Friday 7 November 2008

သန်းရွှေနှင့်သူ၏ PSO



သန်းရွှေ အိပ်ယာမှ ထလာ ၊ ခါးကိုကိုင်ကာ ကိုင်းကိုင်း ကိုင်းကိုင်းနှင့် PSO ကိုမေး - “ဟေ့ကောင် ဒီနေ့ ဘာသတင်းထူးလဲကွ”
PSO - “ တပ်ချုပ်ကြီး အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ အို ဗမာ နိုင်ပြီး သမ္မတဖြစ်သွားပါပြီ”
သန်းရွှေ - “ ဟုတ်လား အိုဗမာ ဆိုပါလားကွ - ဒီကောင်ရှစ်လေးလုံးတုန်းက
တောခိုသွားတဲ့ကောင်ထဲပါသလား ”
PSO - "မပါပါဘူး ခင်ဗျ ဒီလိုပါ..”
သန်းရွှေ “ စကားမရှည်နဲ့ ဒီကောင်ငါတို့နဲ့ပတ်သက်ပြီး အင်တာနက်မှာဟိုရေးဒီရေးလုပ်ဖူးသလား”
PSO-“ ဒီလိုပါ ခင်ဗျ ----”
သန်းရွှေ-“ ဟေ့ကောင် ဒီလိုပါ တွေ ဟိုလိုပါတွေလုပ်မနေနဲ့ အဲဒီကောင် က မျက်နှာဖြူလားကွ ”
PSO-“မဟုတ်ပါဘူး တပ်ချုပ်ကြီး လူပုံကတော့ ခပ်ညိုညိုပါပဲ ”
သန်းရွှေ - “ ဟား ခုလို အညာသား တယောက်
အမေရိကန် မှာ သမ္မတဖြစ်လာတာ ဂုဏ်ယူရမယ် မင်းနားလည်လား၊
ကြည့်စမ်းပါဦး နာမည်ကတောင် အိုဗမာတဲ့ တွေ့ လား ”

ထိုသို့ဖြင့် စနေနေ့ တွင် မြန်မာ့အလင်းမှသန်းရွှေ၏ သဘောတော်အရ သန်းရွှေမှ အိုဘားမားကို လည်းကောင်း မောင်အေးမှ ဂျိုးဘိုက်ဒန်ကိုလည်းကောင်း ၀မ်းမြောက်ပြလိုက်ပါတော့၏။



တာတီဘိုး

2 comments :

Anonymous said...

:D :D :D

Anonymous said...

ရေးတဲ့ လူကတော့ သရော်စာ ဆိုပြီး ရေးလိုက်တာပဲ ။
ဗိုလ်သန်းရွှေ ဖတ်မိရင် ငါဘာမှားလို့ လဲ ပြန်မေးဦး မှာ..။
ဗမာ ဆိုလို့  ဂုဏ်ယူရမယ် ပြောတာ ရီစရာလားလို့ ..။
နောက်ဆုံးမြေးထွေးကလည်း အသား ခပ်ညိုညို ဆိုတော့ 
စင်္ကြဝဠေးမင်း ရာထူးမှန်းနိုင်သွားပြီ လေ..။

မင်းဒင်