကြီးပြောသလို ခြေလျင်စစ်သားကိုင်တဲ့သေနတ်က အနုတ်စုတ်ဂုတ်စုတ်တော့ မပြောပါနဲ့။ ဓါတ်ပုံထဲက စစ်သည်ကိုင်ထားတဲ့ သေနတ်နဲ့ ၂ လက် ၁ လက်ယှဉ်ပစ်လို့ရပါတယ်။ တောထဲမှာပြောတာနော်။ လက်နက်တွေအကြောင်းသိချင်ရင်တော့ သက်ဆိုင်တဲ့ ဝက်ဘ်ဆိုက်မှာရှာပြီးလေ့လာကြည့်ပေါ့ဗျာ။ နောင်ကြီးတို့ကလည်း စစ်သားများဝဖီးနေရင် မသထာရေစာတွေစားပြီး ဝဖီးနေတယ်ပြောတယ်။ ပိန်ပြန်တော့ အဟာရမပြည့်တဲ့ ရုပ်တဲ့။ ဘာမှကိုအပြောမလွတ်ဘူး။ ကျုပ်လည်း ဒီမှာအမြဲနီးပါးဝင်ဖတ်ဖြစ်ပါတယ်။ ညီငယ်တယောက်လမ်းညွန်လို့လေ။
တချို့အကြောင်းအရာတွေကျတော့ အမှန်တရားလေးတွေပါ။ ဒါပေမယ့် ဖြစ်သင့်တဲ့အမှန်တရားဆိုတာလည်းရှိသေးတယ်။ နေရာတိုင်းမှာကန့်သတ်ချက်ရှိတယ်။
တချို့သော ရေးသားချက်တွေကျတော့၊ စိတ်မရှိနဲ့ဗျာ။ ရီချင်တယ်။ ကျုပ်အခုပြောသွားတဲ့အထဲမှာ မြန်မာတပ်မတော်အရေးလေ့လာနေတဲ့ ပြောခွင့်ရ ဝါရင့်နိုင်ငံရေးသမားကြီးများ ဖတ်မိရင်လည်း နောင်မြန်မာ့တပ်မတော်အကြောင်း သတင်းရေးတဲ့အခါ ပြင်သင့်တာတွေပြင်ပေါ့ဗျာ။ ဒါမှမဟုတ်ရင်တော့ နောင်ကြီးတို့ရေးတဲ့အကြောင်းအရာတွေဟာ စစ်သည်တွေရင်ထဲဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။

Unknown said...

a ko gyi lwin ko ko
nyi lae green 1 york par pal.lae lar nae thu so par top. nyi lae ka top net ma kwwan bu a ko . solldier twae yae feel ko people twae thi ag say par .thanks a lot par a ko gyi . lae sar par tal.96 56 par.

Tar Tae said...

စိတ်မရှိနဲ့ဗျာ။
ပြည်သူတွေ တပ်မတော်ကို ရွံရှာနေသည်၊ အမှန်တရားကို ရဲရင့်စွာ လက်ခံပါ။ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်ကို ပြန်လည်မြှင့်တင်ရန် လဒ်စားကြီးပွားနေသော စစ်အရာရှိများကို ဆန့် ကျင်ပြီး ပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခကို နားလည်ပေးရန် မေတ္တာရပ်ခံပါသည်။
မြန်မာ တပ်မတော်ဟာ လက်နက်မဲ့ သဃာတွေ ပြည်သူတွေကို သတ်ဖြတ်မှု မှာ သာ သူရဲကောင်းကြီး လုပ်နေတာပါ။