
မက်ကရိုဆော့ပိုင်ရှင်ဟောင်းဘီလ်ဂိတ်ပိုင်ဆိုင်သော ဘီလ်နှင့်မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်းမှ ဒါရိုက်တာနဲ့အဖွဲ့ဝင် ၃ ဦးတို့ကမြန်မာနိုင်ငံရှိ နေ ကျန်းမာရေးဆေးကုခန်းများသို့လာရောက်လေ့လာနေကြောင်း ကြားသိရပါတယ်။
နေ ကျန်းမာရေးဆေးကုခန်းက မြန်မာနိုင်ငံတဝှမ်းလုံးမှာ ဆေးခန်းပေါင်း ၈၅၆ ခန်းဖွင့်ထားပြီး၊ HIV တီဘီနဲ့ ငှက်ဖျားရောဂါသည်များကို ရှာဖွေကုသပေးလျက်ရှိပြီး၊ PSI(အဖေါ်ကွန်ဒုံ) မှ တာဝန်ယူပြီး စီမံခန့်ခွဲလျက်ရှိပါတယ်။
ဘီလ်ဂိတ်ရဲ့အဖွဲက နေ ကျန်းမာရေးဆေးကုခန်း လုပ်ဆောင်နေတဲ့ PSIအဖွဲ့အစည်းကို ကျန်းမာရေးဝန်ဆောင်မှုများ လုပ်ဆောင်နိုင်ရန်အတွက် ရန်ပုံငွေ ၅ နှစ်စာ လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
၂ဝဝဝ ခုနှစ်ကစတင်ပြီးဖွဲ့စည်းထားတဲ့ ဘီလ်နှင့်မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်းအဖွဲ့အစည်းရဲ့ မတည်ငွေက ၂ဝဝ၇ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၃၈.၇ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။ အလျူ ရှင်တွေရဲ လှူဒန်းမှုတွေက တကယ်ဒုက္ခရောက်နေတဲ့ ပြည်သူတွေလက်ထဲကို ရောက်နိင် မနိင်ဆိုတာတော့ စောင့်ကြည့့် ရဦးမှာ ဖြစ်ပါတယ်။
Rest of your post
No comments :
Post a Comment