Tuesday, 11 November 2008

မော်လဒိုက် နိင်ငံ ရဲ့ ကံကြမ္မာ


CNN
မော်လဒိုက်နိင်ငံသမတ မိုဟာမက် အန်နီ နာရှိဒ် က သူနိင်ငံအနေနဲ့ ရေဘေးအန္တရယ်ကြောင့် တနိင်ငံလုံး အရေးပေါ် ပြောင်းရွေ ဖို့ လိုနေပါပြီ လို့ ကြေညာခဲ့ပါတယ်။ မော်လဒိုက်နိင်ငံဟာ တောင် အိန္ဒယ သမုဒယာ အတွင်းက ကျွန်းနိင်ငံဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမြင့်တက်လာတဲ့အတွက်နိင်ငံတခုလုံး ရေမြုပ်မဲ့ ဘေးအန္တရယ်ကို ကျရောက် လာပြီဖြစ် ပါတယ်။ နိင်ငံတခု လုံး တခြားဒေသတခုကိုရွေ့ ပြောင်းဖို့ ဖြစ်လာရပါပြီ။

မော်လဒိုက်ဟာ ကျွန်းပေါင်း ၁၂၀၀ နဲ့ ဖွဲ့ စည်းထားတယ်။ နိင်ငံရဲ့  ရေိယာ အတော်များများ ဟာ ပင်လယ်ရေပြင်အထက် တမီတာခွဲ ခန့် သာ အမြင့်ရှိတယ်။ ၂၀၀၄ ခုနစ် ဆူနာမိ ဒဏ် ကိုလည်း မောလ်ဒိုက်နိင်ငံဟာ ဆိုးဆိုးဝါးဝါး ခံစားလိုက်ရပါသေတယ်။ အဓိကကျတဲ့ကျွန်းကြီး ၆၉ ကျွန်း လောက်ရေလွမ်းမိုးတာကိုခံရပြီး ကျန်တဲ့ကျွန်း ၃၀ ခန့် ကတော့ ရေတ၀က်ခန့် ဖုံးလွမ်းခံခဲ့ရတယ်။ မော်လဒိုက်နိင်ငံကို ရေလွမ်းမိုးခြင်းမှ မခံရအောင် ကျွန်းပတ်ပတ်လည်ကို ရေတံတိုင်းတွေကာရံထားမဲ့ ပရောဂျက်ကိုစဉ်းစားခဲ့ကြပေမဲ့  အကုန်ကျစရိတ်သိပ်ကြီးမားတဲ့အတွက် ရပ်တန့် ထားရတယ်လို့ သိရတယ်။ နိင်ငံတခုလုံးရွေ့ ပြောင်းဖို့ အတွက် မောလ်ဒိုက်နိင်ငံအနေနဲ့  သိရိလင်္ကနဲ့ အိန္ဒယနိင်ငံမှာ မြေ၀ယ်ပြီးနေခွင့်ပြုဖို့ အဆိုပြုထားကြောင်းသိရပါတယ်။ သိရလင်္ကာနဲ့ အိန္ဒယ နိင်ငံကို ဦးစားပေးစဉ်းစားရတာကတော့ ယဉ်ကျေးမှုခြင်း နီးစပ်မှုရှိလို့ ဖြစ်ပါတယ်။

အလားတူပဲ အော်စတြေးလီးသျ နိင်ငံက မြေကိုလည်း ၀ယ်ယူပြီးနေထိုင်ခွင့်ပြုဖို့ ကမ်းလှမ်းထားပါတယ်။ အော်စတြေးလီယ နိင်ငံကတော့ အလွန်ကျယ်ပြောတဲ့ မြေရိုင်းမြေလွတ်တွေ ကျန်ရှိနေပါသေးတယ်။ ရောင်းချဖို့ အတွက် သတြေးလီယ နိင်ငံကလည်း စဉ်းစားနေပါတယ်။ မြေလွတ်မြေရိုင်းတခုကို အမြန်ရောင်းချ ပေးဖို့  နိင်ငံတခုကိုမြေ၀ယ်ပြီး ထူထောင်ခွင့်ပြုဖို့ ကို သမတက နိင်ငံတကာ ခေါင်းဆောင်တွေထံ လိုက်လံ မေတ္တာရပ်ခံနေရပါတယ်လို့ သမတ နဒတ်က ပြောပါတယ်။ သူနိင်ငံသားတွေကလည်း နိင်ငံပြောင်းရွေ့ ဖို့ မဲ ဆန္ဒပေးထားပြီးဖြစ်ပါတယ်။ သမတ အနေနဲ့ ဆိုးရိမ်ပူပန်မှုတွေကတော့ မူးယစ်ဆေးဝါးပြသနာ နဲ့ ချစားမှုတွေလည်းပါဝင်ပါတယ်။ နိင်ငံလူဦးရေ ၃၇၀ ၀၀၀ ခန့် ရှိတယ်။ မူစလင်ဘာသာကိုးကွယ် ကြတယ်။ အများစုက ဆင်းရဲမှု အခြေပြမျဉ်း ( Poverty Line ) ရဲ့ အောက်မှာနေထိုင်ရသူတွေဖြစ်တယ်။ နိင်ငံရဲ့ ဝင်ငွေက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းပေါ်မှာပဲအခြေပြုထားတယ်။ မော်လဒိုက်ဟာ ပူးနွေးတဲ့ဒေသမှရှိပြီး ကမ္ဘာလှည်ခရီးသွားတွေအတွက် မျက်စိကျတဲ့ဒေသတခုဖြစ်တယ်။ နိင်ငံသား ၃ ယောက်မှာ ၁ ယောက်က မူးယစ်ဆေးဝါးကို သုံးစွဲတယ်။ မူးယစ်ဆေးဝါဟာူလူရေးပြသာနာကြီး ဖြစ်လာနေပါတယ်။ နပါတယ်။ မော်လဒိုက်နိင်ငံကို မူမွန် အဘဒူလာ ဂေယွန် (Maumoon Abdul Gayoom ) အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ပြီး သူရဲ့ အကျင့်ပျက်လပ်စားမှုများကြောင့် နိင်ငံဟာ ပြသာနာပေါင်းများစွာကိုရင်ဆိုင်ခဲ့ရခြင်းဖြစ်တယ်။ ၂၀၀၅ ခုနစ်ကျမှ မော်လဒိုက်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်နိင်ခဲ့တယ်။ သမတ နာရှိဒ် ကို ဒီမိုကရေစီနည်းကျပြည်သူတွေရွေး ကောက် တင်မြောက်ခဲ့နိင်ခြင်းဖြစ်ပါတယ်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲဖို့ အခွင့်အလန်းရခဲ့ပေမဲ့အလွန်နောက်ကျသွားတဲ့မော်လဒိုက်ဟာ သဘ၀ဘေးအန္တရယ်ကြောင့် နိင်ငံတခုလုံး စွန့် ခွာ ထားရစ်ရတော့မဲ့အခြေအနေကို ဆိုက်ရောက်နေပြီ ဖြစ်ပါတယ်။ ( ဓါတ်ပုံ- သုမုဒရာ အတွင်းက မော်လဒိုက်နိင်ငံ )


No comments :