Thursday 27 November 2008

မြန်မာ၊ ထိုင်း နဲ့ အိန္ဒိယ ကြားဖြတ်သတင်းများ



၁-ဆန္ဒပြသမားများက လေဆိပ်များကိုသိမ်းပိုက်ထားတဲ့အတွက် ကမ္ဘာလှည့် ခရီးသွား တသိန်းခန့် ဟာ အိမ်ကို မပြန် နိင်ပဲ ဖြစ်နေရပါတယ်။ ယာယီမှာတော့ ဥတပအို ( U-Tapao) လေဆိပ် အသေးတခုကို ယာယီအသုံးပြုနေရပါတယ်။ နေစဉ် ကမ္ဘာလှည် ၅သောင်းခန့် လာရောက်လည်ပတ်ပြီး လေယဉ် အဆင်းအတက် က ၁၀ မိနစ်တကြိမ် ခန့် ရှိနေတဲ့ ထိုင်းနိင်ငံဟာ လေယဉ် ၆ စင်းသာ မနေ့ က ပျံသန်းနိင်ပါတယ်။ လေယဉ်တစီးကို ခရီးသည် ၃၀၀ခန့် သာ သယ်ဆောင်သွားနိင်တယ်လို့ သိရပါတယ်။ လေဆိပ်တွေပိတ်ထားရမှုကြောင့် ဘတ်ငွေ ၁ ဘီယီယံ ခန့်  ဆုံးရှုံးနေပါတယ်။ ထိုင်းနိင်ငံတွင်မက ပဲ လေကြောင်းလိုင်းများကိုပါ ထိခိုက်လာစေတဲ့အတွက် ထိုင်းဆန္ဒပြသာမား တွေရဲ့ ဗျုဟာ က အလွန်ထိရောက်နေပါတယ်။ ထိုင်းအစိုးရဲ့  အသက်သွေးကြောကို ဖြတ်တောက်လိုက်သလို ဖြစ်နေပါတယ်။


၂-မန်ဘိုင် မြို့ မှ ပြန်ပေးဆွဲခံနေရတဲ့ ဂျူးလူမျိုး တံစာခံ ၅ ဦး ကို အကြမ်းဖက်သမားတွေက
သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွား နေပြီ။ သေဆုံးသူဦးရေ က ၁၅၁ ဦးအထိရှိလာပြီဖြစ်ပါတယ်။ ( နိုဝင်ဘာ ၂၈၊ ၁၁း ၁၉ )

၃- ဘန်ကောက်ဆန္ဒပြပွဲဆက်လက်ဖြစ်ပွားနေပါတယ်။ သုဝဏဘူမိ လေဆိပ်နဲ့  ချင်းမိုင်လေဆိပ်များကို ဆန္ဒပြသမားများက ဆက်လက်သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။ နိင်ငံတကာ ပျံသန်းနေတဲ့  လေကြောင်းလိုင်း ခရီစဉ် အားလုံးနီပါး ဖျက်သိမ်းလိုက်ရပါတယ်။

၎- ထိုင်း ၀န်ကြီးချုပ် က ဘန်ကောက်နဲ့  ချင်းမိုင်လေဆိပ်တွေကို အရေးပေါ် ကာဗျူး ထုတ်လိုက်ပါတယ်။ ဆန္ဒပြ ပွဲကိုဦးဆောင်နေတဲ့ ခေါင်းဆောင်တွေက အရေးပေါ်အမိန့် ကို ဂရုမစိုက်ဘူး လုပ်စရာရှိတာ ဆက်လုပ်မယ်လို့ ဆိုတယ်။
( နိုဝင်ဘာ ၂၇၊ ၂၀၀၈ ။ ၁၂း ၅၁ နာရီ)

၎- အိန္ဒိယ နိင်ငံ မန်ဘိုင်း မြို့  မှာ အကြမ်ဖက်တိုက်ခိုက်မှု ကြောင့် အကြမ်းဖက်သမား ၃ သေဆုံးတယ်။ ရဲ တွေဖက်က ၄၀ သေဆုံး ပြီလို့ သိရပါတယ်။ ( နိုဝင်ဘာ ၂၇၊ ၂၀၀၈ ။ ၁၂း ၅၁ နာရီ)




Summary

Rest of your post

No comments :