Saturday 22 November 2008

ကိုမင်းသိန်း သို့ မဟုတ် ၆၅ နှစ်ကို စိန်ခေါ်လိုက်တဲ့ ခြသေ့င်္တကောင်


အေပီ

နိုဝင်ဘာ ၂၁ ရက် နေ့ ရန်ကုန်မြို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးရှေ့ မှာ တကိုယ်တော် ဆန္ဒပြပွဲ တရပ်ဖြစ်ပွားခဲ့ပါတယ်။ ကိုမင်းသိန်းဆိုသူက ဒေါ်အောင်ဆန်းစုကြည် ကိုလွတ်ပေးဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရှေ့ ရုံးရှေ့ မှာ တကိုယ်တော် ဆန္ဒပြပွဲ ကို ဦး ပြခဲ့ခြင်းဖြစ်ပတယ်။ သူဟာ မင်းကိုနိင်နဲ့ အခြား သော နိင်ငံရေး အကျဉ်းသား တွေကို လွတ်ပေးဖို့ ကိုလည်း တောင်းဆိုခဲ့တယ်လို့ သိရ ပါတယ်။

အရပ်ဝတ်ယူနီဖေါင်းဝတ်ထားတဲ့ ရဲ များနဲ့  ကြံဖွတ်များက ကိုမင်းသိန်းကို ဗီဒီယိုနဲ့ ဓါတ်ပုံရိုက် ယူသွားကြတယ်။ ဖမ်းဆီးမှု တော့မရှိဘူးလို့ သိရပါတယ်။ ကျနော်ခံစားချက်ကို ကျနော်မှာ လွတ်လပ်စွာ ထုတ်ဖေါ်ပိုင်ခွင့်ရှိတယ်။ ဘယ်လို အပြစ်ပေးမှု မျိုးကို မှ ကျနော်မကြောက်ဘူး။ ၆၅ နှစ် မကလို နှစ် ၁၀၀ ပဲချချ၊ သတ်ပဲသတ်သတ် ကျနော် အဆင်သင့်ပ၊ဲ မတရားတာကို တော့ တရားတယ်လို့ မပြောနိင်ဘူး လို့ ကိုမင်းသိန်းက ဆိုပါတယ်။



Rest of your post

No comments :