Sunday, 16 November 2008
ဂျပန်သတင်းထောက် မိုတို ကီ တယောက် ပါကစ္စတန် နယ်စပ်မှာ ဒဏ်ရာရခြင်း
ဒီနေ့ မနက် အင်တာနက်မှာ သတင်းတွေဖတ်နေတုံး ကျနော် မိတ်ဆွေ ဂျပန် သတင်းထောက် မိုတိုကီ တယောက် ပါကစ္စတန် မှာ အတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်း ကို အေပီသတင်းမှာ ဖတ်လိုက်ရတယ်။ ( http://www.google.com/hostednews/ap/article) ။ သူဒဏ်ရာ အကြီးအကျယ်မရ တဲ့အတွက် စိတ်အေးသွားတယ်။
မိုတိုကီ ကို ကျနော်ပထမဆုံးတွေ့ တာက သီဘောဘိုးစခန်းမှာဖြစ်ပါတယ်။ တိုကျိုတက္ကသိုလ်မှာ သတင်းစာပညာလေ့လာနေတဲ့ ကျောင်းသားတဦးဖြစ်ပြီး ၈၈ အရေးတော်ပုံအပြီးမှာ ကျနော်တို့ ကျောင်းသားတွေ ထိုင်းမြန်မာ နယ်စပ်ကိုရောက်လာတဲ့သတင်းကို ကြားလို့  သူဆင်းချလာပါတယ်။ ဒီတုံးက သူလည်း ၂၀ ကျော်ဝန်းကျင် လူငယ်တဦးမျှ သာ။
ဒီတုံးက ကျနော်တို့ နဲ့ အတူ ဂျပန် လူငယ်အတော်တော်မျာ တောထဲကိုလာကြတယ်။ ကျနော်တို့ ကိုလာရောက်ကူညီကြတယ်။ ဒီထဲမှာ မိုတိုကီက တယောက်ပါတယ်။ အတော်များများက သတင်းထောက်တွေမဟုတ်ကြဘူး။ ကျောင်းသားတွေ ကျနော်တို့ ဆီမှာစစ် သင်တန်းတွေ ပါတက်ပြီး ကျနော်တို့ နဲ့ အတူ စစ်ကြောင်းတွေမှာ လိုက်ပါခဲ့ကြတယ်။ ဂျပန်ကျောင်းသားလူငယ်နဲ့ မြန်မာ လူငယ်တွေသွေးစည်ညီညွတ်မှုကို သူတို့ ပြသခဲ့ကြတယ်။ မိုတိုကီဟာ ကျနော်တို့ နဲ့  နစ်ပေါင်းအတော်ကြာအောင်နေထိုင် ပြီး မြန်မာပြည် အခြေအနေတွေကို ဂျပန်သတင်းစာတွေမှာ ရေးသားခဲ့တယ်။ မြန်မာ ပြည် မှာ ဖြစ်နေတဲ့ လူအခွင့်အရေးချိုးဖေါက်ခံရတဲ့ ဒီမိုကရေစီဆိပ်သုဉ်းနေတဲ့ သတင်းတွေကို ဂျပန်အစိုးရနဲ့  ဂျပန်လူမျိုးတွေသိအောင် သူတစိုက်မတ်မတ်ရေးတော့တယ်။
တောထဲမှာနေစဉ်ဟာ အေဘီအက်စ်ဒီအက် ယူနီဖေါင်းကို ၀တ် လေ့ရှိတယ်။ ရေပြောင်းမြေပြောင်းကြောင့်အသားမဲ လာပြီး ရုတ်တရက်ကြည့် ရင် ကရင်လူငယ်တယောက်လို ဖြစ်နေတယ်။ ပြုံရွင်နေတတ်ပြီး အင်မတန် အားနာတတ်တယ်။
၂၀၀၃ ခုနစ်မှာ ကျနော် ဂျပန်ကို ရောက် သူက အဆာဟီ သတင်းဌာန မှာ အယ်ဒီတာတယောက်ဖြစ်နေပြီ။ မိန်းမရပြီ့း ကလေးတယောက်ရနေတယ်။ ခုတော့သူက အဆာဟီ သတင်းဌာနမှာ ဗျူရို လူကြီးတယောက်ဖြစ်လာတယ်။ သူကိုနောက်ဆုံးတွေ့ တာက ၂၀၀၄ ခုစနစ် ဂျပန်ကို တခေါက်ထပ်ရောက် တဲ့အချိန် ဖြစ်တယ်။ သူနဲ့ အတူ တခြား ဂျပန်သူငယ်ချင်း ၃ ယောက်လည်းပါတယ်။ သူတို့ လည်းတောထဲမှာ အကြာကြီးနေသွားခဲ့သူတွေ ။ ကျနော်တို့ ဘားတခု မှာ ဆာကေး သောက်နေတုံး ဂျပန် တီဗွီက သတင်းကို ကြည့်နေကြတယ်။ ရုတ်တရက် ဂျပန် တီဗွီက ကြားဖြတ်သတင်း တခုကြေညာတယ်။ သတင်းမှာ မြန်မာသံရုံးမှာ ဂျပန်ရဲတွေ ၀ိုင်းအုံနေတယ်။ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးမှာ ဗုံးတွေ့ လို့ ဆိုတယ်။ ဗုံးဖေါက်ဖို့ စီစဉ်တာက ကျနော် လို့ စွပ်စွဲထားတယ်။ ကျနော်လည်း အံအားသင့်သွားကြတယ်။ သူတို့ က ကျနော်ကို ဂျပန်လို ဘာသာပြန်ပေးတာ။ မြန်မာ စစ်အစိုးရက ကျနော် ဂျပန်ရောက်နေတုံးမှာ ပြသာနာပေးတာပေါ့လေ။ သူတို့ စွပ်စွဲချက်က အခြေအမြစ်မရှိပါဘူး။ သတင်းပြီးတော့ ကျနော်တို့  ရီကြတယ်။ ဂျပန်ထုံးစမ်အတိုင်း ဘားတခုနဲ့ မပြီး နောက်ထပ် ၂ ခုပြောင်းသောက်ကြပြန်တယ်။ ကျနော်နဲ့ မိုတိုကီ နစ်ယောက်ပဲကျန်တယ်။ ဘားလာတဲ့ ဂျပန်တယောက်က ကျနော်ဖိနပ်ကို မှားစီးသွားတယ်။ သူဖိနပ်က ကျနော်နဲ့သေးနေတယ်။ ဖိနပ်မှားဆီးသွားတဲ့သူ တကယ်လို့ များပြန်လာရင် ပြန်လဲနိင်ဖို့  ကျနော် ဖုံးနံပတ်ကို မိုတိုကီက ဆိုင်ရှင်ကိုပေးခဲ့တယ်။ ကျနော် တည်းတဲ့နေရာကိုသူလိုက်ပို့ တယ်။မိုတိုကီက တော်တော် အားနာနေတယ်။ တောင်းပန်နေတယ်။ ဂျပန်တွေ က တော်တော် ရှက်တတ်တဲ့လူမျိုးတွေ။ ကျနော်တို့ က မနပုလောမှာ ဖိနပ်မှားနေကြ ပျောက်နေကြတွေဆိုတော့အရေထူနေပြီ။ မိုးလင်ခါနီးမှာ တယ်လီဖုန်းလာတယ်။
ကိုင်လိုက်တော့ ဖိနပ်မှားဆီးသွားတဲ့သူ။ စောစောစီးစီးကြီး လာပေးနေတယ်ဗျာ။ သူလည်းအဝေးကြီးကနေ ကျနော်နေရာကိုရအောင်လာခဲ့ရပုံရတယ်။ လမ်းထိပ်မှာချိန်းပြီး ဖိနပ်ခြင်းလဲလိုက်ကြတယ်။ ဒီလူက တောင်းပန်လို့ ကိုမပြီးတော့ဘူး။
ကျနော် တိုကျိုကနေ အမေရိကန်ကို ပြန်တော့ မိုတိုကီလိုက်ပို့ တယ်။ ဖိနပ်ကို ကြည့် ပြီး နောက်တခါလာရင် မပျောက်စေရပါဘူးလို့ သူက နောက်တယ်။
ဒီနေ့ မနက်တော့ မိုတိုကီသတင်းကို အေပီ သတင်းမှာ ပြန်ဖတ်မိတယ်။ တာလီဘန်တွေအခြေစိုက်နေတဲ့ ပါကစတန်နယ်စပ်ကို သတင်းသွားလိုက်ရာ က သေနပ်နဲ့ အပြစ်ခံထိပြီး ခြေထောက်ကို ဒဏ်ရာရတယ်လို့ သိရတယ်။ အေဘီအက်စ်ဒီအက်ဖ် က မိုတိုကီ ရဲ့ သူငယ်ချင်းတွေ အတွက် သူသတင်းကို ဝေမျှ လိုက်ပါတယ်။ ခင်ဗျားတို့ မိတ်ဆွေ မိုတိုကီတယောက် သက်စွန့် ဆံဖျား သတင်းတွေ လိုက်လျက်ရှိနေတုံးပါပဲ။
Rest of your post
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment