Monday 17 November 2008

ကရင့် အမျိုးသားလွတ်မြောက်ရေး တပ်မတော် အောင်ပွဲ သတင်း

KNU အောင်ပွဲသတင်း

နိုဝင်ဘာ ၅ ရက်နေ့က ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၁ (သထုံခရိုင်) မှ ဒီကေဘီအေ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်မျိုးစုံ ၁၉ လက် သိမ်းပိုက်ရမိခဲ့ပြီးနောက် တဖက်ရန်သူတို့၏ ပြိုကွဲမှုသတင်းများကို အောက်ပါအတိုင်း နောက်ဆက်တွဲရရှိခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဒီကေဘီအေ နှုတ်ခမ်းမွှေးလက်အောက်ခံ ရင်း ၉၀၇ မှ စောဝင်းလှိုင်၊ ရောင်ပြာ၊ သာစိန်ထွန်းနှင့် ရန်ပိုင် တို့ (၄)ဦးသည် အေကေ (၃)လက် ၎င်းဘောက် ၄ ချပ် ၎င်းကျည် ၂၀၀၊ အမ်-၁၆ (၁)လက် ၎င်းဘောက် ၁ ချပ် ၎င်းကျည် ၅၀၊ အေကေစက်လတ် (၁)လက်၊ ၎င်းကျည်ခါးပတ် ၁ တွဲ၊ တလုံးထိုးပစ္စတို (၁)လက်၊ ဗွီအိတ်ခ်ျ-၁၅၀ လမ်းလျှောက်စကားပြောစက် (၁)လုံး၊ စုစုပေါင်းလက်နက်မျိုးစုံ (၆)လက်နှင့်အတူ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ ဌာနချုပ်စစ်ကြောင်းသို့ လက်နက်ချကူးပြောင်းခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်နေ့တွင် သန်းရွေမိသားစုကာကွယ်ရေးတပ် ခလရ ၂၀ မှ ဒုတပ်ကြပ်အောင်ကိုဦး၊ ဒုတပ်ကြပ်စိန်ကြာထွန်း၊ ဒုတပ်ကြပ်မောင်ဌေး တို့ (၃)ဦးသည် အမ်-၇၉ (၁)လက် ၎င်းကျည် ၉၊ အမ်အေ-၂ (၃)လက် ၎င်းဘောက် ၁၄ ချပ် ၎င်းကျည် ၅၇၈၊ လက်ပစ်ဗုံး (၂)လုံး၊ ဒီ၆အမ် ဆက်သွယ်ရေးစက်ကြီး (၁)လုံးနှင့်အတူ ကရင့်အမျိုးသား
လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၁၆ ထံ လက်နက်ချကူးပြောင်းခဲ့သည်။

နိုဝင်ဘာ ၈ ရက်တွင် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၃ ရင်း ၈ နှင့် တပ်မဟာ ၂ ဌာနချုပ်စစ်ကြောင်း ပူးတွဲတပ်ဖွဲ့က နအဖ စကခ ၂၁ လက်အောက်ခံ စစ်ကြောင်းတကြောင်းကို ထန်းတပင်မြို့နယ် ဂမူလိုဂွင် ဘလောဒေးတွင် ပြောက်ကျား နည်းဖြင့် တိုက်ခိုက်ခဲ့ ရာ သန်းရွေမိသားစုကာကွယ်ရေးတပ်မှ (၁၂)ယောက်သေ၊ (၁၅)ယောက် ဒဏ်ရာရသွားသည်။


Summary

Rest of your post

1 comment :

democracy said...

KNU victory news

http://www.absdf8888.org/

God bless you all