Sunday, 16 November 2008

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကွန်ဂို ကိုစေလွတ်


ကုလသမဂ္ဂ က အထူးကိုယ်စားလှယ် ကို ကွန်ဂိုသမတနိင်ငံမှာဖြစ်ပေါ် နေတဲ့ပဋိပက္ခတွေကို အဆုံးသတ်ရန် စေလွတ်လိုက်ပါတယ်။ ကိုယ်စားလှယ်က အဓိက ကျတဲ့ သူပုန် အုပ်စု ကြီး တခုနဲ့ တွေ ဆုံဆွေးနွေး ပြီး ပြည်တွင်းစစ်နဲ့  လူ့ အခွင့်အရေး ချိုးဖေါက်မှုတွေ ကို အဆုံး သတ် နိုင်မဲ့နည်းလမ်းတွေကိုရှာဖွေမှာဖြစ်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် နိက် ဂျီးယီးယားနိင်ငံသမတ ဟောင်း အိုဆောင်ဂန်အိုဘာဆန်ဂျို ( Olusegun Obasanjo) ကိုစေလွတ်ခဲ့တာပါ။ သူက သူပုန်တို့ ရဲ့ ဌာနချုပ် ကို ဟယ်လီကော်ပတာနဲ့ သွားခဲ့ပါတယ်။ ဌာနချုပ်က ကွန် အရှေ့ ပိုင်းမှာ တည်ရှိပြီး ယူဂန်ဒါနိင်ငံနဲ့  နယ်နမိတ်ခြင်းထိဆပ်နေပါတယ်။ ကွန်ဂို အစိုးရကို တော်လှန်နေတဲ့ သူ နကန်ဒါ (Nkunda ) သူပုန်အုပ်စုမှာ အင်အား ၂သိန်း ၅ သောင်းခန့့် ရှိနေပါတယ်။ လူ၈ သိန်းလောက်က ဒုက္ခသည်တွေအဖြစ်နဲ့  နယ်စပ် အိမ်နီးခြင်း နိင်ငံများ မှာ ခို လှုံနေကြရပါတယ်။

သူက ကွန်ဂို အစိုးရ သမ္မတ ဂျိုလ်ဇက် ကပီလာ ကိုလည်း မြို့ တော် ကင်ရှာဆာ မှာတွေ့ ဆုံမှာ ဖြစ်ပါတယ်။ ကပီလာက သူပုန်တွေနဲ့ ဆွေးနွေးပွဲကို အလေးအနက် သိပ်တော့ ထား ပုံမရသေးပါဘူး။ သူက ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပန်းမှု ကို လေ့လာရေးအဆင့်( Exploratory Stage ) အဆင့်မှာပဲ ထားဦးမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် က သူပုန်တွေကို အဆို ပြုမှာ ကတော့ လူအခွင့်ရေး ချိုးဖေါက်မှု နဲ့  ကြေကွဲဖွယ်ရာ များကိုအဆုံးသတ်မဲ့  ငြိမ်းချမ်းရေးနဲ့  တည်ငြိမ်းရေး ကို ရေရှည်တည်တန့် မဲ့  အပြစ်အခပ်ရပ်စဲမှု ကိုပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။ ကွန်ကိုနိင်ငံက လူမျိုးစုများနဲ့  ဖွဲ့ စည်းထားတဲ့ နိင်ငံဖြစ်တယ်။ သူပုန်အုပ်စုတွေများတယ်။ ပြည်တွင်းစစ်ကြောင့်  ရ၀မ်ဒါနဲ့  အင်ဂိုလာမှာ ကွန်ဂို ဒုက္ခသည် တွေ ပြည်နှက်နေ ပါတယ်။ ( ဓါတ်ပုံ - ကုလသမဂ္ဂ ကိုယ်စားလှယ် ( ၀ဲ) နဲ့  သူပုန်ခေါင်းဆောင် ( ယာ) )

No comments :