Thursday 13 November 2008

သဘ၀ဓါတ်ငွေ့ ကို ပြည်တွင်းမှာသုံးစွဲ မှုကြောင့် ပြည်ပရေနံ တင်သွင်းမှု သက်သာ လာ ခြင်း


မြန်မာ စစ်အစိုးရ က သဘ၀ဓါတ်ငွေ့ကို ပြည်တွင်း မှာဖြန့် ဖြူးသုံးစွဲတဲ့အတွက် အမေရိကန် ဒေါ်လာ ၈ သန်း ဖိုး ခန့်  သက်သွားတယ်လို့  ဆင်ဟွာ သတင်းမှာဖေါ်ပြထားတယ်။ ဒီပမာဏ ကနိင်ငံခြားကနေ၀ယ်မယ်ဆိုရင် ဒီဇယ် ဂါလံသန်းပေါင်း ၂ဒသမ ၂၆ နဲ့  ဓါတ်ဆီ ဂါလံ ၉၉၉, ၆၂၀ နဲ့  ညီမျှတယ်လို့ ဆိုပါတယ်။ စစ် အစိုးရထုတ်ပြန်တဲ့ စာရင်းအရ ကားပေါင်း ၂၂ , ၈၂၁ စင်းဟာ စီအန်ဂျီ သဘ၀ဓါတ်ငွေ့ သုံးကားတွေအ ဖြစ် ပြုပြင်ပြောင်းလဲခဲ့တယ်လို့ ဆိုတယ်။ စီအန်ဂျီအဖြစ်ပြောင်းလဲသုံးစွဲ ခဲ့တဲ့အတွက် ကားတွေဟာ နည်းပညာချို့ တဲ့မှုကြောင့် အန္တရယ် ရှိနေပါတယ်။ လွန်ခဲ့တဲ့လများက ခရီးသည်တင်ကားတွေမှာ ပေါက်ကွဲမှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေသေဆုံးမှုတွေရှိခဲ့တယ်။

၂၀၀၇ နဲ့  ၂၀၀၈ ခုနစ် စရင်း အရ မြန်မာ ပြည်ကို တင်ပို့ ခဲ့တဲ့ ရေနံ ဟာ ဒေါ်လာ ၃၇၄ ဒသမ ၀၆ သန်းရှိခဲ့တယ်လို့ ဆိုတယ်။ ၂၀၀၇ -၀၈ ခုနစ် ရေနံစိမ်းထုတ် လုပ်မှု က စည်သန်းပေါင်း ၇. ၆၂ ရှိတယ်။ သဘ၀ဓါတ်ငွေ့ က ၁၃. ၃၉၃ ဘီလီယံ ကုဗ မီ တာ ရှိခဲ့တယ်။ သဘ၀ဓါတ်ငွေက ရရှိခဲ့တဲ့ ဝင်ငွေဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၂.၅၉၄ ရှိခဲ့တယ်။ ဒီပမာက နိင်ငံခြားပို့ ကုန် ၄၂. ၉ ရာခိုင်နှုန်း ဖြစ်တယ်။ ဓါတ်ဆီကို နိင်ငံခြားကနေ ၀ယ်ယူခဲ့ရတာကတော့ တင်သွင်းကုန်ရဲ့  ၁၃. ၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။

သဘ၀ဓါတ်ငွေ ကို မြန်မာပြည်က ထုတ်လုပ်လာနိင်ပေမဲ့  ကမ္ဘာမှာ လောင်စာဈေးနှုန်းက ထက်ဝက်နီးပါး ကျဆင်းလာတဲ့အတွက် မြန်မာ ပြည်က ထုတ်လုပ်လာတဲ့ သဘ၀ဓါတ်ငွေ ဈေးကိုလည်း သက်ရောက်မှု ရှိလာနိင်ပါတယ်။ နိင်ငံခြားကနေ ၀င်ငွေ ၃ ဘီလီယံဒေါ်လာနီးပါးရှိခဲ့ပေမဲ့ စစ်အစိုးရက ဒီဝင်ငွေတွေကို တိုင်ပြည်ဖွင့်ဖြိုးရေးအတွက် ထိထိရောက်သုံးစွဲမှုမရှိပဲ၊ ကိုယ်ကျိုးရှာမှု၊ ချစားမှုများကြောင့် မြန်မာ ပြည်ဟာ ဆက်လက် ဆင်းရဲ မွဲတေနေဆဲပဲဖြစ်ပါတယ်။

No comments :