Thursday, 18 December 2008

“ဆင်ကြီး ဂဋ္ဌုန်ချီလို့သာ” ပြောချင်ပါတော့တယ်














သဘာဝဘေးအန္တရာယ်ကပ်ဆိုးကြီးကျရောက်ခဲ့သော ထိုင်း နှင့်မြန်မာ
ဘယ်ပုံမှာ- နားဂစ်မုန်တိုင်းပြီးနောက် န၀တ စစ်အုပ်စု တည်ဆောက်ခဲ့သော ဒုက္ခသည် ယာယီတဲများ
ညပုံမှာ- စူနာမီ မုန်တိုင်းအပြီး ထိုင်နိုင်ငံ ဖူကတ်မြို့ သစ်ကို တွေ့ရစဉ်


-မြတ်စိုး-

ဥရောပကော်မရှင်က ဘေးဒုက္ခမျိုးစုံရောက်နေတဲ့ မြန်မာပြည်သူတွေကို လူမှုရေးအရ ထောက်ပံ့ကူညီဖို့ ယူယို ငွေ ၄၀.၅ သန်း (အမေရိကန်ဒေါ်လာ ၅၈.ရ သန်း) ကူညီထောက်ပံ့ ပေးသွားမယ်လို့ ကြာသာပတေးနေ့က ကြေညာသွားပါသည်။ အဲဒီထဲက ယူယိုငွေ ၂၂ သန်း ကို နားဂစ်မုန်တိုင်း တိုက်ခိုက်ခံခဲ့ရသော ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသများရှိ ဒုက္ခသည်များ ကို အဓိက ထားပြီး ကူညီမှုတွေပြုလုပ်သွားမယ်လို့ ပြောဆိုသွား ပါသည်။ လူမှုရေးအရ ထောက်ပံ့ကူညီမည့် ယူယိုငွေ ၄၀.၅ သန်း မှာ ယခင် နားဂစ် ဒုက္ခသည် များအတွက် အရေးပေါ် ကူညီခဲ့သော ယူယိုငွေ ၁ရ သန်း ကိုထည့်သွင်း ဖော်ပြ ထားပါသည်။ နားဂစ် မုန်တိုင်း ကြောင့် မြန်မာပြည်မှာ လူပေါင်း ၁၃၈,၀၀၀ သေဆုံးခဲ့ ကြရ တယ်။ လူပေါင်း ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြတယ်။

မြန်မာပြည် ရှိတချို့ လူဦးရေထူထပ်သောဒေသများရှိ ဆင်းရဲသားပြည်သူများနှင့် ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည် များအတွက် ယူရိုငွေ ၁၈.၅ သန်း ကို ကူညီသွားမယ်လို့ လည်း ထုတ်ပြန် ကြေညာချက်ထဲမှာပါရှိပါသည်။ ဒီအကူအညီတွေကြောင့် လူ ပေါင်း ၂ သန်း လောက်ကို အကူအညီ အထောက်အပံ့တွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဥရောပကော်မရှင် က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒီအကူအညီတွေကို အီးယူ လူသားချင်း စာနာထောက်ထားမှုပေးရေး အီးစီအိပ်ခ်ျအိုရုံးက ပေးအပ် မှာဖြစ်ပြီး အစိုးရလက်အောက်ခံ မဟုတ် တဲ့ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အေဂျင်စီ တွေ နဲ့ ကြက်ခြေနီအဖွဲ့တွေကတဆင့်ပေးအပ်သွားမှာဖြစ်ပါတယ်။

အမေရိကန်အစိုးရကလည်း ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် က နားဂစ် ဒုက္ခသည် များအတွက် လူမှုရေး အရ အမေရိကန် ဒေါ်လာ ၉၆ သန်း ကူညီထောက်ပံ့ခဲ့ပြီး၊ ပြီးခဲ့တဲ့ အပတ်ကဘဲ အမေရိကန်ဒေါ်လာ ၅ သန်း ကို ထပ်မံထည့်ဝင်ကူညီခဲ့ပါသည်။ ဒီထောက်ပံ့ ကူညီမှုတွေကို World Food Program and Save the Children ကဲ့သို့သော အစိုးရမဟုတ်သာ လူမှုရေး အဖွဲ့အစည်းများကနေ ကူညီသွားမယ်လို့ အမေရိကန် သမ္မတ ကတော် လော်ရာဘုရှ် က ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့ က ကြေညာသွားပါသည်။


နားဂစ်မုန်တိုင်း တိုက်ခိုက်ခံခဲ့ရသော မြစ်ဝကျွန်ပေါ်ဒေသ

မြန်မာန၀တ စစ်အုပ်စုကတော့ သတင်းစာတွေထဲမှာ မြန်မာနိုင်ငံက အခြေအနေတွေဟာ တည်တည်ငြိမ်ငြိမ် ပါပဲလို့ ရေးသား နေသလို ဒီကနေ့လည်း ဆက်လက်ဖော်ပြရာမှာ ပြီးခဲ့တဲ့ မေလထဲတုန်းက နာဂစ်ဆိုင်ကလုန်း ဘေးဒဏ် ခံခဲ့ရတာကို တောင် ပြည်တွင်းအားနဲ့ စုပေါင်းဖြေရှင်းလို့ ပြေလည်သွားရပါတယ်ဆိုပြီး ဖော်ပြရေးသား ခဲ့ကြတယ်။ လေမုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသက လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံတွေပြောကြတာကတော့ ဒီလိုမဟုတ်ပါဘူး။ မြန်မာပြည်ရှိ ကမ္ဘာကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ ကလည်း ယခုချိန်ထိ နာလံမထူ နိုင်သေးသော ကျေးရွာ ပေါင်းများစွာ ဧရာဝတီ မြစ်ဝကျွန်း ပေါ် ဒေသ များ အတွင်း တွေ့ရှိ နေရ ဆဲပါဘဲ လို့ သတင်းဌာနတွေနဲ့ မေးမြန်းခန်းတွေမှာ ပြောဆိုနေကြပါသည်။

စူနာမီ သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ ဖူးကတ် ကမ်းခြေ ကို ဒီကနေ့ တွေ့မြင်ရစဉ်

ပြည်တွင်းအားနဲ့ တကယ်ဘဲ စုပေါင်းဖြေရှင်းလို့ ပြေလည်သွားပါပြီလား ? ဘယ်ပေတံနဲ့ တိုင်းသလဲတော့ မသိပါဘူး။ စူနာမီ သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ ဖူးကတ်မြို့ နဲ့လည်း နှိုင်းယှဉ်ကြည့်ကြပါအုံး။ ထိုင်း အစိုးရဟာ စူနာမီ သဘာဝဘေး အန္တရာယ် ဒဏ် ကျရောက် ပြီးနောက် ဖူးကတ်မြို့ကို ဘယ်လိုပြန်လည်ထူထောင် တည်ဆောက်ခဲ့ကြသလဲဆိုတာ န၀တ စစ်အုပ်စု ခေါင်းဆောင်တွေ အနေနဲ့ လေ့လာပြီးမှ ပြောပါ။ န၀တ စစ်အုပ်စုဟာ “သူထောင်းစား က တောင်းစားပြီး၊ ပုဆိုးလှန်ပြ”တဲ့ လုပ်ရပ်မျိုးပြုလုပ်နေကြတယ်။ န၀တ စစ်အုပ်စုရှိ နေသ၍ တိုင်းပြည်ကတော့ ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်ဘူး။ ပြည်တွင်းအားနဲ့ တကယ်ဘဲ စုပေါင်းဖြေရှင်းလို့ ပြေလည် သွားပါပြီဆိုတဲ့ န၀တ စစ်အုပ်စု ခေါင်းဆောင်တွေ ကိုပြောပြချင်တာကတော့ “ဆင်ကြီး ဂဋ္ဌုန်ချီလို့သာ”ပြောချင်ပါတော့တယ်........။

Rest of your post

1 comment :

KeithWin said...

Everyone should watch the movie "Valkyrie" starring Tom Cruise. This movie is about a Nazi German officer who attempted to assassinate Adolf Hitler. There is a good chance that movie will inspire Burmese officers to plot an assassination against General Than Shwe.