Friday, 7 November 2008

Exithuman သို့ ဖြေကြားချက် သို့ မဟုတ် အိုဘားမား နဲ့  နောက်ဆက်တွဲ မေးခွန်းများ


-မိုးသီးဇွန် -

အိုဘားမားနဲ့ ပတ်သက်လို့  မြန်မာ စာဖတ်ပရိတ် သပ် တချို့ က မရှင်းတာတွေ မေးမြန်းလားတာတွေရှိနေတဲ့အတွက် ဗဟုသုတ အဖြစ်နဲ့ ပြန်လည်ဖြေကြားလိုက်ပါတယ်။ မေးလာတဲ့သူကတေ့ Exithum ဖြစ်ပါတယ်။
မေးလာတဲ့ မေးခွန်းတွေကတော့

၁- အိုဘားမားဟာ အာရှ ကလား၊ အာဖရိကလား။
၂- အိုဘားမား အရွေးခံရရင် တခြားလူမျိုးတွေရော သမတ အဖြစ်အရွေးခံပိုင်ခွင့်ရှိလား ဆိုတဲ့ မေးခွန်းတွေဖြစ်ပါတယ်။

ဒီမေးခွန်း နစ်ခုကို တပေါင်းတည်းဖြေ ပေးလိုက်ပါမယ်။
အိုဘားမားဟာ အာဖရိက နွယ်ဘွားပါ။ သူအဖေဟာ ကင်ညာနိင်ငံသား လူမဲ တဦးဖြစ်ပြီး အမေကတော့ အမေရိကန် ( လူဖြူ ) တယေက်ဖြစ်ပါတယ်။ သူကတော့ အမေရိကန်မှာ မွေးလို့  အမေရိကန် နိင်ငံသား ဖြစ်ပါတယ်။ အမေရိကန် အခြေခံဥပဒေအရ အမေရိကန် မြေပေါ်မှာ မွေးသူတိုင်းဟာ အမေရိကန် နိင်ငံသား အဖြစ်သတ်မှတ်ပါတယ်။ ဒါကို ဥပဒေအရ Natural Born Citizen လို့ ခေါ်ပါတယ်။ ဒီဥပဒေအရ အမေရိကန်မြေပေါ်မှာ တရားမ ၀င်ဝင်ရောက်လာတဲ့ မိဘနစ်ပါး ( ဘယ်နိင်ငံမဆို) က ကလေးတယောက်ကို အမေရိကန် မှာ
မွေးလိုက်တာနဲ့  ဒီကလေးဟာ အလိုအလျောက် အမေရိကန်နိင်ငံသား Natural Born Citizen လို သတ်မှတ်
ပေးပါတယ်။ Birth Certificate ထုတ်ပေးပါတယ်။ မိဘနစ်ပါးက မူရင်းနိင်ငံကို ပြန်သွားဦးတော့ ကလေးဟာ အမေရိကန်နိင်ငံသားဖြစ်နေတဲ့ အတွက် သူဟာ အမေရိကန်နိင်ငံသားဖြစ်နေပါတယ်။ မိဘနစ်ပါးက အမေရိကန်ကိုလာလည်ရင်း
မွေးသွားတဲ့ ကလေးဟာ လည်း အမေရိကန် နိင်ငံသား ဖြစ်နေပါတယ်။ ဒါကြောင့် မြန်မာလူမျိုးတဦးကို ကျနော်တွေ့ ဘူးတယ်။ သူမိဘတွေက သူငယ်ငယ်က အမေရိကန်လာလည် ရင်း သူ့ ကို မွေးခဲ့တာ။ သူက အမေရိကန် နိင်ငံသားဖြစ်နေမှန်းသူမသိဘူး။

နစ်ပေါင်း ၄၀ ကျော်ကြာမှာ သူသိတော့ အမေရိကန် သံရုံမှာ သူက အမေရိကန်ကိုလာဖို့ လျောက်တော့ အမေရိကန်က သူကို နိင်ငံသားအဖြစ်အသိမှတ်ပြုပြီး သူကိုလာခွင့်ပြုလိုက်ပါတယ်။ အမေရိကန်မြေပေါ်မှာ မွေးခဲ့တဲ့ ဒီကလေးတွေဟာ အသက် ၃၅ နစ်ပြည် ပြီးရင် သမတ အဖြစ် အရွေးခြယ်ခံပိုင်ခွင့်ကို ရကြပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေက အမေရိကန်နိင်ငံသား ဖြစ်ခွင့်ရတယ်
ဆိုပေမဲ့  လူမျိးရေးခွဲခြားမှု က ရှိနေသေးတဲ့အတွက် အရင်က လူဖြူမဟုတ်တဲ့ အနွယ်ဘွားတွေဟာ သမတ အဖြစ်လက်တွေ့ အရွေးမခံခဲ့ရပါဘူး။ ၀င်ရောက်ယျဉ်ပြိုင်တာလည်း မရှိခဲ့ပါဘူး။

၂၀၀၈ ခုနစ် သမတ ဘာရက်အိုဘားမား ကို သမတအ ဖြစ်အရွေးခြယ်ခံလိုက်ရတော့မှ အမေရိကန်မှာ မွေးတဲ့ မည်သည်လူမျိုး
မဆို သမတ ရာထူးအထိ အရွေးချယ်ခံပိုင်ခွင့် ရှိလာပြီဆိုတာ သက်သေပြလိုက်တာပါပဲ။ ထူးဆန်းတာကတော့ ၁၉၇၀ ခုနစ် မတိုင်မှီ အမေရိကန် ဥပဒေအရ ဆိုရင် အိုဘားမားရဲ့  ပြိုင်ဖက် ဂျွန်မက်ကိန်းက အမေရိကန်နိင်ငံသား မဟုတ်ပါဘူး။ အမေရိကန်သမတအဖြစ်အရွေးခြယ်ခံဖို့ အခက်အခဲ ရှိနိင်ပါတယ်။

သူက မိဘတွေက အမေရိကန်နိင်ငံသားတွေဖြစ်ပေမဲ့  သူကို အမေရိကန် မြေမှာ မမွေးပဲ ပနားမားနိင်ငံ မှာ မွေးခဲ့လို့ ဖြစ်ပါတယ်။ သူကိုမွေးတဲ့ ကာလ ( ၁၉၃၀ ၀န်းကျင် )အမေရိကန်တွေက သူကို အမေရိကန်ထိမ်းချုပ်နယ်မြေတခုဖြစ်တဲ့ Cannel Zoneမှာမွေးခဲ့တာဖြစ်ပါတယ်။ ( ပနားမားနိင်ငံ ပနားမားတူးမြောက်ဇုံ ) ဒါပေမဲ့ သူက အမေရိကန် သမတ အဖြစ် အရွေး ခြယ်ခံပိုင်ခွင့်ရှိခဲ့တာကတော့ ၁၉၇၀ ခုနစ်မှာ ပြဌာန်းလိုက်တဲ့  ပထမ နိင်ငံသားဥပဒေ (First Naturalizat-
-ion law on March 16, 1790 ) အရ အမေရိကန် မိဘနစ်ပါးကအမေရိကန် ရေနဲ့ မြေ ပြင်ပ မှာမွေးခဲ့ပေမဲ့ အမေရိကန် နိင်ငံသားဖြစ်တယ်ဆိုတဲ့ဥပဒေကို အရ သူဟာ Natural Born Citizen ဖြစ်လာတယ်။ သမတအရွေးခြယ်
ခံပိုင်ခွင့်ရခဲ့ပါတယ်။

အမေရိကန် မြေပေါ်မှာ မမွေးတဲ့ သူတဦးဟာ အမေရိကန်ကိုရောက်ပြီးနိင်ငံသားလျောက်လာပြီး နိင်ငံသား အဖြစ်အသိမှတ်ပြုလာသူကိုတော့ Neutralize Citizen လို့ ခေါ်ပါတယ်။ ဒီလူတွေက သမတ ရားထူးလို နေရာမျိုး မှာ အရွေးခြယ်ခံခွင့်မရှိပေမဲ့  ဆီနိတ်တာလို့ မြို့ တော်ဝန်လို ကွန်ကရက်မန်းလို နေရာမျိုးတွေမှာ အရွေးခြယ်ခံပိုင်ခွင့်ရှိနေကြပါတယ်။
ကျနော်တို့ ကျောင်းသားထဲက တဦး ဒုက္ခသည် အဖြစ်နဲ့ အမေရိကန် ကိုရောက်လာတယ်။ သူရောက်လာတော့ လေဆိပ်မှာ သတင်းထောက်တွေက ကွန်ကရက်မန်း အဖြစ်အရွေးခြယ်ခံ ဖို့  အစီအစဉ်ရှိပါသလား လို့ မေးခဲ့ဘူးပါတယ်။ ဒါက သူမှာ အခွင့်အရေးရှိနေတာကို ပြတာပါ။

ဝမ်းသာစရာသတင်းကောင်းတခုကတော့ မြန်မာ ဒုက္ခသည်စခန်းမှာမွေးတဲ့ကလေးတွေ ထိုင်းနိင်ငံကိုတရားမ၀င် ၀င်ရောက်ပြီး
မွေးလာတဲ့ကလေးတွေ ရဲ့  မွေးစားရင်းကို ဒေါက်တာစင်သီယာမောင်က ထုတ်ပေးလာနိင်ခြင်းဖြစ်ပါတယ်။ သူဆေးခန်းလေးက ထုတ်ပေးတဲ့ မွေးစာရင်းကို ကုလသမဂ နဲ့  အခြားနိင်ငံတွေက အသိမှတ်ပြုလာခြင်းဖြစ်ပါတယ်။ အရင်က ထိုင်းနိင်ငံမှာ တရားမ၀င်နေထိုင် ပြီးမွေးတဲ့ကလေးတွေမှာ မွေးစာရင်းမရှိကြတဲ့အတွက် နိင်ငံခြားကိုရွေ့ ပြောင်းနေထိုင်တဲ့အခါမှာ ဒုက္ခ တွေကိုရင်ဆိုင် ခဲ့ ရပါတယ်။

မြန်မာ ပြည်မှာ တော့ မွေးတဲ့ကလေးတွေကို နိင်ငံသား အဖြစ်အသိမှတ်ပြုမှု အစီအစဉ်တွေက စနစ်တကျမရှိပါဘူး။ မြန်မာနိင်ငံမှာမွေးတဲ့ တရုပ်၊ အိန္ဒယနွယ်ဖွား ကလေး အတော်များများ ဟာ နိင်ငံသားအဖြစ် အသိမှတ်ပြု မခံရတာ တွေ ၊ အဆင့်မြင့် တက္ကသိုလ်တွေ မှာ တက်ရောက်သင်ကြားခွင့်မပြုတာတွေရှိနေတာ နယ်တွေကို ခရီးသွားလာခွင့် ကန့် သတ်ခံရတာတွေ ကိုဝမ်းနည်း စရာတွေ့ မြင်နေရပါတယ်။ ကိုဇော်မင်း ( လူဘောင်သစ် ) ရေးတဲ့ " ဂျမားတို့ အဖိုး " ဆိုတဲ့ ၀ထ္တု တို လေးမှာ သနားစရာကောင်းတဲ့ဂျမားတို့အဖိုးဟာ မူစလင်ဘာသာဝင် အိန္ဒိယ နွယ်ဖွားဖြစ်ခဲ့ပေမဲ့  ဖက်ဆစ်ဂျပန် ဆန်ကျင်ရေး လှုပ်ရှားမှု ကြီးမှာ ရွတ်ရွတ်ချွံချွံ တိုက်ပွဲ ၀င်ခဲ့ ပါတယ်။ ဒါပေမဲ့သူ့ကို နအဖ စစ်အစိုးရက နိင်ငံသားတဦးလို့ ဆက်ဆံခြင်း မခံရပုံကို စာရေးသူက တင်ပြဆွေးနွေးထားတယ်။ဂျမားတို့အဖိုး လို ခွဲခြားဆက်ဆံခံနေရတဲ့ ၊ မြန်မာတွေနဲ့ အတူ ဒိုးတူဘောင်ဖက်နေလာခဲ့ကြတဲ့၊ ခင်ဗျားတို့ ကျနော်တို့ သူငယ်ချင်း လူနည်းစု အိန္ဒယနွယ်ဘွားနဲ့  တရုပ်လူမျိုးများ ဖြစ်ရပ်က
ငြင်းပယ်ခံနေရတဲ့ ကြေကွဲဖွယ်ရာ ဇတ်လမ်းတွဲ များ အဖြစ် ယနေတိုင်ရှိနေပါသေးတယ်။

ကျနော်ကိုမေးလာတဲ့  ကို Exithuman အနေနဲ့ နိင်ငံတော် သမတဖြစ်လာခဲ့ရင် ဒီကိစ္စတွေကို ဖြေရှင်းပေးပါ။ သူတို့ ကို နိင်ငံသားအဖြစ်အသိမှတ်ပြုပေးကြပါလို့ တိုက်တွန်းလိုပါတယ်။ ဂျမားတို့အဖိုးကိုလည်း နိုင်ငံသား မဖြစ်သေးရင် နိုင်ငံသား အဖြစ် အသိမှတ်ပြု ပေးဖို့ ကျနော် တောင်းဆိုခြင်ပါတယ်။

ကြုံလို့ ပြောရဦးမယ်ဆိုရင် ကျနော်ဟာ မြန်မာ မိဘနစ်ဦးက မွေးဖွားတဲ့ မြန်မာ လူမျိုး တယောက်ဖြစ်ပေမဲ့ ကျနော်မွေးစဉ်က ပဲခူးတိုင်း ဖါးဒိုရွာ လေးမှာမွေးတော့ ဆေးရုံမရှိဘူး။ ဒါကြောင့် ကျနော်မှာ မွေးစရင်း - Birth Certificate မရှိခဲ့ပါဘူး။ အဖေ့ ရဲ့ ဒိုင်ယာ ယီအဟောင်းမှာ ၁၃၂၄ ခုနစ် ပထမ ၀ါဆိုလဆုတ် ၃ ရက် ညကိုးနာရီ ၄၅ မိနစ် မှာမွေးတယ် ဆိုတဲ့
မှတ်တမ်းကပဲ ကျနော် ရဲ့ မွေးစရင်းဖြစ်လာခဲ့ပါတယ်။


No comments :