Friday, 5 December 2008

ရန်ကုန်မြို့ အလုပ်အကိုင် ရှာဖွေမှု

အမေရိကန်မှာတော့ နိုင်ဝင်ဘာလ တလထဲမှာတင် အလုပ်အကိုင် ၅၃၃,၀၀၀ ဆုံးရှုံး
စီးပွားရေးကပ်ဆိုးကျရောက်ကတည်းက အလုပ်အကိုင် ၁.၉ မီလီယံ ဆုံးရှုံး



-အောင်ပိုင်-

ရန်ကုန်မြို့ က လာ တဲ့ သတင်းအရ ယခုအခါ အလုပ်အကိုင်ရှာဖွေသူဦးရေ တိုးများ လာနေကြောင်း နှင့် ကား နှင့် ကားပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းဟာ နှေးကွေးနေကြောင်း မော်တော်ကားပစ္စည်း ရောင်းဝယ် ဖောက်ကားနေသူ မြို့နေခံ တဦးက သတင်း ပေးပို့ ထားပါတယ်။ မဇ္ဈိမ သတင်းဌာနအရ ယခင် အလုပ် လျှောက်သူ ၁၀၀ အနက် ၅၀ ကျော်ကို အလုပ်အကိုင် ရှာဖွေပေးနိုင်သော်လည်း၊ ယခုအခါ အလုပ်လျှောက်သူ ၇၀၀၀ အနက် ၂၅ ရာခိုင်နှုန်းသာ အလုပ်အကိုင် ရှာဖွေပေးနိုင်တော့ တယ်လို့ ရန်ကုန်မြို့  ရှိ နာမည်ကြီး အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီ တခု က မဇ္ဈိမ သတင်းဌာနသို့ သတင်းပေးပို့ ထားတာကို ဖတ်ရှု ရပါတယ်။ လက်ရှိ ရင်ဆိုင်နေရ သော ကမ္ဘာ့ စီးပွားရေးကပ်ဆိုးကြောင့် မြန်မာနိုင်ငံရှိ ပြည်ပ နှင့် စီးပွားရေး ဖက်စပ် လုပ်ကိုင်နေကြသော ပြည်တွင်းကုမ္ပဏီတချို့ က လည်း အလုပ်အကိုင် များ လျှော့ချ လျှက်ရှိနေပြီး၊ မြန်မာနိုင်ငံ သို့ နိုင်ငံခြားသား လာရောက် လည်ပတ်မှု ဟာ ကျဆင်းသွားတာ ကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှာ လည်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံ တွေ့ နေရ ကြောင်း၊ ရန်ကုန်မြို့ ဟိုတယ်ပိုင်ရှင်တဦးက အီးမေးဖြင့် သတင်းပေးပို့ ထားပါတယ်။ ထို့အပြင် နယ်ဒေသများမှ ကုန်ပစ္စည်းမှာယူမှု လျော့နဲလာသည့်အတွက် မကြာသေးခင် လပိုင်းအတွင်း ကုန်တင်ကားပြေးဆွဲမှု အရေအတွက်ကို ရန်ကုန်မြို့တွင် လျှော့ချနေရသည်။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ အနေဖြင့် ၀င်ငွေကျဆင်းကာ ထိခိုက်နစ်နာမှု ရှိနေကြကြောင်းသိရ ပါတယ်။

ကမ္ဘာ့ စီးပွားရေးကပ်ဆိုးကြောင့် ထိုင်း၊ ဖိလစ်ပိုင် အပါအ၀င် တခြားနိုင်ငံ နေရာ တော်တော်များများမှာ စီးပွားရေး၊ငွေရေး အခက်အခဲ နှင့် ရင်ဆိုင်နေရ သော ပြည်သူ များအတွက် အစိုးရ က မော်တော်ယာဉ် များကို လ အကန့်အသက်ထားကာ အခမဲ့ သယ်ယူ ပို့ ဆောင်မှု ပြုလုပ်ပေးနေတာ တွေ့ရတယ်။ ဒီအစီအစဉ်ဟာ အလုပ်အကိုင်ရှာဖွေသူများနဲ့ ၊ ဆင်းရဲသား ပြည်သူတွေ အတွက် တော့ အသက်ရှုချောင် ဂယ်ပေါက် ရသွားတယ်။ နိုင်ငံတကာမှာတော့ ဆင်းရဲသားပြည်သူတွေ အတွက် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေး နေသော်လည်း၊ မြန်မာစစ်အုပ်စုကတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ကို ဘာမှ ဖြေရှင်းပေး နေတာတော့ မတွေ့ ရသေးပါဘူး။




Rest of your post

No comments :