Sunday, 30 November 2008

တရုတ်၊ စပိန် အစိုးရနဲ့  ဖိလစ်ပိုင် အစိုးရများ က သူတို့ နိင်ငံသားများ ထိုင်း က နေ ထုတ်


ထိုင်း နိင်ငံက ဆန္ဒပြပွဲကြောင့် ကမ္ဘာလှည့် ခရီးသွား တသိန်းလောက်ထိုင်းနိင်ငံမှာ ပိတ်မိနေတယ်။ စပိန် အစိုးရက လေယဉ်ပျံ စေလွတ်ပြီး ပိတ်မိနေတဲ့  စပိန်လူမျိုး ၅၀၀ ကျော်ကို သယ်ထုတ်ဖို့  စီစဉ်လိုက်ပါတယ်။ တနင်္လာနေ့ ကစပြီး စပိန်လူမျိုး တွေကို ပြန်နိင်ဖို့ စပိန်အစိုးရက ဆောင်ရွက်နေပါတယ် လို့ စပိန်ဝန်ကြီးချုပ် ဂျိုး လူဝီ ရောဒီဂုဇ် ဇာပါတီရာရို(Jose Luis Rodriguez Zapatero) က ဆိုပါတယ်။

ထိုင်နိုင်ငံရှိ တရုတ်လူမျိုး ခရီးသွား ၃၀၀၀ ကို တရုတ်နိုင်ငံသို့ အချိန်မှီ ပြန်လည်ရောက်ရှိဘို့ တရုတ်လေကြောင်း လိုင်း ၄ လိုင်း က လေယာဉ် (၉) စင်းစေလွှတ် ထား ကြောင်း တရုတ်သတင်းဌာနက ကြေညာထားပါတယ်။ ခရီးသည် ၂၄၆ ယောက်ဟာ ရှန်ဟိုင်းမြို့ လေဆိပ်ကို တနင်္ဂနွေနေ့ မနက် (၂) ရီ မှာဆိုက်ရောက်ခဲ့ပြီး၊ ခရီးသည် ၂၀၀၀ ကတော့ ၊ တနင်္ဂနွေနေ့ နေ့ခင်းမှာဆိုက်ရောက်ခဲ့တယ်။ ကျန်တဲ့ ခရီးသည် ၈၀၀ ကတော့ တနင်္ဂနွေနေ့ ညပိုင်းမှာ ပြန်လည်ရောက်ရှိလာကြမှာဖြစ်တယ်။

ရုရှားလူမျိုး ၂၆၀ ကတော့ ဥ-တာပို လေဆိပ်ကနေ တဆင့် ရုရှားကို ပြန်သွား နိင်ပါပြီ။ ဖိလစ်ပိုင် အစိုးရက လည်း ပိတ်မိ နေတဲ့ဖိလစ်ပိုင်
လူမျိုးတွေအတွက် လေယဉ် တွေစီစဉ်နေတယ်လို့ သိရ ပါတယ်။ သမတ အရိုရာက ဖိလစ်ပိုင် လူမျိုးတွေကို ထိုင်းကနေ မိခင်နိင်ငံကို ပြန်လည် ခေါ်ယူနိင်ဖို့ အတွက် ဒေါ်လာ တသိန်းခွဲကိုအသုံး ပြု ရန် ညွန်ကြားလိုက်ပါတယ်။

သူတို့ ကို ဘန်ကောက်ကနေတဆင့် ချင်မိုင်မြို့ ကိုကားတွေနဲ့ စီစဉ်ပေးမယ်။ ချင်းမိုင်ကမှ တဆင့် ဖိလစ်ပိုင်ကို တိုက်ရိုက်လေယဉ်ပျံနဲ့ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ သူများနိင်ငံ က ခေါင်းဆောင် တွေ ကတော့ ကိုယ်နိင်ငံသားတွေ ရဲ့ လုံခြုံရေး ကို အထူးဂရုစိုက် ကြတာကို တွေ့ ရ ပါတယ်။ မြန်မာလူမျိုးတွေအတွက် တော့ မြန်မာ နအဖ စစ်အစိုးရက ဘာတခုမှ စီစဉ်ပေးတာမတွေ့ ရသေးဘူး။





Rest of your post

1 comment :

Anonymous said...

ထုံးစံအတိုင်းပေါ့ဆရာရယ်။
မမျော်လင့်တော့သူ