Friday, 21 November 2008
တည်ဆောက်တော့မည့်တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း
-ကို-
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကိုဖြတ်ပြီး ဂက်စ် (Gas) ပိုက်လိုင်းဖောက်ဖို့အတွက် ဗုဒ္ဓဟူးနေ့က အလံ စိုက်ထူ ခဲ့ပါ တယ်။ ဒါဟာ စွမ်းအင်းကို အလွယ်တကူ ပိုမိုပေးစွမ်းနိုင်ယုံသာမကပဲ မြန်မာ စစ်အစိုးရ နဲ့ နိုင်ငံရေး အရလဲ သက်ဆိုင် နေပါတယ်။ ဒီလုပ်ငန်းဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနမ်နယ်ကနေ ၂၀၀၉ ခုနှစ် နှစ်လယ် လောက် ကနေ စတင် မှာဖြစ်ပါတယ်။ အဲဒီပြည်နယ်ရဲ့ နေ့စဉ်သတင်းစာကတော့ ဒီလုပ်ငန်း အတွက် နှစ်အတော်ကြာ အချိန်ယူခဲ့ပြီးနောက်၊ နောက်ဆုံးမှာတော့ အကောင်အထည် ပေါ်ခဲ့ပါပြီ လို့ဖော်ပြခဲ့ပါတယ်။ ဒီလုပ်ငန်း ပြီးဆုံးသွားတဲ့ အချိန်မှာ နိုင်ငံရဲ့ အနည်းဆုံး တစ်စိတ်တစ်ဒေသ အတွက် အဓိက စွမ်းအင်း အထောက်အပံ့ ဖြစ်ယုံသာမက၊ မလာကာ ရေလက်ကြားကို ဖြတ်ပြီး သွားရတဲ့ ရှည်လျားဝေးလံပြီးမလုံးခြုံတဲ့ ခရီးလမ်းကိုလဲ ရှောင်ရှားနိုင်မည်ဖြစ်တယ်။ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက် ရေး အစီအစဉ်ဟာ တရုတ်ပြည် ယူနန် ပြည်နယ် က ၁၀.၅၄ ဘီလီယံ လျာထားသော စွမ်းအင် ဆိုင်ရာ ရင်နှီးမြုပ်နှံမှု၏ အပိုင်းတစိတ်တဒေသမျှသာဖြစ်တယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး ကို ၁ ဘီလီယံ နဲ့ ရေနံပိုက်လိုင်း တည်ဆောက်မှုအပေါ် ၁.၅ ဘီလီယံ သုံးစွဲ သွားမယ်လို့ ဂျပန်နိုင်ငံထုတ် နီကိုင်း သတင်းစာမှာ ဖော်ပြထားပါတယ်။
ပထ၀ီ အနေအထားရ ကြည့်မယ်ဆိုရင်လဲ ရွေးခြယ်စရာလမ်းခရီးတစ်ခု ထပ်ဖြစ်ပေါ်လာတဲ့ အတွက်ကြောင့် ဒီတရုတ်ပြည် ရဲ့ စွမ်းအင်ပိုက်လိုင်းစီမံကိန်းဟာ အလွန်ပဲ ဆွဲဆောင်မှု ရှိပါတယ် လို့ စကာင်္ပူ အခြေစိုက် Argus Media စွမ်းအင်ဈေးကွက် ရှာဖွေရေးအသင်းက Jason Feer ကဆိုခဲ့ပါတယ်။ မလာကာရေလက်ကြားကို ဖြတ်ပြီးသွားရတဲ့ လမ်းခရီးဟာ အလွန်ပဲ အလုပ်များတဲ့ရေလမ်း ခရီးဖြစ်တယ်။ ဒီခရီးဟာ အတန်အသင့် လဲကျဉ်းမြောင်းတဲ့ ရေလမ်းခရီး လဲဖြစ်တယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေ ပင်လယ်ဓါးပြတိုက်မှုတွေ အမြဲကုံတွေ့ ရလေ့ရှိတယ်။ လောလောဆယ်မှာတော့ အရှေ့အလယ်ပိုင်းဒေသ နဲ့ အာဖရိက ကနေပြီး တရုတ်နိုင်ငံကို ရေနံတင်ပို့မှုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ ဒီလမ်းကို ဖြတ်အသုံးပြုပြီး တင်ပို့နေတာဖြစ်ပါတယ်လို့ အစောပိုင်း တရုတ် သတင်းဌာနတွေက ဖော်ပြလေ့ရှိပါတယ်။ ဒီပိုက်လိုင်းဟာ တရုတ်ပြည် နောက်တောင်ပိုင်း ယူနမ်ပြည်နယ်ရဲ့ စွမ်းအင်နည့်ပို့ဆောင်ဆက် သွယ်ရေးအတွက် အလွန်အရေးပါကြီးကျယ်တဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်တယ်လို့ ဒေသရဲ့ စီးပွား ရေး စီမံခန့်ခွဲမှု ဌာနထိပ်သီးအရာရှိ Mi Dongshen ကဆိုခဲ့ပါတယ်လို့ သတင်းစာမှာ ဖော်ပြ ထားပါတယ်။
တရုတ်မြန်မာ ပိုက်လိုင်းအတွက် ယူနန်အရာရှိတွေဟာလွန်ခဲ့တဲ့ ငါးနှစ် လောက်က ကတည်းက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ အကောင်အထည် မဖော်နိုင်သေးပဲ အချိန်ရွေ့ဆိုင်းခဲ့ရပါတယ်။ ဘာလို့လဲဆိုရင် ကမ္ဘာ့ စီးပွားရေး ပျက်ကပ်ဆိုက် နေချိန်မှာ တရုတ်နိုင်ငံက သူ့ရဲ့ကိုယ်ပိုင် စီးပွားရေး ကို တိုးတက်မြှင့်တင်ဖို့ ကြိုး စားနေရလို့ ဘဲဖြစ်တယ်။ မြန်မာစစ်အစိုးရကလဲ ဒီလုပ်ငန်းကနေ စီးပွားရေးအကျိုး အမြတ်တွေများစွာ ရရှိလိမ့်မယ်။ ဒါပေမဲ့ သီးခြားအုပ်ချုပ်မှုစနစ်တစ်ခုရဲ့ တကယ့်တန်ဖိုးကတော့ရှာဖွေ စူးစမ်း လေ့လာ သူတို့ရဲ့ အထိမ်းအမှတ် သင်္ကေတတစ်ခုပဲဖြစ်တယ်။ တရုတ်အစိုးရရဲ့ နောက်ခံပံ့ပိုးမှု နဲ့ အဆင့်မြင့်စီမံကိန်းမှာ ပါဝင်လှုပ်ရှားခြင်းဟာ နိုင်ငံရေးအတွက် အကျိုးအမြတ် ကောင်းကောင်း ရရှိပါလိမ့်မယ် လို့ Feer က ခန့်မှန်းပြောဆိုခဲ့ပါတယ်။
တရုတ်အစိုးရဟာ မြန်မာပြည်နည့် အရင်းနှီးဆုံး စစ်မဟာမိတ်တစ်ဦးဖြစ်ပေမဲ့ မြန်မာပြည် တိုးတက်မှု နဲ့ ပက်သက်လို့ အနည်းငယ်သာ ဆောင်ရွက်ပေးခဲ့ခြင်းအပေါ် အဝေဖန် ခံခဲ့ရပါတယ်။ ဒီပိုက်လိုင်း ကိစ္စ ဟာလဲ တရုတ်အစိုးရကို ပိုပြီး ဖိအားတွေများလာစေပါတယ်။
ဒါဟာ ဥပမာတစ်ခုပါ။တရုတ် ကုမ္ပဏီတွေ ဟာ တစ်ခြားအနောက်တိုင်း အစိုးရတွေ ထက်တောင် အင်းအားကြီးမားဆွဲဆောင်မှုရှိနေတယ်ဆိုတာ ကျွန်နော် ခန့်မှန်းထားတာ ကိုလည်း ဝေဖန် ခံရပါလိမ့်မယ်လို့ Feer ကဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံသည် လောင်စာစွမ်းအင်ရရှိရေးအတွက် ကမ္ဘာ့လူမှုအဖွဲ့အစည်း ကထုတ်ပယ် ခြင်းခံထားရသော ဆူဒန်နိုင်ငံ အစိုးရနှင့် သဘောတူလက်မှတ်ရေးထိုးမှုအတွက်လည်း အလား တူဝေဖန် အပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါသည်။ မြန်မာနိုင်ငံတွင် ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းအတွက် ၂.၅ ဘီလီယန်ဒေါ်လာဖိုး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး ရရှိလာမည့် အကျိုးအမြတ်နှင့် စီမံခန့်ခွဲမှုများ၏ ပိုင်ဆိုင်မှုရှယ်ယာပမာဏ ၅၀.၉ ရာခိုင်နှုန်းကို ရရှိထားပြီး မြန်မာနိင်ငံရေနံနှင့် သဘာဝ ဓါတ်ငွေ့အင်တာပရိုက်က ကျန်ရှိသော ရှယ်ယာကို သာ ရရှိတယ်လို့ တရုတ်နိုင်ငံ နေ့စဉ်သတင်းစာက ဖော်ပြထားပါတယ်။
စကာင်္ပူနိုင်ငံအခြေစိုက် ကမ္ဘာ့စွမ်းအင်လုပ်ငန်း အကြံပေး Purvin and Gertz. ကုမ္ပဏီ များ၏ စီးပွားရေး အတိုင်ပင်ခံ Mr Victor Shum, ၏ အဆိုအရ တရုတ်နိုင်ငံသည် မည်သို့ပင် အင်အားကြီး ရင်းနှီးမြုပ်နှံ မှုတွေ လုပ်နေပေမဲ့၊ ဒီစီမံကိန်းတွေကို အဆုံးသတ်အောင် လုပ်နိုင်မယ် မထင်ဘူးလို့ပြောပါတယ်။ အကြောင်းကတော့ တရုတ်နိုင်ငံ အတွက် ဒီရင်းနှီး မြုပ်နှံမှုတွေရဲ့ ကုန်ကျစရိတ်ဟာ၊ မလကာရေ လက်ကြားမှာရှိသော နှောင့်ယှက် ဟန့်တား မှုတွေနှင့် နှိုင်းယှဉ်လိုက်ရင် အကျိုးရှိတယ်လို့ဆိုပေမဲ့ တကယ်တမ်း မလကာ ရေလက်ကြား မှာ ကြီးမားလှတဲ့ နှောက်ယှက်ဟန့်တားမှုတွေ မရှိခဲ့တာကြာပါပြီလို့လဲ သူကဆိုပါတယ်။ အရှေ့အလယ်ပိုင်းဒေသက လောင်စာဆီတွေကို သယ်ယူရာတွင် လက်ရှိ အသုံးပြုနေသော ကုန်သွယ်မှုလမ်းကြောင်းကိုပဲ အသုံးပြုလို့ ရနိုင်သော်ငြားလဲ ဘာကြောင့် ဒီပိုက်လိုင်းတွေကို တည်ဆောက် အသုံးပြုရသလဲလို့ မေးခဲ့မယ်ဆိုရင် သဘာဝ ဓါတ်ငွေ့ ထောက်ပံ့ရေး လမ်းကြောင်း တွေရဲ့ လုံးခြုံမှုဘက်က ကြည့်မယ်ဆိုရင်တော့ အငြင်းပွားစရာ ဖြစ်လာနိုင် ပါတယ်။
ဒါပေမဲ့ ဒါဟာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုပဲလို့ သူကပြောပါတယ်။ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် ပြီးခဲ့သော နှစ်ပိုင်းအတွင်းမှာ နှစ်ဆတိုးဆ တက်လာပြီး လောင်စာဆီ လိုအပ်မှု ဟာလဲ ပိုလာပါတယ်။ နိင်ငံ၏ လောင်စာဆီ တင်သွင်းမှု ပမာဏသည် ယမန်နှစ်က တန်ချိန် ၂၀၀ မီလီယံနှီးပါးရှိပြီး ၂၀၀၆ ခုနှစ်မှာ တင်သွင်းခဲ့သော ပမာဏထက် ဆယ်ရာခိုင်နှုန်းကျော်ရှိတယ်ဟု တရုတ်နေ့စဉ် ထုတ်သတင်း စာမှာဖော်ပြထားပါတယ်။
Rest of your post
at 07:14
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment