Wednesday 5 November 2008

ဘင်္ဂလားဒေ့ရှ် တရုပ်ကို တိုင်ကြား


ဘင်္ဂလားဒေ့ရှ်က ရေပိုင်နက် အငြင်းပွားမှု မှာ ၀င်ရောက် ဖိအားပေး ပြောဆိုပေးဖို့ တရုပ်နိင်ငံကိုချဉ်း ကပ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ် နိင်ငံခြားရေးဝန်ကြီး အာဖစ်ခါ အမက် ချောင်ဒရီ ( Itekhar Ahmed Chowdhury) က တရုပ်သံအမတ် ဇောင် ကွင်ဒင်း ( Zheng Qingdian) ကို ဒကာမြို့ မှာ တွေ့ ဆုံပြီး မြန်မာ စစ်အစိုးရကို ဖိအားပေးဖို့ တိုက်တွန်း
နေပါတယ်။ တရုပ်က မြန်မာကို ဆက်လက်ဖိအားပေး မယ်ဆိုရင်တော့ မြန်မာ့ ရေပိုင်နက်ဟာ ဆုံးရှုံး သွားရမဲ့အနေထားမှာ ရှိနေပါ တယ်။


မြန်မာ့ရေ ပိုင်နက်အတွင်း ကျူးကျော်လာတဲ့ ဘင်္ဂလားဒေ့ရှ် စစ်သဘောင်္တွေနဲ့ ပတ်သက်ပြီး စစ်အစိုးရက ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံအမတ်ကို ခေါ်ယူပြီး ကန့် ကွက်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၆ ရက်နဲ့  ၁၇ ရက်မှာတော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေ တွေ့ ဆုံ ပြီးအငြင်းပွားနေတဲ့ ရေပိုင်နက် ကိစ္စကို ဆွေးနွေး ကြမယ်။ ဘင်္ဂလားဒေ့ရှ် က
စွပ်စွဲနေတာကတော့ မြန်မာစစ်အစိုးရဟာ မနက်ကထည်းက အငြင်းပွား ရေပိုင်နက်အတွင်း မှာ သဘ၀ဓါတ်ငွေရှာဖွေ မှုတွေ ပြုလုပ်နေတယ်။ အိန္ဒယက အားပေး ကူညီနေတယ်လို့ စွပ်စွဲထားပါတယ်။

No comments :