Monday, 1 December 2008
အခွန်လွတ် ကုန်ပစ္စည်းတင်သွင်းမှု အခွင့်အရေး
-ကို-
အဖွဲ့ဝင်နိုင်ငံအသစ်များ နှင့် အဟောင်းများကြားကွာခြားမှု နည်းနိုင်အောင် ဆောင်ရွက်နေတဲ့ အာဆီယမ်သဘောတူညီချက် AISP အစီအစဉ်နှင့် အညီဖြစ်စေရေး အတွက် ကမ္ဘောဒီးယား နဲ့ မြန်မာနိုင်ငံတို့မှ အခွန်လွတ် ကုန်ပစ္စည်းတင်သွင်းမှု အခွင့်အရေးကို သမ္မတ ဂလော်ရီယာ အေ အော်ရိုရာ (Gloria M. Arroyo) ကခွင့်ပြုခဲ့ပါတယ်
အဲဒီ ခွင့်ပြုမိန့်ဟာ အထူးညွှန်ကြားချက် အမှတ် ၇၈၆ မှာပါရှိပြီး အဲဒါကို သမ္မတ က ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ ကဆိုင်းထိုး ခဲ့တာပါ။
အဲဒီခွင့်ပြုမိန့်မှာပါရှိတဲ့ မြန်မာနိုင်ငံက အခွန်လွတ်တင်သွင်းခွင့် ရှိတဲ့ ကုန် ပစ္စည်းတွေ ကတော့ ခြင်းလုံး စတဲ့ကြိမ်နဲ့ ပြူလုပ်သော ပစ္စည်းများ၊ရွှေရည်ငွေရည်စိမ် ပစ္စည်းများ။သပွတ်သီးခြောက်(သို့) အသီးအနှံအသီး အရွက်ကုန်ကြမ်းတွေနည့်ပြုလုပ်ထားတဲ့ အရာတွေ ပါဝင်ပါတယ်။
ကမ္ဘောဒီးယားက တင်သွင်းခွင့်ရှိတာတွေကတော့ အ၀တ်အစားတွေပါပဲ။ အထူးသဖြင့် အမျိုးသမီးလူကြီးလူငယ်ဝတ် အကျီင်္၊စကပ် ၊ဘောင်းဘီ တွေကုတ်အကျီင်္တွေအတိုအရှည် အားလုံးပါဝင်ပါတယ်။ပြီးတော့ ယောက်ျားဝတ် ရှပ်အကျီင်္ဘောင်းဘီ စသည်တို့အပြင် ဇာထိုးပန်းထိုး ၊သိုးမွေးထည်၊ချည်ထည်၊ပိုးထည် စသည်တို့ပါဝင်ပါသည်။
အမျိုးသား စီးပွားရေးနည့် ဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့က ဒီကုန် ပစ္စည်း တွေအားလုံး အတွက် အခွန်ကို ကင်းလွတ်ခွင့် ပေးလိုက်ပါကြောင်းကို ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့ထဲ ခွင့်ပြုခဲ့တာပါလို့ ညွန်ကြားစာမှာပါရှိခဲ့ပါတယ်။
ဒီကမ်းလှမ်းချက်တွေကို အာဆီယမ်အဖွဲ့ဝင်နိုင်ငံဟောင်းတွေက ပြုလုပ်ခဲ့တာပါ။ အဖွဲ့ဝင်နိုင်ငံဟောင်းတွေက ပေးကမ်းမှု (ထောက်ပံ့မှု)ကို ဦးစားပေးတဲ့နိုင်ငံတွေအဖြစ် ဖိလစ်ပိုင်၊ထိုင်း၊ဘရုနိုင်း၊အင်ဒိုနီးယား၊စကာင်္ပူ၊မလေးရှား စသည့်နိုင်ငံတို့ဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံ သစ်တွေကတော့ လက်ခံရရှိမှုကိုဦးစားပေးတဲ့ အထောက်ပံ့ခံနိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား၊လာအို ၊ဗီယက်နမ်နဲ့ မြန်မာ တို့ဖြစ်ကျပါတယ်။
အဲဒါကတော့ ဒီနိုင်ငံတွေထဲမှာ အခွင့်အရေးကွာခြားမှုမရှိဘူးဆိုတာရယ် ၊အာဆီယမ်အဖွဲ့ဝင်နိုင်ငံသစ်တွေဟာလဲ အခွင့်အရေးကို အတူတူ ပဲရရှိတယ်ဆိုတာကို ပြတာပါ။
အာဆီယမ်ခေါင်းဆောင်တွေဟာ ၂၀၀၀ ခုနှစ်စကာင်္ပူမှာ ကျင်းပတဲ့ လေးကြိမ်မြောက်အာဆီယမ်နိုင်ငံများ အစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံသစ်များဖွံ့ဖြိုးတိုးတက်မှကို မြှင့်တင်ရန်အတွက် ဖွဲ့စည်းပုံကိုရေးဆွဲခဲ့ပါတယ်။အာဆီယမ် နိုင်ငံတွေ အားလုံးကကလဲ ဒီ AISP ကို ၂၀၀၁ မှာသဘော တူလက်မှတ်ထိုးခဲ့ပါတယ်။
ဒီ AISP အရဆိုရင် အဖွဲ့ဝင်နိုင်ငံဟောင်းတွေက အခွန်လွတ်ခွင့်ကို ၂၀၁၀ အထိရရှိမည်ဖြစ်ပြီး အဖွဲ့ဝင်နိင်ငံသစ်လေးနိုင်ငံကတော့ ၂၀၁၈ အထိကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါတယ်။
Ref: Philippines grants duty-free treatment to more Cambodia, Myanmar goods by Romero ( A. D. B.)
Rest of your post
at 07:45
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment