အေတို့ ရေ - ဒီတခါဆောင်းပါးမှာတော့ မတွဲ သင့်တဲ့ ( Date မထွက်သင့်တဲ့ ) လူတွေအကြောင်း အကြံပြုရေးထား ပါတယ်။ - ခိုင်သရဖီ -
အလုပ်ဂျပိုး ( ပထမ ပုံ )
ဒီငနဲ မျိုးက ၀တ်ကောင်းစားလှတွေကို ကျော့နေအောင်ဝတ်မယ် ဘာဖြစ်လို့ လည်းဆိုတော့ သူကထောတယ်လေ။ အေးအေးလူလူရှိတယ်။ ၀င်ငွေဖြောင့်နေတယ်။ အလုပ်ကတော့လုပ်သလားမမေးနဲ့ ။ မိုးမလင်းသေးဘူးအလုပ်သွားဖို့ ပြင်နေပြီ။ ဘောင်းဘီကိုလျော့ နစ်ကတိုင် ကို လျော့ ပြီး ခေါင်းမဖေါ်အောင်အလုပ်ထဲမှာ နှစ်ထားလိုက်ပုံက မနက်ဖန် မရှိတော့ တဲ့အတိုင်းပဲ အေ။ ဒါပေမဲ့ ပြသာနာက မနက်က ရှိသေးတယ်မဟုတ်လား ယောင်းမ ရဲ့ ။ ညဉ်းကို သူပေးမဲ့ အချိန်က အလုပ်ထဲကနေ ပြာတိပြာ ယာနဲ့  သူ့ ဘလက်ဘယ်ရီဆဲ ဖုန်းက နေ လှမ်းခေါ် တဲ့အချိန်လေးမျှသာပဲ နော်။
သူဘ၀အတွက် ငွေက ပထမပဲ။ ဒါကမြေကြီးလက်ခတ်မလွဲပါဘူး။ မင်းက တော့
ဒဒွေရေ တချောင် ငင်- ဒု ၊ တ၀မ်းပူရေ -တ၊ ယ ပလက်ရေ- ယ။ ဒုတိယ မျှသာ။
ငနဲ က သူ လက်ထောက်ဆိုတဲ့ ကောင်တွေ ၊ အတွင်းရေးမှုးဆိုတဲ့ ငနဲ့တွေ နဲ့  တရုမ်းရုမ်း
တနေကုန် အလုပ်မှာ နွားတကောင်လို ရုန်းနေလိမ့်မယ်။ ဒီလိုငနဲ မျိုးနဲ့ တော့ ဒိတ်ထွက်ဖို့  မစဉ်းစားနဲ့ ယောင်မရေ။
ကိုတက်ကြွ ( ဒုတိယပုံ )
ဒီလိုငနဲမျိုးတွေ ညဉ်းတွေ့ ဖူးမှာပေါ့။ လူစွန့် စား လေ၊ အမြဲတမ်းတက်ကြွနေရဲ့ 
လေထီးခုန်လိုက်၊ လှိုင်းစီးလိုက်၊ အပြေးလေ့ကျင့်နေတာ အလကားနေရင် အားကစားကိုတခုပြီးတခုလုပ်နေတာ။ ဒါမျိုးများလုပ်ရမယ်ဆိုရင် တက်ကြွနေတယ်။ ဒီလိုငတိမျိုးကို ပျော်နေအောင်လုပ်ထားမယ်ဆိုရင် မင်းမှာ တိကျတဲ့ လှုပ်ရှားမှု တခုတော့ ရှိနေရလိမ့်မယ်။ သူကတော့မင်းနားမှာ ဖင်ကို တမိနစ်တောင်
ငြိမ်ငြိမ်မထိုင်နိင်ဘူး။ ရောက်တာနဲ့ တခုခုလုပ်ဖို့ က အာဂျင်ဒါက ပါလာတယ်။ ပျာယာကိုခတ်နေတာ။ သူခေါင်းက Adrenaline က အထွက်များနေပုံရတယ်။ (လူကိုတက်ကြွတဲ့ အကြိတ်ကထုတ်တဲ့အရည်) ။ ဒီလိုငနဲ မျိုးးကိုတော့ ဒီမှာ Adrenaline Junkine လို့ ခေါ်ကြတယ်။ ငယ်တုံးမို့ တက်ကြွနေတာလားလို့ တော့မထင်လိုက်နဲ့  ၃၀ ကျော်လာရင် လည်း မြို့ လုံးကျွတ်မာရသွန် ပွဲ လို့ မျိုး နိင်ငံလုံးကျွတ်မာရသွန် ပွဲမျိုးတွေလည်း ၀င်နေတတ်သေးဟဲ့ ။ ဖြစ်နိင်မယ်ဆိုရင် သံမဏိလူသား ပြိုင်ပွဲလုပ်ရင်လည်း
ကိုယ်တော်မြတ်က ၀င်နေဦးမှာ။
ကိုဘ၀င် ( တတိယပုံ )
သူပြောတဲ့ ဟသ တွေက မရီရဘူး။ သူလိုကိုယ်လို ၀တ်ထားစားပေမဲ့လည်း သူဝတ်ထားတာက လည်း ပျင်းစရာ။ သူရဲ့ လျိုလ်ဝှက်ကချက်ကတော့ဇီဇာ ကြောင်တာပဲ။ အ၀တ်တခါရွေးမပြီးနိင်၊ ညဉ်းတို့ ထက်တောင် ဂျီးကျများရဲ့ ။ ဒီနားဟိုနား ထသွားထလာတောင်မှ ကဂျီကကြောင်၊ ဘား ကိုရောက်ရင်လည်း ဒီကောင်မ က ဒီကောင် နဲ့ များ
တွဲ ရတယ်လို့  ၊ ဒီကောင်မ ငါနဲ့ တွေ့ ရင် ကြွေသွားမှာ ပါ ဆိုတာမျိုး စဉ်းစားနေလေ့ရှိတယ်။ အမှန်ကတော့ သူကိုယ်သူ အထင်ကြီးနေတာ၊ မင်းကို သိပ်အရေးထားမဲ့ ပုံမရှိ။
ကိုပုလင်း - (တတိယလူ)
သူလိုလူမျိုးကတော့ အရက်ဆိုင်လို့ ဘားမျိုးကိုတော့ တရားရုံးမှာ ဗီအိုင်ပီနေရာ က ထိုင်နေသလို မျိုး မိုးလင်းပေါက် ထိုင်တော်မှုလိမ့်မယ်။ တခွက်ပြီးတခွက်မော့နေလိမ့်မယ်။ သူက မိန်းမတွေကို အမှတ်ပေးနေလိမ့်မယ်။ နာမည်မေး၊ တယ်လီဖုန်းနံပတ်တောင်း။ အုပ်ထုတ်ကို မချွတ်တန်းဆောင်းပြီး ယုံကြည်ချက်ကတော့ အပြည့် ။ မင်းရဲ့ ဂရုစိုက်မှုရအောင်
လေဖေါ်နေလိမ့်မယ်။ သတိထား မင်းနဲ့ ဒီလိုငနဲ မျိုးနဲ့ ကိုက်မယ်တော့မထင်ဘူး။
ကိုညောင်ညောင်( စတုထ္ထ လူ )
စိတ်ညစ်စရာ အကောင်းဆုံးလူစားမျိုးပေါ့ ။ ဗိုလ်သင်တန်းကိုဖြေဖို့  စိတ်ကူးယဉ်နေတယ်။ သူအမြင့်ဆုံးရည်မှန်းချက်က စစ်ဗိုလ်လုပ်ဖို့ ပဲ ။ ကျန်တာခေါင်းထဲမှာ မရှိဘူး။ နိင်ငံတော်ကို သူပဲကာကွယ်နေရသလို။ တိုင်းပြည်ကို သူတယောက်ထဲကာကွယ်နေတဲ့ပုံ။ တပ်မတော် သာလျင် တိုင်းပြည်ကိုတိုးတက်အောင်လုပ်နေတာမျိုး တညောင်ညောင်နဲ့ အော်နေတတ် တယ်။ ဒီလောက် သတင်းမီဒီယာနဲ့ နည်းပညာတွေတိုးတက်နေတဲ့ခေတ်ကြီးမှာ သူတို့ ဟာ တိုင်းပြည် ဘာဖြစ်နေတာလည်းဆိုတာကို တောင် ဆင်ခြင်တုံတရားနဲ့ မစဉ်းစားတတ်ကြဘူး။ တကယ်က သူကိုဂရုစိုက်ဖို့ သူကိုအထင်ကြီးအောင်ပြော တတ်တယ်နော် ။ သတိထား ဒီငနဲ မျိးက ဦနှောက်ထဲ မှာ ဘာမှ မရှိသလို အသဲနှလုံးထဲမှာလည်း အကြင်နာတရားဆိုတာ တစက်မှမရှိ ဘူးကွဲ့ ။ လူကတာစစ်ဗိုလ်၊ အကြောက်ကလည်း ကြီးလိုက်တာလွန်ရော၊ အထက်အရာရှိက မတရားတာလုပ်လည်း ပြန်မပြောရဲ ဘူး။ ဘယ်လို မတရားမှု ကို မှ သူက မပြောရဲဘူး။
သူအရာရှိက မင်းမိန်းမ ကို ပါးရိုက်လိုက်ဆိုရင်လည်း နိင်ငံတော်အတွက် ဆိုပြီး ညဉ်းကို ဆော်မှာ နော် ကောင်မ၊
သူထက်ကြီးတဲ့ အရာရှိကို ကြောက်ရ ဖါးရသလောက် အိမ်ရောက်တော့ ဘုရင်ကြီးလို သူက နေခြင်တာ၊ ညဉ်းကတော့ တသက်လုံး မီးခိုချောင်ဘ၀က ထွက်နိင်မယ်မထင်ဘူး။ သူအရာရှိ ကို သူက ကြောက်ရသလို သူအရာရှိ မိန်းမကို လည်း ညဉ်းက အရိုအသေပေးဖို့ ကြောက်ဖို့ တရားတွေကို သူကိုယ်တိုင်က ညဉ်းကို
သွပ်သွင်းဦးမှာ ။ ညဉ်းတို့ ကို ဘာမှ အကာအကွယ်ပေး -Protect - လုပ်ပေးမှာမဟုတ်ဘူး။ ချစ်သူဘ၀၊
အိမ်ထောင်သူဘ၀မှာ ကိုယ်ရဲ့ ချစ်သူ၊ ခင်ပွန်းတယော်ရဲ့  ကာကွယ်ပေးမှုက အရေးကြီးဆုံး မဟုတ်လား၊
အနွေးထွေးဆုံးမဟုတ်လား။ ဒီလိုလူမျိုးမှာတော့ ဒါမျိုးကိုညဉ်းတို့ မရ ရေးချမရ။
အဆိုးဆုံးကတော့အေ့- ကြောင် ပိန် တကောင်လို့ တညောင်ညောင်နဲ့ အစာတောင်းပြီး ကြွေးပြန်တော့လည်း မစားနိင်တဲ့ သူ့မျိုး။ ကျုပ်ကတော့ ဒီလို အူကြောင်ကြောင် ငနဲ မျိုး -့ ကိုညောင်ညောင်လို့ နာမည်ပေးထားတယ်။ ဒီလိုငနဲ တွေနဲ့  ညဉ်းတို့ နဲ့ ကိုက်မယ်မထင်ဘူး။
-ခိုင်သရဖီ -
Monday, 10 November 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment